• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, March 15, 2011

ဂျပန်ငလျင်မျိုး မြန်မာနိုင်ငံမှာလှုပ်ဖို့ အခြေအနေသိပ်မရှိ

Source Photo from http://www.bbcburmese.com/images

ဂျပန် ငလျင်မျိုး မြန်မာနိုင်ငံမှာ လှုပ်ဖွယ်မရှိကြောင်း

ဘူမိပညာရှင်ပြောကြား

2011-03-15

ဂျပန်နိုင်ငံမှာ လှုပ်သွားတဲ့ ငလျင်ကြောင့် နောက်ဆက်တွဲ အပျက်အစီးနဲ့ အသေအပျောက် စာရင်းတွေဟာ တနေ့ထက် တနေ့ များများလာတာ တွေ့ရပြီး မတ်လ ၁၅ ရက် ဒီနေ့ဆိုရင် သေဆုံးသူပေါင်း ၃,၄၀၀ ကျော်သွားပြီလို့ တရားဝင်စာရင်းတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ကျွမ်းကျင်သူ ပညာရှင်တွေကို မေးကြည့်တဲ့အခါ ဂျပန်မှာ လှုပ်သွားတဲ့ ငလျင်မျိုး မြန်မာနိုင်ငံမှာ လှုပ်ဖို့ အခြေအနေ သိပ်မရှိဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံက ငလျင်တွေဟာ ကုန်းတွင်းပိုင်း ပြတ်ရွေ့ကြောတွေနဲ့ ဆက်စပ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့က ဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဦးဝင်းဆွေကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.