• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, March 15, 2011

မြောက် 'နျူ'အရေး တောင်ကိုရီးယားနှင့်တရုတ်နိုင်ငံတို့ ရတက်မအေးဖြစ်

Source Photo from http://www.google.com/images

မြောက်ကိုရီးယား၏ ယူရေနီယံ သန့်စင်ရေးစီမံကိန်း

တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့


ရတက်မအေးဖြစ်ရ


သစ်လွင် ဘာသာပြန်သည်။

မကြာမီကထုတ်ပြန်ခဲ့သော မြောက်ကိုရီးယား နိုင်ငံ၏ ယူရေနီယံ သန့်စင်ရေးစီမံကိန်းအပေါ် တောင် ကိုရီးယားနှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးများ စိုးရိမ်လျက်ရှိကြောင်း တောင်ကိုရီးယားအရာရှိတစ်ဦးကပြောသည်။ အဆိုပါယူရေနီယံ သန့်စင်ရေးစီမံကိန်း ကြောင့်မြောက်ကိုရီးယားနိုင်ငံသည် အဏုမြူဗုံး ထုတ်လုပ်ရေး နောက်ထပ် နည်းလမ်းသစ် တစ်မျိုးကို ရရှိသွားနိုင်သည်။

မြောက်ကိုရီးယား ယူရေနီယံစီမံကိန်းကိစ္စကိုကိုင်တွယ်ဖြေရှင်းရေး အတွက် ညှိနှိုင်းရန် နိုင်ငံခြားရေး ၀န်ကြီးများ သဘောတူညီထား ကြောင်း အမည်မဖော်လိုသူ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။

မြောက်ကိုရီးယား၏ အဏုမြူကဏ္ဍ ကို ထိန်းချုပ်ရေးကိစ္စမှာ အမေရိကန် သိပ္ပံပညာရှင်တစ်ဦးအား ယူရေနီယံ သန့်စင်ရေးစက်ရုံတစ် ရုံကို ကြည့်ရှုခွင့် ပေးခဲ့သည့် နိုဝင်ဘာလမှစ၍ တစ်ကျော့ပြန် အသက်ဝင်လာခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် နိုင်ငံတကာ
လက်နက်ဖျက်သိမ်းရေးသဘော တူညီချက်နှင့် ကုလသမဂ္ဂဆုံးဖြတ်ချက်များကိုချိုးဖောက်ကြောင်း တောင်ကိုရီးယားက စွပ်စွဲထား သည်။

လက်ရှိတွင် မြောက်ကိုရီးယားသည် အဏုမြူဗုံးဒါဇင်ဝက်ထက်မနည်း ပြုလုပ်နိုင်သောလက်နက်ထုတ်လုပ်သည့်အဆင့် ပလူတိုနီယံ များ ပိုင်ဆိုင်ထား သည်ဟု ယူဆကြသည်။

Source Photo from http://www.google.com/images

မြောက်ကိုရီးယား အဏုမြူလက်နက်ဖျက်သိမ်းရေးခြောက်နိုင်ငံ ဆွေးနွေးပွဲ အိမ်ရှင်ဖြစ်သည့် တရုတ်က မြောက်ကိုရီးယား၏ဆောင် ရွက်မှုကို တရားဝင် ကန့်ကွက်သည်။သို့သော်မြောက်ကိုရီးယား၏ တစ်ဦးတည်းသော အဓိကမဟာမိတ် တရုတ်က မြောက်ကိုရီးယား ယူရေနီယံသန့်စင်ရေးကိစ္စအပေါ် ကုလကဝေဖန်သည်အထိ အဖြစ်ခံဖို့မူ မသေချာပေ။

မြောက်ကိုရီးယား ယူရေနီယံ စီမံကိန်း သည် ကုလသမဂ္ဂဆုံးဖြတ်ချက်များ ချိုး ဖောက်ကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အစီရင်ခံစာထုတ်ပြန်ရေး ကိစ္စကို တရုတ်က ပိတ်ပင်လျက်ရှိသည်ဟု တောင်ကိုရီးယား မီဒီယာများက သတင်းပေးသည်။

တရုတ်နှင့်တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများက ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရေးကြိုးပမ်းရန်မူအားဖြင့် သဘော တူညီထားသည်။ ခြောက်နိုင်ငံဆွေးနွေးပွဲသည် စီးပွားရေးအကူအညီများ ကမ်းလှမ်းကာ မြောက်ကိုရီးယားအဏုမြူ လက်နက်ဖျက် သိမ်းရေးကို ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ဆွေးနွေးမှုကို အမြန်ဆုံး ပြန်လည် ကျင်းပနိုင်ရန် မျှော်မှန်းနေ
သည်ဟု ထိုအရာရှိကပြောသည်။

ကိုရီးယားနှစ်နိုင်ငံအကြား ရန်ငြိုး ရန်စများ လျော့ပါးရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ရန်ကျိချီသည် ဗုဒ္ဓဟူးနေ့က တောင်ကို ရီးယားနိုင်ငံသို့နှစ်ရက်ကြာ အလည်အပတ်သွားခဲ့သည်။ တောင်ကိုရီးယား သမ္မတလီမြောင်ဘက်နှင့်တွေ့ဆုံရာတွင် ၎င်းကပေကျင်း အနေဖြင့်ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်ရေးမျှော်လင့်ကြောင်း၊၊ မြောက်ကိုရီးယား အဏုမြူစီမံကိန်းကို ကန့်ကွက် ကြောင်း ပြောဆိုသည်ဟု သမ္မတရုံး ထုတ်ပြန် ချက်တွင် ဖော်ပြသည်။

တရုတ်အနေဖြင့် မြောက်ကိုရီးယားအဏုမြူစီမံကိန်းအဆုံးသတ်စေရေးအားထုတ်ကြိုးပမ်းမှုများတွင် ထိရောက်စွာ ပါဝင်ဆောင်ရွက် ရန် မစ္စတာ လီမြောင်ဘက်က မေတ္တာရပ်ခံသည်။

Source Photo from http://www.google.com/images

ယမန်နှစ်ကဖြစ်ပွားခဲ့သော လူသေဆုံးခဲ့ရသည့် ဖြစ်ရပ်နှစ်ခုကြောင့် မြောက် နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံ ရေးမှာ ဆယ်စု နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ ယမန်နှစ် မတ်လအတွင်းက တောင်ကိုရီးယား ရေတပ်သင်္ဘော တစ်စင်းနှစ်မြှုပ်ခံခဲ့ရပြီး နိုဝင်ဘာလက တောင်-မြောက်ကိုရီးယား နယ်စပ်ရှိ ယုံပြောင်ကျွန်းကို မြောက်ကိုရီးယားက လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သည်။

သစ်လွင်

Source Article from http://www.mmtimes.com