• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 10, 2011

ရေသောက်ပြီး သေးမပေါက်တတ်သူများ


မဟာဗန္ဓုလ တံတားအဆင်း ဒေါပုံသင်္ဘောကျင်း အနီး၌ ယာဉ် ၄ စီး တိုက်မှု မတ်လ ၇ ရက်နေ့၊ ည ၈ နာရီ ၀န်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့ထဲမှ ဒေါပုံသို့ မောင်းနှင်လာသည့် ပါရမီလိုင်းကား တစ်စီးသည် မဟာဗန္ဓုလတံတား အဆင်းတွင် အရှိန်လွန်ကာ တစ်ဖက်လမ်းကြောသို့ ရောက်ရှိသွားပြီး တစ်ဖက်လမ်းကြောရှိ တက္ကစီတစ်စီးနှင့် ပုံမှန်လမ်းကြောရှိ လိုင်းကားတစ်စီးနှင့် တက္ကစီတစ်စီးကို ၀င်ရောက် တိုက်မိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ဖြစ်ပွားမှုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးက''မြို့ထဲကနေ ဒေါ်ပုံကိုလာတဲ့ ပါရမီလိုင်းကားတစ်စီး မဟာဗန္ဓုလတံတားပေါ်ကနေ အရှိန်နဲ့ ပြေးဆင်းလာပြီး လမ်းလယ်မှာရှိတဲ့ လမ်းလယ်သံတိုင်တွေကိုလည်း ပထမဆုံး ၀င်တိုက်တယ်။ပြီးတော့ တစ်ဖက်ယာဉ်ကြောထဲကို ၀င်သွားပြီး Wagon တက္ကစီတစ်စီးကို ၀င်တိုက်တယ်။တိုက်ခံရတဲ့ Wagon က တစ်ပါတ်လည်သွားတယ်။ အရှိန်လွန်ပြီး မောင်းလာတဲ့ လိုင်းကားက Wagon ကို တိုက်မိပြီး ပုံမှန်ယာဉ်ကြောကို ပြန်ရောက်သွားတယ်။ပုံမှန်ယာဉ်ကြောဖြစ်တဲ့ ရန်ကုန်-ဒေါ်ပုံလမ်းမှာ ရှိတဲ့ လိုင်းကားတစ်စီးရယ်၊ တက္ကစီတစ်စီးရယ်ကို ထပ်တိုက်မိတယ်။ ဖြစ်ဖြစ်ချင်း လူအသေအပျောက် မရှိပေမယ့် Wagon တက္ကစီပေါ်က ယာဉ်မောင်းကတော့ ဒဏ်ရာပြင်းပြင်း ရသွားပါတယ်''ဟု ပြောပြခဲ့သည်။

ယခုကဲသို့ ဖြစ်ပွားခဲ့သည့် နေရာသည် သစ်လုံးတင်ယာဉ်ကြီးများ မကြာခဏ တိမ်းမှောက်လေ့ရှိသော နေရာတစ်ခုဖြစ်ပြီး ယာဉ်တိုက်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသော နေရာတစ်နေရာ ဖြစ်ကြောင်း သိရှိရပါသည်။

Comments

0 #3 yooyoogyi 2011-03-10 16:49
ပြောလိုက်ဦးမယ် ... အမှန်ဆို အဲ့လိုနေရာတွေကို လမ်းလမ်းကြောင်းတွေပြောင်းရတော့မှာ ... လမ်းအနေအထားကြောင့်ဖြစ်နေတာလေ ...
ဘယ်လောက်သတိထားမောင်းတယ်ပြောရော ...
ဖြစ်တာကဖြစ်နေမှာပဲ ...နောက်နေရာတွေလဲရှိသေးတယ် ...
မင်္ဂလာဒုံ ကုလားဘုရားကွေ့ ခဏခဏဖြစ်တယ်၊ ခဏခဏသေတယ်၊ လုပ်ကြပါဦး စည်ပင်ရေ ...

ရေသောက်ပြီး သေးမပေါက်တတ်ဘူး ထင်တယ် ...


+11 #2 NyanHtet 2011-03-10 10:37
ဖြစ်မှာဘဲ...အမြန်ပီးချင်တယ် ..အမြန်လုပ်...
အမြန်ဖွင့်မယ်...အမြန်လုပ်.....
ဒီအတိုင်းလိုချင်တယ်....အင်ဂျင်နီယာရှုဒေါင့် ဘာတွေမှ မပြောနဲ့...
ခိုင်းတဲ့အတိုင်းလုပ်...ဒီအကျိုးဆက်တွေေ လ....
ရန်ကုန်ဘက်အခြမ်း အဆင်းလမ်းဆို...မသွားဘူးယင်..
ကားသေးသေးတောင် အမြန်မောင်းမဆင်းနဲ့...မှောက်သွားနိုင် တယ်..
ကတ္တရာသားတွေ တွန့်နေတာ...ပြင်လဲခနဘဲ...