• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 10, 2011

ပြည်တွင်း ၀က်ပ်ဆိုက် တိုက်ခိုက်မှု ဖြစ်ပွား

Source Photo from Http://www.google.com/images

ပြည်တွင်း ၀က်ပ်ဆိုက် များအား DDOS ဖြင့်

ဆက်လက်တိုက်ခိုက်မှု ဖြစ်ပွား


Net Guide Journal
Thursday, 10 March 2011

မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် Web Portal ကို မကြာမီ လ အတွင်း က DDOS ဖြင့် တိုက်ခိုက် မှု ဖြစ်ပွား ပြီး နောက်ပိုင်း တွင်လည်း အဆိုပါ DDOS တိုက်ခိုက် မှုများမှာ ဆက်လက် ဖြစ်ပွား လျက်ပင် ရှိနေ သေးကြောင်း အိုင်တီ ပညာရှင် တစ်ဦး က ရှင်းပြ ခဲ့သည်။ DDOS Attack နှင့်ပတ်သက်ပြီး ပြည်တွင်းမှ ပညာရှင်တစ်ဦးက Cyb er Attack ဆိုတဲ့နေရာမှာ တစ်ခု ကတော့ DDOS နည်းပေါ့။ အဲဒီ နည်းက Server ကို overload ဖြစ် အောင် Client တွေကနေ တိုက်တဲ့ စနစ်နဲ့တိုက်တာပေါ့။ နောက်တစ်ခု ကတော့ Database Attack ပေါ့။ အဲဒီ နည်းကတော့ site တစ်ခုချင်းစီကို ပစ်မှတ်ထားပြီး Database တွေကို တိုက်ပြီး ဖျက်ပစ်တဲ့နည်းပါပဲ”ဟု ရှင်းပြခဲ့သည်။

ထိုကဲ့သို့ DDOS တိုက်ခံရပြီ ဆိုပါက အင်တာနက်ကော်နက်ရှင် များနှေးကွေးသွားခြင်း၊ site များ error ကျလာခြင်းတို့ဖြစ်နိုင်ကြောင်း လည်း သိရှိရသည်။ DDOS တိုက် ခိုက်ခံရပါက လတ်တလောကာ ကွယ်နိုင်ပုံနှင့်ပတ်သက်ပြီး မေး ကြည့်ရာမှာတော့ “ ဆိုက်တစ်ခု ကို တိုက်ခံနေရတယ်ဆိုတာ သိ တာနဲ့ အဲဒီဆိုက်ကို ယာယီပိတ် ထား လိုက်မယ်ဆိုရင်တော့ လတ် တလော ဖြေရှင်းနိုင်တဲ့နည်းလို့တော့ ထင်ပါတယ်။ ဒါကလည်း နည်း မှန်လမ်းမှန်လို့တော့ မဆိုနိုင်ပါဘူး။ ယာယီဖြေရှင်းမှု သဘောလောက် ပါပဲ”ဟု ရှင်းပြခဲ့သည်။

အင်တာနက်ကော်နက်ရှင်များ အဆမတန် လေးလံသွားခြင်းနှင့် ပတ်သက်ပြီး မေးမြန်းကြည့်ရာတွင် တော့ “ပြည်တွင်း Server တစ်ခုမှာ ထိုင်ထားတဲ့ ဆိုက်တစ်ခုကို တိုက် ခံရပြီဆိုရင်တော့ ပြည်တွင်းကနေ အဲဒီဆိုက်ကို အဆမတန်များပြားတဲ့ Client တွေကနေ ၀င်ရောက်တဲ့ပုံစံ ဖြစ်တော့ Server Overload ဖြစ်လာ ပါတယ်။ နောက် National Gateway မှာ user တွေ အများကြီး ၀င်ကြည့် တဲ့ပုံဖြစ်ပြီး နှေးသွားနိုင်တာပါ”ဟု အဆိုပါပညာရှင်မှ ဆက်လက်ရှင်း ပြခဲ့သည်။

ပြည်တွင်း Server များတွင် Server ထိုင်ထားသော ပြည်တွင်း ရှိဝက်ဘ်ဆိုက်များကို အဓိကထား တိုက်ခိုက် လျက်ရှိပြီး မကြာခင်က လည်း အွန်လိုင်းဈေးဝယ်နိုင်သော ဆိုက်တစ်ခုအတိုက်ခံရပြီး ယခု မတ်လအတွင်း၌လည်း ပြည်တွင်း ရှိ နည်းပညာဂျာနယ်တစ်စောင်၏ ၀က်ဘ်ဆိုက်တစ်ခု အတိုက်ခံခဲ့ရ ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုများကို ပြည်ပရှိ နည်းပညာအုပ်စုတစ်ခုမှ ပြုလုပ်နေခြင်းဖြစ်ကြောင်း အဆို ပါ နည်းပညာအုပ်စု၏ ၀က်ဘ် ဆိုက်စာမျက်နှာတွင် ဖော်ပြထား ကြောင်း သတင်းရရှိသည်။

MSK
Net Guide Journal