• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, March 16, 2011

ကရင်စာပေနှင့် စကားသင်တန်း

Source Photo from http://www.google.com/images

ကရင်စာပေနှင့် စကားသင်တန်း ဆောင်ရွက်ရန်

တိုက်တွန်း


ဂျူးလိယက်
အတွဲ ၂၆ ၊ အမှတ် ၅၀၉ (၁၁ - ၁၇ ၊ ၃ ၊ ၂၀၁၁)

ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုကော်မတီ(တက္ကသိုလ်များ၊ ရန်ကုန်) အနေနှင့် ကရင်စာပေနှင့် စကား သင်တန်းပို့ချမှုကို ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပ ရေး ဗဟိုကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီလက ကျင်းပသည့် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (တက္ကသိုလ်များ၊ ရန်ကုန်)၏ မောင်မယ် သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုနှုတ်ဆက်ပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

ကရင်တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုကော်မတီ (တက္ကသိုလ်များ၊ ရန်ကုန်) သည် ကရင်ယဉ်ကျေးမှု မဂ္ဂဇင်း၊ ကရင်စာ၊ စကား သင်တန်းများ နှင့် ကရင်ဒုံးအကကဲ့သို့ ယဉ်ကျေးမှု သင်တန်းများကို ဦးဆောင်ကျင်းပနိုင်သည့်အဖွဲ့ဖြစ်ကြောင်း ဦးစောလှထွန်း က ပြောကြားသည်။

"အရင်က တက္ကသိုလ်အတွင်းက အဆောင်တွေမှာ ကရင်တိုင်းရင်းသားတွေထဲက စာပေနဲ့စကား ကျွမ်းကျင်တဲ့ ကျောင်းသားကျောင်း သူတွေက ပြန်သင်ပေးကြသလို မရရင် အပြင်က ကျွမ်းကျင်သူတွေခေါ်ပြီး သင်ကြားပေးပါတယ်။ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဒုံးအက သင်တန်းများကိုတက္ကသိုလ်ဝင်းအတွင်းမှာ ကျင်းပနိုင်ပြီး တက္ကသိုလ်အာဏာပိုင်အဖွဲ့များကလည်း တိုင်းရင်းသားများရဲ့ တင်ပြမှု များကို ခွင့်ပြု အားပေးခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

"အနည်းဆုံးတော့ ကရင်တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ၊ ရန်ကုန်) ကဦးစီးပြီး ကရင်စာပေနဲ့ စကားသင်တန်းကို ပြုလုပ်စေချင်ပါတယ်"ဟု ဦးစောလှထွန်းက ပြောသည်။


Source from http://www.myanmar.mmtimes.com/2011/news/509/news17.html