• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 11, 2011

ကယ်လီ ဖိုးနီးယား ကျောင်းသားများGPS ဖြင့် စောင့်ကြည့် ခြင်း ခံနေရ

Source Photo from http://www.google.com/images

GPS ဖြင့် စောင့်ကြည့် ခြင်းကို

ကယ်လီ ဖိုးနီးယားရှိ ကျောင်းသား များ ခံနေရ


by ZawZaw

it WEEKLY Journal
Friday, 11 March 2011

အမေရိ ကန်နိုင်ငံ၊ ကယ်လီ ဖိုးနီးယား ပြည်နယ်ရှိ ကျောင်းသား များအား ၎င်း တို့  ၏ ပညာရေး အခြေ အနေ ကို ပို၍ မြှင့်တင် ပေးနိုင် ရန်အ
တွက် GPS စနစ်ဖြင့် စောင့်ကြည့်ခြင်းခံ နေရသည် ကိုတွေ့ရှိရသည်။ အင်တာနက် သတင်း တစ်ပုဒ် အရ ကယ်လီ ဖိုးနီးယား ရှိကျောင်း သည် ကမ္ဘာ့ ပထမဦးဆုံး၎င်း GPS နည်းပညာအသုံးပြုသည့် ကျောင်း တစ်ကျောင်း ဖြစ် လာပြီး ပြီးခဲ့ သည့် ရက်သတ္တပတ်ကမှ စတင်အကောင် အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်တွင် ကျောင်းရှိကျောင်း သားများအား Smart ဖုန်းအရွယ်အ စားရှိသည့် GPS တစ်လုံးစီကိုပေး ထားပြီး ကျောင်း၏ အကြီးအကဲများ မှ စောင့်ကြည့်ရမည်ဖြစ်သည်။ ထို့  ကြောင့် ကျောင်း မတက် သည့် ကျောင်း သားတစ်ဦးသည် မည့်သည့် နေရာ ရောက်နေမည်ကို ထောက်လှမ်းသိရှိ နိုင်ပြီး မိမိကျောင်းအတွင်း ကျောင်း သားအားလုံးရှိမရှိကိုပါ သိရှိနိုင် မည် ဖြစ်သည်။ ထို့ အပြင် ၎င်း GPS များထဲတွင် သတိပေး စနစ်များထည့် ထားပေးပြီး မနက်အိပ်ရာထချိန်၊ ကျောင်း သွားရချိန်၊ ကျောင်း၌သင် မည့် ကျောင်း သင်ခန်းစာ များစသည် တို့ ကိုပါ ကျောင်းသား များအား သတိ ပေးနိုင် မည် ဖြစ် သည်။

ယင်း အစီ အစဉ်သည် ကမ္ဘာပေါ် တွင် ပထမဦးဆုံးအစီအစဉ်တစ်ရပ် ဖြစ်ပြီး ကျောင်းသား များ၏ ပညာရေး ကိုလည်း ပိုမို ဂရုစိုက်မိ စေသည့်အ တွက် ကျောင်းသားမိဘများမှလည်း အားပေးထောက်ခံလျက်ရှိသည်။ ၎င်း GPS စနစ် အသုံးပြု ရခြင်း နှင့်ပတ် သက်၍ Anaheim အထက်တန်း ကျောင်း၏ ပြောခွင့်ဆိုခွင့်ရှိသူတစ် ဦးက ၎င်း တို့ သည်ကျောင်းသားများ အပေါ် ယင်း အစီ အစဉ်ပြုလုပ်ရခြင်း မှာတင်းကျပ်သကဲ့သို့  ရှိသော်လည်း ပညာရေးကို ပိုမို ထိရောက် စေရန်နှင့် မကြာ ခဏ ကျောင်းပြေးနေကြသည့် ကျောင်းသားများအားလည်း ထိန်းသိမ်း နိုင်စေရန် ပြုလုပ်ရခြင်းဖြစ်သည်ဟု ပြောကြားသွားသည်။
Source Photo from http://www.google.com/images

ZawZaw