ပထမအကြိမ် မီးလောင်အပြီး ဒုက္ခသည်များနှင့် လာရောက်တွေ့ဆုံနေသော
ထိုင်းအာဏာပိုင်များနှင့် ကရင်ဒုက္ခသည်စခန်းအတွင်းရှိ တာဝန်ရှိသူ အချို့
ဒုက္ခများနှင့်ပြည့်လျှံနေသော ဒုက္ခသည်
May 06, 2013
Monday
By (မင်းစိုးစံ)
ဗမာပြည်သွားဖို့ ၀င်ပေါက်တောင်မနည်းရှာရအုံးမှာပဲ။
စစ်အုပ်စုက အပေါ်စီးမှာနေတုန်းပဲ။
ဝင်ခွင့်အသနားခံစာ ရေးတောင်းရအုံးမယ်၊ မပေးရင် အရှက်ရအုံးမယ်။
ဝင်ခွင့်ရတော့လည်း ထောင်ထွက်တွေလို ၀န်ခံလက်မှတ်တွေနဲ့၊ ကျနော် သီချင်းဆိုခွင့် ရမရတောင်မပြော
နိုင်ဘူး။
ဗမာပြည်ပြန်ရင် သီချင်းလွတ်လွတ်လပ်လပ်ဆိုရမလား။
ဒီသီချင်းမဆိုရဘူး၊ ဒီသီချင်းပဲဆို ဆိုတာမျိုးလား။
ကျနော်နားလည်တာကတော့ ဦးသိန်းစိန်က လူကြားကောင်းအောင်ပဲ တံခါးဖွင့်ပေးတာပါ။
ကျနော်တို့ကို နိုင်ငံခြားသားလိုပဲ နေခိုင်းပြီး မလုပ်ရဘူးဆိုတာတွေ မလုပ်ခိုင်းဘူး၊
အချိန်တန်ရင်ပြန်ခိုင်းမှာပဲ။
ဒီတော့ ကျနော် နော်ဝေးမှာပဲ သေချင်သေသွားပစေ ခေါင်းငုံ့ပြီးတော့ ပြန်မလာဘူး။
ဒါကတော့ မွန်းအောင် လို့လူသိများတဲ့ အဆိုတော်တစ်ယောက်ရဲ့ တွေ့ဆုံမေးမြန်းခန်းလေးထဲက ကောက်
နုတ် ချက်ကလေးဖြစ်ပါတယ်။ ကျုပ်လည်းအဲဒီသဘောမျိုးပဲရှိပါတယ်။
ကျုပ်လည်း အဲဒီသဘောမျိုးပဲလို့ပြောလိုက်လို့ နာမည်ကြီးအဆိုတော်လား၊ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)
ကို တကယ်အန္တရာယ်ပေးနိုင်တဲ့လူလား၊ ဆိုပြန်တော့ မဟုတ်ပါဘူး။
သာမာန်ကရင်လေးတစ်ယောက်ဘ၀ပါ၊ အင်မတန်ရိုးရိုးသားသားနဲ့ လယ်ယာအလုပ်ကိုလုပ်နေခဲ့တဲ့ တော
က ကရင်ပါ။
ဒါပေမယ့် အခုကျုပ်နေတဲ့နိုင်ငံရဲ့ နိုင်ငံသားအဖြစ်ခံယူလိုက်ပြီဖြစ်တဲ့အတွက် ကျုပ်လည်း အဲဒီသဘောမျိုးပဲ
လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်
တကယ်လို့များ ကျုပ်သာ ထိုင်းဗမာနယ်စပ်က ကရင်ဒုက္ခသည်စခန်းထဲက ဒုက္ခသည်တစ်ယောက်ဖြစ်နေ
မယ်ဆိုလျင်ဖြင့် ကျုပ် ဒီစကားပြောဖြစ်မှာမဟုတ်တာတော့ သေခြာတယ်။
ဘာကြောင့်လဲဆိုတော့ ဒုက္ခသည်စခန်းဆိုတာ ဒုက္ခပေါင်းစုံနဲ့ မွှမ်းထုံထားတဲ့ ဘာတစ်ခုမျှလုံခြုံမှုမရှိတဲ့ ဘာ
ကိုမျှမမျှော်လင့်ရဲတဲ့ နေရာတနေရာလောက် နီးပါးလို့ ပြောလျင်ရနိုင်တဲ့ လှောင်ချိုင့်မျိုးလို ခံစားမိလို့ဖြစ်ပါ
တယ်။ ဒါကတော့ ကျုပ်ရဲ့ဒုက္ခသည်စခန်းထဲမှာ နေလာခဲ့တဲ့ သက်တမ်းတလျှောက် မြင်တွေ့ကြုံဆုံခဲ့ရတာ
ကိုအရင်းတည်ပြီးပြောတာပါ။
ထိုင်းအရာရှိနှင့် DKBA တို့ဆွေးနွေးနေစဉ်
(မန်းမြ၀င်း ဆံပင်ရှည်ရှည်ဦးထုပ်ဆောင်းထားသူ)
အဲဒီတော့ မေးချင်ကြမှာပါ။ ကရင်ဒုက္ခသည်စခန်းထဲမှာ ခင်ဗျားဘယ်လောက်ကြာကြာနေခဲ့သလဲ လို့ပေါ့
နော်။ဟုတ်ကဲ့ ၁၅နှစ်ကြာအောင်နေခဲ့ပါတယ်။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဆိုတာ ထိုင်းနယ်စပ်က ဒုက္ခသည်တွေကို ဗမာပြည်ထဲပြန်ခိုင်းတာ အခုမှမ
ဟုတ်ပါဘူး။ KNU ကနေ DKBA ခွဲမထွက်ခင်ကတည်းကိုက ကလေးမုန့် တောင်းသလို တစာစာတောင်း
နေခဲ့တာပါ။ DKBA လည်း ခွဲထွက်သွားရော မကြာပါဘူး ဒုက္ခသည်တွေ အသတ်ခံရတော့တာပါပဲ။
ဘယ်သူသတ်သလဲ ဆိုတာကိုတော့ အတိအကျမပြောနိုင်ပေမယ့် DKBA ဦးဆောင်ပြီး ဒုက္ခသည်စခန်းကို
ဒုတိယအကြိမ်မြောက် ၀င်လာတဲ့အခါမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ကြရတာပါ။
ဒါကြောင့် အထက်ကစကားဖြစ်တဲ့ ကျုပ်လည်း အဲဒီလိုသဘောမျိုးပဲ လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။
အခုလည်းကြည့်ပါ။ ပြန်လာပါ နေရာတွေ စီစဉ်ပေးထားတယ် ဘယ်သို့ဘယ်ညာ ပေါ့လေ။ ဟိုးအရင်တုန်း
ကတော့ ဒုက္ခသည်တွေဘက်က အကြောင်းပြစရာရှိပေမယ့် အခုတော့ KNU ကလည်း ဗမာစစ်အစိုးရအ
ပေါ် ယုံယုံကြည်ကြည်နဲ့ ငြိမ်းချမ်းရေးလုပ်နေပြီဆိုတော့ အခုမှ ပြေးစရာမြေမရှိ ပေးစရာငွေမရှိ ဆိုတဲ့ဘဝ
စစ်စစ်ဖြစ်သွားပြီ။
အမေရိကန်ကလည်း ဒုက္ခသည်တွေကိုလက်ခံဘို့ စာရင်းပိတ်လိုက်ပြီ။
ထိုင်းကလည်း ပြန်အောင်နည်းအမျိုးမျိုးသုံးနေပြီ။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဘက်ကလည်း ဒုက္ခသည်တွေအတွက် အိမ်တွေဘာတွေဆောက်ပြပြီးသွား
ပြီ။
ဂျပန်က အလုပ်အကိုင်ဖေါ်ဆောင်ရေး လယ်ယာဖန်တည်းရေး လမ်းတံတားဖေါက်လုပ်ရေး စိုက်ပျိုးရေး
မွေးမြူရေး ကျန်းမာရေး စတဲ့ပညာရှင်တွေကလည်း ဗမာနိုင်ငံထဲ ၀င်ဘို့အသင့်ဖြစ်နေပြီတဲ့။
ကျုပ်တခုစဉ်းစားမိတယ်၊ ကရင်ဒုက္ခသည်စခန်းဆိုတာ ၁၉၈၄ ခုနှစ်ကတည်းကဖြစ်လာတာ။
ဘာကြောင့် ဒုက္ခသည်တွေ ဗမာပြည်ထဲပြန်ရမယ်ဆိုမှ အဲဒီပညာရှင်တွေက ဒုက္ခသည်တွေအပေါ် စေတနာ
ပိုကဲနေရတာလဲ။
ထိုင်းနယ်စပ်မှာနေကတည်းက စောစောကပြောတဲ့ စိုက်ပျိုးရေး မွေးမြူရေးနည်းပညာ အခြေခံစက်မှုလက်
မှုပညာတွေ ဘာကြောင့်သင်မပေးခဲ့တာလဲ။ မေ့သွားလို့ပါ၊သတိမထားမိလို့ပါ လို့ပြောမလား။ ဒါဆိုလျင် မြန်မာကျောင်းသားများစခန်းမှာ နေခဲ့ဘူးသူတွေသိကြပါတယ်၊ မုန့်မျိုးစုံလုပ်နည်း၊အ၀တ်အထည်
အမျိုးမျိုး ချုပ်နည်း၊ ကားနဲ့ပတ်သက်လာလျင် ဆီပျောက်မီးပျောက်၊ အခြေခံကွန်ပျူတာသင်တန်း၊ငါးမွေးမြူ
ရေး၊ မှိုစိုက်ပျိုးရေး၊ သဘာဝမြေသြဇာထိန်းသိမ်းနည်း၊အင်္ဂလိပ်စာသင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း အား
လုံးကိုအခမဲ့သင်ပေးနေလိုက်တာများ မတက်ချင်အဆုံး။
အစကတည်းကသာ ကရင်ဒုက္ခသည်စခန်းမှာ ဒီလိုသင်တန်းမျိုးတွေ သင်ပေးခဲ့မယ်ဆိုလျင် ဒုက္ခသည်တွေ
ရဲ့ ဘ၀ဟာ ဒီထက်မက အာမခံချက်တွေရှိနေမယ်လို့ ထင်တာပဲ။
တချက်တချက်မှာ ဒုက္ခသည်အချင်းချင်း ခွဲခြားဆက်ဆံခံနေရတာများလားပေါ့နော်။
ငြိမ်းချမ်းရေးအဖွဲ့က ရေခန်းနေတဲ့ အိုင်ထဲက ငါးတွေကို စားဘို့ပြင်နေတဲ့ သွားရည်တမြားမြားကျနေတဲ့ဗျိုင်း
လို လေသံနဲ့ အစမ်းသဘောပြန်လာပါ တဲ့။ ကရင်ဒုက္ခသည်တွေကို အစမ်းသပ်ခံပစ္စည်းတစ်မျိုးလို သဘော
ထားရဲလောက်အောင် အခြေအနေက သူတို့အတွက်(ဗမာစစ်အစိုးရ အတွက်) အလေးသာခဲ့ပြီလား။
ဒုက္ခသည်တွေကိုလက်ခံတဲ့ အိမ်ရှင်ထိုင်းနိုင်ငံကတော့ ပြောနေတာပါပဲ၊ ဒုက္ခသည်တွေရဲ့ ဆန္ဒမပါပဲပြန်မပို့
ပါဘူးတဲ့။
ဒုက္ခသည်စခန်းမီးရှို့မခံရသေးခင် ကျုပ်တို့ကို ထိုင်းနဲ့ DKBA က ခေါ်တွေ့တယ်။ မင်းတို့ပြန်လာခဲ့ပါ။ နေစ
ရာ ထိုင်စရာ လုပ်ကိုင်စားသောက်စရာ ဘာမျှမပူနဲ့။ ထိုင်းကိုလည်း ဒုက္ခသည်စခန်းကလူတွေကို ပြန်ပို့ပေး
ပါလို့ပြောတော့ ထိုင်းအရာရှိက ကျုပ်တို့မှာ စည်းကမ်းဥပဒေရှိတယ်၊ ဒုက္ခသည်တွေမပြန်ချင်တာကို အ
တင်းအကျပ်လုပ်ပြီး ပြန်ခိုင်းတာမျိုး မလုပ်ဘူး၊ လို့ပြန်ပြောလိုက်တယ်။
သေနတ်ဒါဏ်ရာဖြင့် မီးလောင်သေဆုံးနေသော ကိုယ်ဝန်ဆောင်မိခင်တဦး
(ဝှေးကလုပ်ဒုက္ခသည်စခန်း) မယ်လဒုက္ခသည်စခန်းမဟုတ်ပါ။
အဲဒီအချိန်တုန်းက DKBA တဖြစ်လဲ KNU ကော်မူးရာအထူးတပ်ရင်း(၁၀၁) က ဆရာစောနု မန်းမြ၀င်း
ဖိုးအောင် တို့နဲ့ပေါ့ သောင်ရင်းချောင်းကမ်းနံဘေး(ထိုင်းဘက်ခြမ်း)မှာ တွေ့ကြတာ။
မကြာပါဘူး၊ ဒုက္ခသည်စခန်းမီးရှို့ခံရတော့တာပဲ။ ဒုတိယအကြိမ်ကျတော့ လူတွေပါသေတယ်။ ပွဲချင်းပြီး
တစ်ယာက်၊ ဆေးရုံအသွား လမ်းတ၀က်လောက် မှာတစ်ယောက်၊ ဆေးရုံမှာ နှစ်ယောက်၊ ထိုင်းစစ်တပ်က မဆင်မခြင်ပစ်လိုက်လို့ တစ်ယောက် စုစုပေါင်း၅ယောက် သေတယ်။
အဲဒီအရေးအခင်းတွေက UNHCR က ဒုက္ခသည်စခန်းကလူတွေကို ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရ
ခင်က ဖြစ်ခဲ့တဲ့အရေးအခင်းမို့လားတော့မသိဘူး လူသေတယ်ဆိုတဲ့သတင်းလေးလောက်နဲ့တင် ပြီးသွား
တယ်။
ဒုက္ခသည်စခန်းလူသေတာနဲ့ပတ်သက်ပြီး သတင်းဌာနတစ်ခုကို သတင်းဓါတ်ပုံ ပို့ပေးဘူးတယ်၊ သတင်း
ဓါတ်ပုံအောက်မှာ ဝှေးကလုတ်ဒုက္ခသည်စခန်းက လို့အသေအခြာရေးပေးလိုက်တာ သတင်းစာထွက်လာ
တော့ မယ်လဒုက္ခသည်စခန်းဆိုပြီး ရေးထားတယ်၊ ကျုပ်ရင်ထဲ တမျိုးကြီးဖြစ်သွားတယ်၊ အဲဒါ သတင်း
ဓါတ်ပုံအောက်က နေရာဖေါ်ပြချက်မှားနေတယ်ဆိုတာ အသိပေးရေးလိုက်ပေမယ့် အမှားပြင်ဆင်ချက်
ထွက်မလာပါဘူး။
ထိုင်းလုံခြုံရေးတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသူ မန်းဇေယျာ
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) စီစဉ်ပေးတဲ့အတိုင်း သွားနေကြမယ့်ဒုက္ခသည်တွေ အဓိက သတိထားရမယ့်
အချက်တွေထဲက တစ်ချက်က တနေ့နေ့တချိန်ချိန်မှာ ဒုက္ခသည်တွေကို အခုနေနေတဲ့ နေရာကနေဖယ်စမ်း
ဆိုလျင် ကျုပ်တို့ ဘာဆက်လုပ်မလဲ။
ဘာကြောင့်လဲဆိုတော့ မြေအားလုံးကို နိုင်ငံတော်ကပိုင်တယ် နိုင်ငံတော်မှာလက်နက်ရှိတယ်၊ သူတို့မှာအာ
ဏာရှိတယ်၊ ခင်ဗျားတို့ကရင်တွေမှာ ဘာလုပ်ပိုင်ခွင့်မှမရှိဘူး ဆိုတဲ့ မြေပိုင်ရှင် ကရင်အမျိုးသမီးကြီးတစ်ဦး
ကို ဗမာစစ်တပ်ရဲ့တပ်ရင်းမှူးတစ်ယောက် ပြောသွားတဲ့စကား။
အဲဒီလို အဲဒီလိုတွေကို သင်ခန်းစာယူခြင်းအားဖြင့် သတိထားပြီး ကြိုတင်ပြင်ဆင်ထားသင့်ကြကြောင်းပါ ခင်
ဗျား။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)