HAT YAO, Kingdom of Thailand - Royal Thai Marines manuever an assault amphibious vehilce through the beachhead during an amphibious assault raid here Feb. 10, 2011, during Exercise Cobra Gold 2011. Cobra Gold is a regularly scheduled multinational training exercise designed to improve partner nation interoperability.
Source Photo from
http://www.thefewgoodmen.com/thefgmforum/threads/cobra-gold.9019/
http://www.thefewgoodmen.com/thefgmforum/threads/cobra-gold.9019/
အမေရိကန်တို့က
ပါရှားပင်လယ်ကွေ့မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်
2013-05-07
နိုင်ငံ ၄၀ ကျော်တို့က အမေရိကန်နိုင်ငံရဲ့ဦးဆောင်မှုနဲ့ ဒီလ ၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ပါရှားပင်
လယ်ကွေ့ဒေသမှာ ၂၅ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။
သက်ဆိုင်ရာသတင်းအရ၊ ဒီအကြိမ် စစ်ရေးလေ့ကျင့်မှုရဲ့ရည်ရွယ်ချက်ဟာ အီရန်က ခြိမ်းခြောက်မှုကို ရင်
ဆိုင်ဖို့အတွက်ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကိုရည်စူးပြီး အီရန်က ပြင်းပြင်းထန်ထန် အပြစ်တင်ရှုတ်ချပြီး အီရန်ကလည်း ပြည်တွင်းမှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။
ဒီအကြိမ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဆင်နွှဲတဲ့နိုင်ငံများပြားပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်တဲ့အချိန်ကလည်း ကြာရှည်ပါတယ်။ စောစောက နိုင်ငံ ၃၀ ကျော်တို့က စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မယ်လို့ ဆိုကြတယ်။
တကယ်ဆိုတော့ အမေရိကန် အပါအဝင် နိုင်ငံ ၄၁ နိုင်ငံတို့က ဒီအကြိမ် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဆင်နွှဲ
နေပါတယ်။
စစ်ရေးလေ့ကျင့်မှုကို ဘာရိန်းအနီးတဝိုက်ပင်လယ်ပြင်မှာ ၂၅ရက်ကြာ ပြုလုပ်မယ်လို့သိရပါတယ်။ ဘာရိန်း
ရှိ အမေရိကန်ရေတပ်အမှတ်(၅) စစ်သင်္ဘောအုပ်စု ပြန်ကြားရေးရုံးမှ ထုတ်ပြန်တဲ့ကြေညာချက်မှာ၊ နိုင်ငံ
အသီးသီးမှ ရေတပ်နဲ့လေတပ်ဖွဲ့တို့က ဒီအကြိမ်စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဆင်နွှဲမှာဖြစ်ပြီး၊ ရေမြှုပ်ဗုံးရှင်း
ခြင်း၊ပင်လယ်ပြင်အခြေခံအဆောက်အအုံ ထိန်းသိမ်းကာကွယ်ခြင်းအပါအဝင် သက်ဆိုင်ရာ လေ့ကျင့်မှုများ
ကို ပြုလုပ်မှာဖြစ်ကြောင်း ဖေါ်ပြပါတယ်။ အမေရိကန်စစ်ဘက်က၊ ဒီအကြိမ် စစ်ရေးလေ့ကျင့်မှုကတစ်ဆင့်
နိုင်ငံတကာပင်လယ်ဒေသမှာ ရေယာဉ်များ လွတ်လပ်စွာသွားလာမှုကို ထိန်းသိမ်းကာကွယ်ပေးမယ့်အပြင်၊
နိုင်ငံအသီးသီးတို့ရဲ့ပင်လယ်ရေးရာ ကာကွယ်စွမ်းအားကိုလည်း တိုးမြှင့်ပေးမှာဖြစ်ကြောင်း ဖေါ်ပြပါတယ်။
သက်ဆိုင်ရာသတင်းအရ၊ သင်္ဘော ၃၅ စင်း၊ မောင်းသူမဲ့ သင်္ဘော ၁၈ စင်းနဲ့ ရေငုပ်သမား ဆယ်ပေါင်းများ
စွာတို့က ရေမြှုပ်ဗုံးရှင်းလေ့ကျင့်မှုမှာ ပါဝင်ဆင်နွှဲမှာဖြစ်ကြောင်း၊ အဝေးထိန်းစနစ်နဲ့ radio acoustic
position finding စနစ်တို့ကိုတပ်ဆင်ထားတဲ့ ဂျာမဏီနိုင်ငံမှကုမ္ပဏီတစ်ခုက ဒီဇိုင်းရေးဆွဲ ထုတ်လုပ်တဲ့
မောင်းသူမဲ့ မိုက်ခရို ရေငုပ်သင်္ဘော sea fox ကိုလည်း ပထမဆုံးအကြိမ်အဖြစ် အသုံးပြုမှာဖြစ်ကြောင်း၊ အဲ
ဒီ မောင်းသူမဲ့ရေငုပ်သင်္ဘောဟာ ရေမြှုပ်ဗုံးကိုရှာတွေ့တဲ့အခါ အော်တိုမက်တစ်ပေါက်ကွဲပြီး ရေမြှုပ်ဗုံးကို ဖျက်ဆီးတတ်ကြောင်း၊ ဒါ့အပြင် ဗြိတိန်နိုင်ငံရဲ့မောင်းသူမဲ့လေယာဉ်တွေကလည်း ဒီအကြိမ် စစ်ရေးလေ့
ကျေင့်မှုမှာ ပါဝင်မှာဖြစ်ကြောင်း သိရပါတယ်။
၂၀၁၂ ခုနှစ်ကစပြီး အီရန်နိုင်ငံဟာ ဟော်မော်ဇ် ရေလက်ကြားကို ပိတ်ပစ်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်
ဖေါ်ပြခဲ့ဖူးတယ်။ ဟော်မော်ဇ် ရေလက်ကြားဒေသဟာ ပါရှားပင်လယ်ကွေ့နဲ့ အိန္ဒိယသမုဒ္ဒရာကို ဆက်နွယ်
ထားတဲ့ ရေလက်ကြားဖြစ်ပြီး ပါရှားပင်လယ်ကွေ့ကိုဝင်ရောက်ဖို့ တစ်ခုတည်းသောလမ်းကြောင်းလည်း ဖြစ်
ပါတယ်။
ပါရှားပင်လယ်ကွေ့တစ်လျှောက်က ရေနံထုတ်လုပ်တဲ့နိုင်ငံများက ရေနံ အများစုကို ဟော်မော်ဇ်ရေလက်
ကြားကိုဖြတ်ပြီး အနောက်တိုင်းနိုင်ငံများသို့ ပို့ဆောင်တာဖြစ်ပါတယ်။ ဟော်မော်ဇ်ရေလက်ကြားဟာ ကျဉ်း
မြောင်းတဲ့ရေလက်ကြားဖြစ်ပြီး အကျယ်ဆုံးနေရာ ကီလိုမီတာ ၉၀ လောက် ဖြစ်ကာ အကျဉ်းဆုံးနေရာဆို
ရင် ကီလိုမီတာ ၄၀ လောက်ဘဲရှိပါတယ်။ ရေမြှုပ်ဗုံးဟာ ကျဉ်းမြောင်းတဲ့ ရေကြောင်းမှာ အစွမ်းဆုံးသော
လက်နက်ပဲ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒီအကြိမ် စစ်ရေးလေ့ကျင့်မှုထဲမှာ ရေမြှုပ်ဗုံးရှင်း လေ့ကျင့်မှုဟာ ဒါ
ကို ရည်စူးနိုင်ချေများတယ်လို့ လူတွေကယူဆကြပါတယ်။
Copy from http://myanmar.cri.cn/666/2013/05/07/1s25311.htm