(ဒုတိယအပြော)
ကာတွန်း စောငို -
ရွှေမန်း၏ ဇာတ်ကွက်များအကြောင်း
ဇွန် ၂၉ ၊ ၂၀၁၃
Copy from http://moemaka.com/archives/35968
ငါ့ခေါင်းထဲက ညောင်းနေတဲ့ စပရင်
ဆောင်းလူ
ဇူလိုင် ၁၀၊ ၂၀၁၃
ဆွဲလို့လည်း မရ
ဆန့်လို့လည်း မရ
လားရာတွေ ပျောက်ဆုံးနေတဲ့ ဘ၀ ..။
သုညတို့ခြုံလွှမ်းရာ
ဟော့အရပ်မှာ
မျက်နှာပေးတွေက …။
ကျားသေကလည်း ကျားသေအလျောက်
ပုဏ္ဍားကလည်း ပုဏ္ဍားအလျောက်
ဇာတ်နာအောင်
ဝေသန္တာရာမင်း အကုန်စွန့်ကျဲပြလေတော့
ဒီဇာတ်နဲ့
ဒီအရပ်
ခ၀ါချလည်း မရ …
ပုဝါပြလည်း မရ …
ကောသလအိပ်မက်နဲ့
အရိပ်ပြ အကောင်မထင်တဲ့ခတ်မှာ …
သွင်းချည်
နုတ်ချည်နဲ့
မနေ့ကထိတော့
ငါ့ခေါင်းထဲမှာ ညောင်းနေတဲ့ စပရင်တချောင်းရှိတယ် ..။
ဇာတ်တိုက်ထားသလိုပဲ
ခုထိတော့
ဆွဲလို့လည်း မရ
ဆန့်လို့လည်း မရ
လားရာတွေ ပျောက်ဆုံးနေတဲ့ ဘ၀ ..။
ဆောင်းလူ
Copy from http://moemaka.com/archives/36296