• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, July 8, 2013

DKBA နယ်မှ ကျေးရွာများအား ဆန်သယ်ခွင့် ကန့်သတ်


DKBA နယ်မှ ကျေးရွာများအား

ဆန်သယ်ခွင့် ကန့်သတ်

Monday, 08 July 2013

by ဖြူဖြူကို

DKBA ထိန်းချုပ် နယ်မြေ မြိုင်ကြီးငူဒေသ မယ့်တဝေါ နှင့် မြိုင်ကြီးငူ ကြားရှိ ကျေးရွာပေါင်း (၁၀) ရွာကျော်
မှ ရွာသား များအား ဆန်၊ ဆေးဝါး ပစ္စည်းနှင့် ဓါတ်ခဲများ သယ်ဆောင် ခွင့်ကို ကန့်သတ် ပိတ်ပင် ထားသည်
ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးမှ ဆိုပါသည်။

“မယ့်တဝေါနဲ့ မြိုင်ကြီးငူကြားမှာရှိတဲ့ ရင်းပိုင်းတံတားဘက်မှာ ဖြစ်တယ်။
အစိုးရ နယ်ခြားစောင့်တပ် (BGF)နဲ့ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) တို့ ပစ်ခတ်မှု ဖြစ်ပြီး
ကတည်းက ဒီပစ္စည်းတွေ မသယ်ရဘူးလို့ ပိတ်ပင် ကန့်သတ်လာတာ အခုထိပါပဲ။
တကယ်လို့ ရွာသားတွေက ဆန်သယ်လာတာကို တွေ့ရင် ဆန်တွေလည်းသိမ်းလိုက်ပြီး လူကိုပါ နေပူထဲမှာ တစ်ရက် နေလှန်းထားပါတယ်။
နောင် ဒီပစ္စည်းသုံးမျိုးကို မသယ်လာရဘူး။
သယ်လာရင် အရေးယူ ခံရမယ်လို့ သတိပေးတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံက ဆိုပါသည်။အဆိုပါ ကျေးရွာပေါင်း (၁၀) ရွာ ကျော်၌ ခန့်မှန်း လူဦးရေ အနည်းဆုံး (၅၀၀) ခန့် နေထိုင် နေကြကြောင်း သိရှိရ သည်။ ဤသို့ကြောင့် လက်ရှိ အခြေအနေ၌ ဒေသခံ ရွာသားများ ဈေးကြီးစွာ ၀ယ်စားနေရကြောင်း ဆိုပါသည်။

ထိုပိတ်ပင်မှုကို မြိုင်ကြီးငူ ဒေသတွင်ရှိသည့် အစိုးရ တပ်မ (၂၂) ကွပ်ကဲမှု အောက်ရှိ မြိုင်ကလေး အခြေ
စိုက် ခမရ (၂၀၃) ဒုရင်းမှူးဦးစီးသည့် စစ်ကြောင်း (၂)မှူး ဗိုလ်မှူး ရဲဝင်းအောင် နှင့် BGF ကွပ်ကဲမှုအောက်
ရှိ ဦးကျော်ထူးနှင့် အဖွဲ့တို့က ပိတ်ပင်ထားခြင်း ဖြစ်ပါသည်။

ဒေသခံရွာသားများသည် မိမိတို့တောင်ယာမှထွက်သည့် ဆန်စပါး များဖြင့်မှီခိုနေရသော်လည်း လုံလောက်
မှု မရှိပေ။ ယခုကဲ့သို့ ဆန်သွယ်ခွင့် ပိတ်လိုက်သဖြင့် ဈေးကြီးပေးပြီး ၀ယ်စားလာနေရာက တဖြည်းဖြည်း
ကြပ်တည်း လာနေသည်ဟု ဆိုပါသည်။
ထို့အပြင် ယင်းကျေးရွာများ၌ ဆေးပေးခန်းများ မရှိသည့် အထဲ ဆေးဝါးများ သယ်ခွင့်ကိုပါ ပိတ်လိုက်ခြင်း
သည် ဖျားနာမှုများသော မိုးဦး၌ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ဒေသခံက ဆိုပါသည်။

အစိုးရတပ်များသည် ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို ကန့်သတ်ထားသည့်အပြင် သွားလာမှုများပါ ကန့်
သတ်ထားပါသည်။ ဖြတ်သန်း သွားလာမှုများကို နေ့လည် (၁၂) နာရီမှ ညနေ (၆) နာရီထိသာ ဖြတ်သန်း
ခွင့် ပြုကြောင်း ဆိုပါသည်။
“ကုန်းလမ်း ခရီးမှာ စစ်ဆေးမှု တွေက နေ့တိုင်း လုပ်နေတယ်။
ရေလမ်း ဆိုရင်လည်း အဲဒီ ပစ္စည်း သုံးမျိုးကိုပဲ စစ်ဆေးတယ်။
BGF က ဦးကျော်ထူး ကလည်း သူ့လက်မှတ် မပါရင် ပေးမသွားနဲ့ ညှိထားတယ်။
သူ့လက်မှတ် ရဖို့လည်း ပိုက်ဆံ ပေးရတယ်”  ဟု ဒေသခံများက ဆိုပါသည်။

ဤလုပ်နည်းကို အစိုးရ တပ်ဘက်မှ အမည်မခံပဲ BGF အား အမည်ခံ ခိုင်းသည့် ပုံစံမျိုးနှင့် လုပ်ပိုင်ခွင့်ကို ချ
ပေးထားပြီး ရလာသည့်ငွေများကို ခွဲဝေယူနေကြောင်း ၎င်းဒသခံများမှ ဆိုပါသည်။ ဤလုပ်ရပ်သည် ဒေသခံများအား ဤဒေသမှ မောင်းထုတ်ရန် အစိုးရ တပ်ဖွဲ့များက စီစဉ်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

အစိုးရတပ်များသည် ဟပ်ကြီးရေကာတာ တည်ဆောက်ရာတွင် ဆည်ရေသောက်ဧရိယာ၌ သက်ရောက်
သော ဒေသခံကျေးရွာများနှင့် သတ်မှတ်ထားသည့် လုံခြုံရေးဧရိယာရှိ DKBA တပ်များကို ဆုတ်ခွာပေးရန်
တောင်းဆိုခဲ့ဘူးပါသည်။
ဤတောင်းဆိုမှုကို DKBA ဖက်မှ ဆုတ်ခွာပေးခြင်းမရှိသလို ဒေသခံကျေးရွာများလည်း ပြောင်းရွှေ့ခြင်း မရှိ
ခဲ့ပေ။ ဤသို့ကြောင့် ဒေသခံများ ဤဒေသမှ ထွက်ပြေးစေရန် အထက်ပါ ကန့်သတ် ပိတ်ပင်သည့်နည်းကို
ကျင့်ဖွယ် ရှိနိုင်ကြောင်းဆိုပါသည်။ DKBA ကမူ ဤလုပ်ရပ်သည် လူထုကို တမင်သက်သက် ဒုက္ခရောက်
စေသည်ဟု ဗိုလ်မှူး ထွန်းထွန်းက ဆိုပါသည်။

“ဒီလိုလုပ်တာ ကျွှန်တော်တို့ကို ရည်ရွယ်လုပ်တာလား လူထုကို ရည်ရွယ်လုပ်တာလား ဆိုတာ မေးခွန်း
ထုတ်စရာ ဖြစ်နေတယ်။
ကျွှန်တော်တို့ လိုချင်တယ်ဆိုရင်ဗျာ ငြိမ်းချမ်းရေးကာလပဲ၊ ကားနဲ့သွားဝယ်ပြီး အပြည့်တင်လာမှာပေါ့။
အခုလိုလုပ်တော့ လူထုတွေက သက်သက် ဒုက္ခရောက်နေရတယ်”
ဟု ဆိုပါသည်။

DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက်အောက်ခံတပ်ဖွဲ့နှင့် နယ်မြေချင်းထိစပ်နေသည့်
နယ်ခြားစောင့်တပ် (၁၀၁၇)တပ်ရင်းတို့သည် ပြီးခဲ့သည့်ဧပြီလ ၂၇ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့
မြို့နယ် မြိုင်ကြီးငူရွာအနီးတွင် တိုက်ခိုက်ခဲ့ကြပါသည်။ ဤအချိန်မှစပြီး BGF နှင့် အစိုးရတပ်များသည်ဒေ
သခံလူထုများအား ကန့်သတ်လိုက်သလို DKBA တပ်များကိုလည်း ဤဒေသမှ ဆုတ်ခွာပေးရန် တောင်း
ဆိုလာခဲ့ပါသည်။

ဤကဲ့သို့ BGF တပ်ဖွဲ့မှ ဒေသခံလူထုအား သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးနေခြင်း အပေါ် DKBA မှ သံ
သယဖြစ်ပွားနေချိန်တွင် နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) ဗဟို အကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေ
ထွေ အတွင်းရေးမှူးနှင့် အမှတ် (၃)တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူသည် ငြိမ်းချမ်းရေး ရယူထားသည့်
ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်သွားရန် စီစဉ်
နေသည်ဟု မီဒီယာများအား ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။

DKBA နှင့် BGF တို့သည် ၁၉၉၄ ခုနှစ် ကတည်းက တစ်ဖွဲ့တည်း ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် အစိုးရ၏ ရွေး
ကောက်ပွဲ ပေါ်လစီကြောင့် လက်မခံနိုင်သော အဖွဲ့နှင့် အစိုးရ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ခံရ
သော တပ်ဖွဲ့ဟူ၍ နှစ်ပိုင်း ကွဲသွားခဲ့ကြပါသည်။

Copy from
http://www.phophtawnews.org/burmese/index.php/news/internal-news/item/466-dkba.html