• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, July 24, 2013

ခြင် အကြောက်ဆုံး အနံ့တွေ


ခြင် အကြောက်ဆုံး အနံ့တွေ

2013-07-24

ခြင်ဆေးထဲမှာ အဆိပ်ဓါတ် အနည်းနဲ့အများ ပါတတ်ပါတယ်။
မကြာခင်က အမေရိကန် စောင့်ရှောက်ရေး ဝက်ဘစိုက်မှာ ခြင်တွေ အကြောက်ဆုံးအနံ့တွေကို ရေးသား
ဖေါ်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖြန့်ဝေပေးချင်ပါတယ်။

ကြက်သွန်ဖြူအနံ့
ကြက်သွန်ဖြူ စားပြီးရင် လူကိုယ်ခန္ဓာထဲမှ အနံ့ တစ်မျိုး ထွက်တတ်လို့ ခြင်တွေက ဝေးဝေးပဲ နေတတ်ပါ
တယ်။ ကြက်သွန်ဖြူကို ပါးပါးလေးတွေ လှီးပြီးတော့ ၁၅ မိနစ်လောက်ကြာမှ စားရင် ပိုအစွမ်းထက်တယ်
တဲ့။

ပဲဆီအနံ့
အမေရိကန် နယူးအင်ဂလန် ဆေးပညာ မဂ္ဂဇင်းထဲမှာ ဖေါ်ပြတဲ့ နောက်ဆုံးရ သုတေသနရလဒ်အရ၊ ပဲဆီနဲ့
ထုတ်လုပ်တဲ့ ခြင်ဆေးဟာ ဓါတုပစ္စည်းနဲ့ ထုတ်လုပ်တဲ့ ခြင်ဆေးလို ခြင်ကို နှင်ထုတ်နိုင်စွမ်း ရှိပါတယ်။
ပဲဆီကို ခြင်ကိုက်တတ်တဲ့ နေရာမှာ နည်းနည်း လိမ်းလိုက်ရင် အသားအရေကို ထိန်းသိမ်းနိုင်တဲ့အပြင် ခြင်
ကိုက်တာကိုလည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။

ငရုပ်ကောင်းနက် အနံ့
ငရုပ်ကောင်းနက်ရဲ့အနံ့ကလည်း ခြင်တွေ မကြိုက်တဲ့ အနံ့တစ်မျိုး ဖြစ်တယ်။
ငရုပ်ခေါင်း အစေ့တွေကို ပြတင်းပေါက်၊ တံခါးဝ ဒါမှမဟုတ် ပန်းအိုး အနားတွေမှာ ဖြူးထားရင်၊ ခြင်ပေါက်
ပွားမှုနဲ့ ဝင်ရောက်မှုတွေကို ကာကွယ်နိုင်ပါတယ်။

ကြာပန်း အနံ့
အာရှ ပစိဖိတ် အပူပိုင်းဒေသ ဆေးပညာမဂ္ဂဇင်းမှာ ထုတ်ပြန်တဲ့ သုတေသန ရလဒ်အရ၊ ကြာပန်းကလည်း
ခြင်တွေကို နှင်နိုင်တဲ့ဆေးတစ်မျိုး ဖြစ်ပါတယ်။
ဒါကြောင့် နွေရာသီဆိုရင် အိမ်ထဲမှာ ကြာပန်းလေးတွေကို အလှစိုက်ထားရင် အရမ်းကောင်းတဲ့ လုပ်ရပ်ပဲ
ဖြစ်ပါလိမ့်မယ်။

Nepeta cataria 
Source Photo from htpp://www.google.com/images

lavender
Source Photo from htpp://www.google.com/images

Nepeta cataria ပင်နဲ့ lavender ပင်
အမေရိကန် အိုဟိုင်းယိုးပြည်နယ်တက္ကသိုလ်မှ သုတေသနရ,လဒ်အရ၊ Nepeta cataria ပင် နဲ့ lavender
ပင်တို့ဟာ ခြင်တွေ ကြောက်လန့်တတ်တဲ့ ရုက္ခပင်တွေ ဖြစ်ပြီး Nepeta cataria ပင်ရဲ့ ခြင်နှင်နိုင်စွမ်းဟာ
ရိုးရိုး ခြင်နှင်ဆေးရည်ရဲ့ဆယ်ဆ,လောက် ဖြစ်ပါတယ်။

Copy from http://myanmar.cri.cn/666/2013/07/24/1s26485.htm