အ၀တ်လျှော်စက်ရုံအတွင်းမှာ ခဏတာ
July 23, 2013 Tuesday
By မင်းစိုးစံ
ဒီနေ့က အလုပ်နားရက်မဟုတ်တဲ့အတွက် အ၀တ်လျှော်စက်ရုံမှာ လူရှင်းနေပါတယ်။
စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာဆိုလျင်ဖြင့် လူအတော်များပါတယ်။
ကျုပ်လည်း အ၀တ်လျှော်စရာတွေထည့်ထားတဲ့ ခြင်းကို ရုံထဲ သယ်ချလာတုန်း ကလေးတအုပ်နဲ့ အမျိုးသ
မီးတစ်ယောက် ရောက်လာပါတယ်။
ကလေးတွေနဲ့ သူ့အမေဟာ ဘာလူမျိုးလဲဆိုတာ သတိမပြုမိပါဘူး။
အာရှအနွယ်တွေဆိုတာကိုတော့ သိနေပါတယ်။ တရုတ်လား ဂျပန်လား လာအိုလား ကမ္ဘောဒီးယားလား
ကိုးရီးယားလား ဆိုတာတော့ မခွဲခြားမိပါဘူး။
ခဏလေးနေတော့မှ ဒီကလေးအမေနဲ့ကလေးတွေဟာ လောနိုင်ငံ(Lao) က မုန်း လူမျိုးနဲ့တူနေတာကို သ
တိပြုမိပါတယ်။
ကျုပ်လည်း အမှုမဲ့အမှတ်မဲ့နေပြီး အ၀တ်တွေကို စက်ထဲထည့်၊ ဆပ်ပြာရည်တွေလောင်းထည့်၊ ၂၅ဆင့်တန်
အကြွေစေ့တွေထည့်ပြီး ဆပ်ပြာရည်ဗူးတွေကို ပြန်သိမ်းလိုက်တဲ့အချိန်မှာ နေ့မော်လေးကို အမျာခေါ်ခဲ့စား
ဆိုတဲ့စကားသံကိုကြားလိုက်ရလို့ ဒီမိသားစုဟာ ကရင်မိသားစုဆိုတာ သိလိုက်ရပါတယ်။
မုန်းလူမျိုးနဲ့ ကရင်လူမျိုးက တော်ရုံနဲ့ခွဲလို့မရပါဘူး။ ပြောမယ်ဆိုလျင် မွန်နဲ့ဗမာကို ခွဲလို့မရသလို တူတာ။
တခါတလေ သူတို့ဆိုင်ထဲဝင်မိလျင် ညားဈောင်ဟား ဆိုတဲ့ မုန်းစကားနဲ့ နှုတ်ဆက်တာခံရတတ်ပါတယ်။
ကဲအခု ဒီမိသားစုကတော့ဖြင့် ကရင်မိသားစုဆိုတာ သေခြာသလောက်ရှိသွားပါပြီ။
ကျုပ်လည်း အ၀တ်လျှော်ထားတာကို စောင့်နေရင်း ဦးရွှေအုံးရေးတဲ့ တတိယပြည်ထောင်စုမြန်မာနိုင်ငံ
တော်သို့ ဆိုတဲ့စာအုပ်ကိုဖွင့်လိုက်ပါတယ်။
ပထမဆုံး စာမျက်နှာမှာ ၁၉၉၃ခုနှစ် အမျိုးသားညီလာခံသို့ တင်ပြသောစာတမ်း တတိယပြည်ထောင်စု
မြန်မာနိုင်ငံတော်သို့ (ဘယ်တော့ ဘာ့ကြောင့် ဘယ်လို) ဦးရွှေအုံး တင်ပြသည်။ ၁၉၉၈ခုနှစ် အောက်တို
ဘာလ (ပထမအကြိမ်ပြန်လည်ပုံနှိပ်ခြင်း) ဆိုတာတွေ့ရပြီး ဒုတိယလွတ်နေတဲ့ စာမျက်နှာမှာတော့ ဗိုလ်ချုပ်
ကြီး မြ အတွက် Y2K အမှတ်တရ တင်အောင် ဆိုတဲ့ လက်ရေးနဲ့ ရေးထားတာကို ဘတ်လိုက်ရပါတယ်။
ဒီစာအုပ်ကိုကျုပ် မိတ်ဆွေစီက ငှားထားတာလေ၊ ဒီအပတ်တနင်္ဂနွေနေ့မှာပြန်ပေးရမှာ ဆိုတော့ အချိန်သိပ်
မရဘူးလေဗျာ။
စာအုပ်ထဲ အာရုဏ်ရောက်နေတုန်း ကလေးငိုသံကိုကြားလိုက်ရပါတယ်၊ တဆက်တည်း အမေ မော်လေး
မို့စား ချေတယ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံပါ ကြားရပြန်ပါတယ်၊ အမေဖြစ်တဲ့သူက နေ့မော်
လေးကို မို့ ယူပေးလဲ့ ဆိုပြီးပြောလိုက်သံကိုလည်း ကြားရသလို ဒီမို့က စားလို့ ကောတယ်ဆိုတဲ့ ယောက်ျား
ကလေး တစ်ယောက်ပြန်ပြောသံကိုပါ ဆက်တိုက်ဆိုသလို ကြားနေရပါတယ်။
အမှာစာရေးသူတွေကတော့ ခွန်ကြာနု၊ ရှမ်းပြည်မျိုးချစ် တစ်ဦး၊ ခွန်းဆာယီ တို့ဖြစ်ကြပါတယ်။
ခွန်းဆာယီရေးတဲ့ အမှာစာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီးမှာ ရှမ်းပြည်မှာရှိတဲ့ နိုင်ငံရေးသ
မားလက်သစ် လက်ဟောင်းတွေကို ပြည်ထောင်စုကောင်းကျိုးတရားတွေကို ပြောသတဲ့။
ဒေါ်အောင်ဆန်းစုကြည် ပြောအပြီးမှာ ဦးရွှေအုံးရဲ့ ပြန်ပြီးသုံးသပ်ပြောဆိုတာကို ရေးပြထားတာ ဘတ်လိုက်
ရပါတယ်။
နေ့မော်လေးကို အပြေမထွက်ခဲနဲ့ ဆိုတဲ့အသံ နားထဲဝင်လာပါတယ်။
အော် ကရင်မလေး ဗမာလို မပီကလာ ပီကလာပြောနေလိုက်တာများနော်။ ကိုယ့်ကလေးတွေကို ဘာဖြစ်
လို့များ ကရင်လိုမပြောတာပါလိမ့်လို့တွေးရင်း မျက်မှန်ပေါ်ကနေ မျက်လုံးပင့်ပြီး လှမ်းကြည့်မိလိုက်ပါတယ်။
ကလေးတွေ ခမျာတို့မှာလည်း ဗမာလိုမပီကလာ ပီကလာ ကြိုးစားပြောနေကြပြန်တော့ မဆီမဆိုင် လူအ
တော်များများပြောနေကြတဲ့ မျိုးစောင့်ဥပဒေ ဆိုတာကြီးကို သွားသတိရလိုက်မိတယ်။
မျိုးစောင့်ဥပဒေဆိုတာကို ကိုယ့်အမျိုးကိုထိန်းသိမ်းစောင့်ရှောက်တဲ့ ဥပဒေလို့ နားလည်သလို ပြောကြည့်
ချင်ပါတယ်။ ကဲ အခုကရင်မလေးတို့မိသားစု ကရင်လိုမပြောကြတော့ပါဘူး။ ဗမာလို ပြောနေကြပါပြီ၊ ဒါဆို
လျင် ဒီကရင်မလေးကို အရေးယူလို့ရမယ်များထင်သလား။
ဗမာမလေးတွေလည်း တွေ့ဘူးပါတယ်၊ အားလုံးတော့မဟုတ်ပါဘူး၊ အဖြူလိုပြောနေကြတာ။
ကျုပ်နားလည်တာက စည်းကမ်းဥပဒေဆိုတာ လိုက်နာကျင့်သုံးသူရှိမှ အတည်ဖြစ်သလို အကျိုးရှိမှာပါ။
ဘယ်လိုဥပဒေမျိုးဖြစ်ဖြစ် ထုတ်လိုက်ပြီဆိုတာနဲ့ အားလုံးလိုက်နာတယ်ဆိုတာမျိုး မတွေ့ရ တတ်ပါဘူး၊ တ
နည်းမဟုတ်တနည်းနည်းနဲ့ အနည်းနဲ့အများ ချိုးဖေါက်တတ်ကြတာချည်းပါ။ မတော်တဆ ဖြစ်ချင်ဖြစ်မယ်
တမင်သက်သက် ဖြစ်ချင်ဖြစ်မယ်။ ဒါကြောင့်မို့လို့လည်း အချုပ်တွေ ထောင်တွေ ရှိနေတာပေါ့။
တချိန်တုန်းက ကျုပ်တို့ ပြည်ထောင်စုဗမာနိုင်ငံတော်ကို သူခိုးမရှိတဲ့တိုင်းပြည်ဆိုပြီး ပြောစမှတ်ပြုတာခံခဲ့ရ,
ရာကနေ အခုတော့ ဘယ်လိုတွေဖြစ်ကုန်ပြီး အဲဒီအဆင့်ကနေ လျှောကျသွားရပါသလဲ။
ရွှေသမင်ဘယ်က,ထွက် မင်းကြီးတာက,ထွက် ဆိုသလို ကျုပ်တို့တိုင်းပြည်ကို ဗမာစစ်အစိုးရအဆက်ဆက်
စိတ်တိုင်းကျ ဖျက်ဆီးခဲ့လို့ ဖျက်ဆီးနေလို့ မျိုးပျောက်မှာစိုးပြီး မျိုးစောင့်ဥပဒေ ဆိုတာကြီးက, ကန့်လန့်ကန့်
လန့်နဲ့ ထွက်လာတယ်၊ ဒါက ကျုပ်ရဲ့အမြင်ပါ။
အမှန်ဆိုလျင် ကျုပ်တို့တတွေမှာ လောက,နီတိဆိုတာ ရှိပြီးသားဖြစ်သလို သားသမီးကျင့်ဝတ်၊ မိဘကျင့်
ဝတ်၊ ဆရာသမား၊ တပည့်၊ သံဃာ၊ ဒါယကာ၊ မိတ်ဆွေ၊ ကျွန်၊(အလုပ်သမား) သခင်၊(အလုပ်ရှင်) ဇနီးမ
ယား၊ ခင်ပွန်းသည်၊ ဆွေမျိုး စတဲ့စတဲ့ ဆိုင်ရာကျင့်ဝတ်တွေ ရှိနေပြီးသားဖြစ်နေပါလျက်ကယ်နဲ့ အဲဒီကျင့်
ဝတ်တွေအတိုင်း ဘာကြောင့်များ နေထိုင်ပြုကျင့်မှု လျှော့နည်းကျဆင်းလာရသလဲဆိုတာကို အဖြေရှာ
လိုက်တဲ့အခါ အူမ,တောင့်မှ သီလ, စောင့်နိုင်မယ် ဆိုတဲ့ စကားအတိုင်းပေါ့ဗျာ။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ ဗမာစစ်အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲမှုကြောင့် ကျုပ်တို့ပြည်သူတွေ အူမ, မတောင့်နိုင်တော့ဘူး။ ဒီတော့ လောက,နီတိက သွန်သင်ဆုံးမ,ထားတဲ့ လူ့ကျင့်ဝတ်တွေကို လိုက်နာကျင့်
ကြံမှု ယုတ်လျှော့ကျဆင်းလာတယ်၊ သမာအာဇီဝ,နည်းနဲ့ ကြီးပွါးချမ်းသာအောင်လုပ်ခွင့်တွေ နည်းပါးလာ
တာနဲ့အတူ လဒ်ပေးလဒ်ယူတာတွေကြောင့် တရားဥပဒေစိုးမိုးရေးတွေ ဆိတ်သုဉ်းကုန်တယ်၊ နောက်ဆက်
တွဲအနေနဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို ရုပ်ဝတ္ထုတွေနဲ့ လဲပစ်တဲ့အထိဖြစ်ကုန်တယ်။
(န စ က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဖြုတ်ပစ်လိုက်ရတဲ့ အဖြစ်ကသက်သေပြနေပြီးသားပါ။)
လူမှာသစ္စာ မင်းမှာကတိ ဆိုတဲ့အတိုင်း တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ဟာ
ပေးထားတဲ့ ကတိတွေကို တကယ်တည်ခဲ့ပါရဲ့လား။ ကတိမတည်တာကို အားလုံးအသိဖြစ်ပါတယ်။
ကတိမတည်တာ ဘာကြောင့်လဲ၊ တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့လူတွေ ကျင့်ရမယ့်ကျင့်ဝတ်ကိုမကျင့်လို့
ကတိမတည်တာဖြစ်ပါတယ်။
(မင်းကျင့်တရား ဆယ်ပါးအကြောင်းကို အင်တာနက်မှာရှာဖွေလေ့လာနိုင်ပါတယ်)
မျိုးစောင့်ဥပဒေဆိုတာ ထွက်လာပြီဆိုပါစို့ ဗမာလိုမပြောတဲ့ ဗမာတွေ၊ ကရင်လိုမပြောတဲ့ ကရင်တွေ၊ ကိုယ့်
မိခင်ဘာသာစကားကို မပြောတဲ့လူတွေကို ဘယ်လိုလုပ်မတုန်း။
ထောင်ဒါဏ်ပေးမလား။ တစ်သက်တစ်ကျွန်းချ မလား။ သေဒါဏ်ပေးမလား။
တတိယနိုင်ငံကို ရောက်နေကြတဲ့ ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကယား အားလုံးကို အကြံပေး
ချင်တာကတော့ ကျုပ်တို့အားလုံးဟာ မိမိရောက်ရှိနေတဲ့ နိုင်ငံရဲ့ဘာသာစကားကို မဖြစ်မနေ ပြောဆိုသုံးစွဲ
ကြရတာ ဖြစ်ပေမယ့်လို့ လုပ်ငန်းခွင်က စာသင်ကျောင်းက (အိမ်အပြင်က) ပြန်ရောက်လာပြီဆိုတာနဲ့ မိမိ
တို့ မိခင်ဘာသာစကားကို ပြောဆိုသုံးစွဲကြပါ။
ဗမာပြည်မှာ ဗမာစကားကိုမသုံးလို့မဖြစ်ဘူးဆိုတာမှန်ပေမယ့် တိုင်းရင်းသားတွေဖြစ်တဲ့ ကျုပ်တို့အနေနဲ့
ကိုယ့်အိမ်ကို ပြန်ရောက်တာနဲ့ ကိုယ့်မိခင်ဘာသာစကားကို ပြောဘို့လိုပါတယ်၊ အထူးသဖြင့် ကရင်တွေ
ကို ပြောလိုခြင်းဖြစ်ပါတယ်။ (အှ်ဟှိင်း ခႜါင္ဖႜဳံ)
အရေးအကြီးဆုံးက ဘာသာခြားနဲ့ပဲ ယူယူ၊ လူမျိုးခြားနဲ့ပဲ အိမ်ထောင်ပြုပြု၊ ဘာသာတူ အမျိုးတူချင်းပဲ မျိုး
ဆက်သစ်ကို တည်ဆောက် တည်ဆောက်၊ ကာယကံရှင်တွေဖြစ်ကြတဲ့ အနှီမိန်းမသား အနှီယောက်ျား
သားတို့သည် မိမိတို့၏ မျိုးဂုဏ်ဇာတိဂုဏ်ကို သူတပါးခိုင်းစေမှုကြောင့်မဟုတ်မူပဲ မိမိတို့၏ ကိုယ်ပိုင်အသိ
တရားဖြင့်ထိန်းသိမ်းမှသာလျှင် မျိုးဆက်တည်တံ့ခိုင်မြဲမည် လို့သာဆိုလိုက်ချင်ပါတယ်ဗျား။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)