• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, July 26, 2013

ဓါတ်လှေကါးနဲ့ အလှဆင်တော့မယ့် ဇွဲကပင်



ဓါတ်လှေကါးနဲ့ အလှဆင်တော့မယ့် ဇွဲကပင်

July 26 2013

By လှိုင်းဒေါန

ဒီရက်အတွင်းကရင်ပြည်နယ်ဘက်က အသံကျယ်ကျယ်ထွက်လာတာကတော့ မလေးရှား နဲ့ ထိုင်ဝမ် ပူး
ပေါင်းပြီး ကျွန်တော်တို့ရဲ့ ကရင်လူမျိုးများအားလုံးအမြတ်တနိုးတန်ဖိုးထာကြတဲ့ ဇွဲကပင်တောင်ကြီးကို လူ
ကြီးလူငယ် အရွယ်မရွေး အလွယ်တကူတက်ရောက်နိုင်အောင် မြန်မာကျပ်ငွေ သန်းပေါင်း တစ်သောင်း တန်ဓါတ်လှေခါး ကေဘယ်လ်ကျိုးတပ်ဆင်ပေးမည် ဆိုတဲ့သတင်းကြောင့် ကရင်ပြည်နယ်သူ ပြည်နယ်
သားများ ၀မ်းမြှောက်ဝမ်းသာနဲ့ ကြိုဆိုကြတဲ့လူရှိသလို ငါတို့မိခင် ငါတို့ရဲ့အသည်းနှလုံးဖြစ်တဲ့ ဇွဲကပင်
တောင်တန်းကြီး ခေတ်ရေစီးကြောင်းအလျှောက် ဓါတ်လှေခါးတပ်ဆင်မှု ပြုလုပ်မည်ဆိုရင်တော့ သူ့ဘ၀ သူ့အလှတွေပျက်စီးသွားမှာပဲ ဆိုပြီးတော့ သဘာဝအလှတရားကို မြတ်နိုးတန်ဖိုးထားတဲ့ ကရင်ပြည်နယ်
သူ ပြည်နယ်သားတွေလည်း များစွာရှိနေမည်ဆိုတာ မငြင်းသာပါ။

သို့ပေမယ့် ခေတ်မှီဖွံ့ဖြိုးနေတဲ့နည်းပညာလောကမှာ ဝေးသောခရီးကိုနီးစေ နီးသောခရီးကိုတိုစေ ဆိုပြီး
တော့ ပြုပြင်ဖန်တီးပေးနေတာတွေ လက်ညှိုးထိုးမလွှဲပါ။

ဒီဇွဲကပင်တောင်ကို အမှီသဟဲပြုပြီး နေထိုင်လှုပ်ရှားနေတဲ့ လူပေါင်းများစွာအတွက် ဒီဇွဲကပင်တောင်ကို
အားကိုးတကြီး ကမ္ဘာမှာဂုဏ်ယူဝင့်ကြွားနေကြတဲ့ ကရင်လူထုတစ်ရပ်လုံးအတွက် ဓါတ်လှေခါးကြောင့်
ကရင်လူထုတစ်ရပ်လုံး ကိုယ်စားပြုပေးနိုင်မည်ဆိုပါက အမိဇွဲကပင်ကြီးကျေကျေနပ်နပ်နဲ့ သူ့ဘ၀ သူ့အ
လှ သူစတေးပေးသွားမှာပါ။

၂၁ ၇ ၂၀၁၃ ရက်နေ့မှာ ဓါတ်လှေခါးအလှူရှင်လာလို့ သောင်းသောင်းဖြဖြ နဲ့ အလှူရှင်ကိုထွက်ကြိုကြ
တဲ့ ဘားအံမြို့သူ မြို့သားများကိုကြည့်ပြီး မိခင် ဇွဲကပင်ကြီးဝမ်းနည်းနေမည်လော သို့မဟုတ် တိုးတက်ဖွံ့
ဖြိုးလာတဲ့သားသမီးများရဲ့အဖြစ်ကို ၀မ်းသာပီတိဖြင့် စောင့်ရှောက်ကြည့်ရှုပါမည်လော။

လှိုင်းဒေါန