Anna Chapman was famously deported in 2010 after being outed as a spy who was posing as a real estate agent in New York City. The femme fatale and 9 other spies were involved in a prisoner swap between Moscow and Washington. Now, Chapman has made a career on her looks. She's walked the catwalk for multiple fashion houses and was even in attendance for the 2013 Cannes Film Festival.
Read more: http://www.nydailynews.com/news/anna-chapman-alleged-russian-spies-gallery-1.18985?pmSlide=1#ixzz2YQ1ZZh4F
Copy from http://www.nydailynews.com/news/anna-chapman-alleged-russian-spies-gallery-1.18985?pmSlide=17
စနိုးဒင် သို့မဟုတ် စပိုင်ချစ်သူ
By ကျော်စိန်
July 7, 2013
လွန်ခဲ့သော ၃နှစ် (၂၀၁၀ ခုနှစ်)က အမေရိကန်ပြည်ထောင် စုတွင် လုပ်ငန်းရှင်တစ်ဦးအဖြစ် အသွင်ယူပြီး
အမေရိကန်ပြည် ထောင်စု၏ အရေးကြီးသတင်းများကို ထောက်လှမ်းကာ ရုရှား နိုင်ငံသို့ ပေးပို့နေကြောင်း
ခိုင်လုံသည့်အထောက်အထားများ တွေ့ရှိသဖြင့် ၎င်း၏ထောက် လှမ်းရေးကွန်ရက်ပါ အေးဂျင့် ၉ ဦးနှင့်အ
တူပြည်နှင်ဒဏ်ပေးခံခဲ့ ရတဲ့ ရုရှားသူလျှိုမယ် အန်နာ ချက်မင် (Anna Chapman) က ကျွန်မ စနိုးဒင်ကို
လက်ထပ်ချင်တယ်။ စနိုးဒင် ကျွန်မကို ပေါင်း သင်းနိုင်မလားလို့ အဓိပ္ပာယ်ရတဲ့ “Snowden, will you
marry me?” လို့ သူ့ရဲ့ တွစ်တာစာမျက် နှာပေါ်ကတစ်ဆင့် ကမ်းလှမ်းခဲ့ ကြောင်း ဇူလိုင်လ ၄ရက် ရာဟူး
သတင်းတစ်ရပ်မှာ “Ex-Russian Spy Anna Chapmam Propose marriage to Edward Snowden”
ခေါင်းစဉ်ဖြင့် ရေးသားထားတာ ဖတ်ရသဗျ။
သူ့အကြောင်းကိုတော့ Hotnews သတင်းပရိသတ်တွေ ကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ လောလောဆယ်သူ
ဟာ ရုရှား နိုင်ငံမှာ ဆယ်လီဘရစ်တီ တစ်ဦး ဖြစ်နေပြီး သူသရုပ်ဆောင်ထား တဲ့ “Secrets of The word”
ရုရှား တီဗွီဇာတ်လမ်းမှာ အလွန်ရေပန်းစားခဲ့ပြီး၊ အဲဒီ ဇာတ်လမ်းတွဲကိုလည်း ထပ်ခါတပ်ခါ လွှင့်ထုတ်ဖို့
တောင်မှ တောင်းဆိုနေကြပါသတဲ့။
အသက် ၃၀သာရှိသေးပြီး ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အားလျော်စွာ ဥပဓိရုပ် သန့်သန့်ပြန့်ပြန့်
နဲ့ ရုပ်ရည်ရူပကာယ ရှုချင်စဖွယ်ဖြစ်တဲ့ သူ့ကို ကမ္ဘာ့မီဒီယာတွေကတော့ အတော်ကြည့်ပျော်ရှုပျော်ရှိတဲ့ အ
မျိုးသမီး(The Saxiast woman) ရယ်လို့တောင်မှ တင်စားပြောကြပါတယ်။
သို့သော် သူ့ရဲ့ကမ်းလှမ်းချက်ကိုတော့ စနိုးဒင်က အင်းမလုပ်၊ အဲမလုပ်နဲ့ တုဏှီဘာဝေ ဆိတ်ဆိတ်နေတုန်း
ပါပဲလို့ သတင်းများကဆိုတယ်။ စနိုးဒင် အကြောင်းကိုတော့ အားလုံး အသိပါ။
လွန်ခဲ့တဲ့ တစ်လ လောက်ကစပြီး ကမ္ဘာ့သတင်း စာမျက်နှာများမှာ အလှုပ်ခတ် ဆုံးသတင်းတစ်ရပ်ကတော့
အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (စီအိုင်အေ) ရဲ့အတွင်းသတင်းများကို ဟောင်ကောင်မှာ ဖွင့်ချခဲ့ပြီး
အဲဒီက တစ်ဆင့် လောလောဆယ် ရုရှားနိုင်ငံ ရှရီမီတိုင်ဗို လေဆိပ်တစ်ခုမှာ ရောက်ရှိနေသူ ဖြစ်တယ်။
အသက် ၃၀သာရှိ သေးတဲ့ စနိုးဒင်ဟာ အမေရိကန် နိုင်ငံတော် လုံခြုံရေးကောင်စီ “National Security
Agency” မှာ တာဝန်ထမ်းဆောင်ခဲ့သူ ၀န်ထမ်းတစ်ဦးပါ။
သူရဲ့ passport (နိုင်ငံကူးလက်မှတ်)ကို အမေရိကန် က ရုတ်သိမ်းထားတာကြောင့် ရုရှားကတော့ လော
လောဆယ် ပြည်ဝင်ခွင့် (Visa) မပေးဘဲရှိနေပါသေးတယ်။ ဒါကြောင့် သူဟာ ရုရှားလေဆိပ်မှာပဲ ရှိနေပုံ
ပေါ်ကြောင်း သတင်းများဖြစ်နေတယ်။
စနိုးဒင်ဟာ သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ၂၁ နိုင်ငံကို လျှောက်ထားကြောင်းလည်း သိရတယ်။ ဒါအပြင် သူ့
ကို အမေရိကန်က သေဒဏ်ပေးထားတယ်လို့လည်း ဆိုတယ်။ ဒီတော့ ရုရှားသူလျှိုမယ်ဟာ စနိုးဒင်ကို အ
မှန်တကယ်ပဲ မေတ္တာသက်ဝင်ချစ်ကျွမ်းဝင်ချင်တာလား။ ဒါမှမဟုတ် ဆိုက်ဝေါ (psy War) လို့ခေါ်တဲ့ အမေ
ရိကန် ပြည်ထောင်စုအပေါ် စိတ်ဓာတ်စစ်ဆင်ရေး တစ်ရပ်ကို ဆင်နွှဲချင်တာလားဆိုတာတော့ ကာယကံရှင်
ကပဲ သိမှာဖြစ်ပါတယ်။
ဒါအပြင် အမေရိကန်နိုင်ငံ တော်လုံခြုံရေးကောင်စီကိုလည်း ချက်ပ်မင်းက “ကျွန်မတို့မွေးတဲ့ ကလေးတွေ
ကို ရှင်တို့စောင့်ရှောက်ရမယ်နော်” လို့ ရိသဲ့သဲ့ ပြောထားလေရဲ့။
ကျော်စိန်
Copy from http://www.hotnewsweekly.com/archives/23060