ဂျိမ်းစ်ဘွန်း၏ရေငုပ်ကားကို
လေလံတင်ရောင်းချမည်
လေလံတင်ရောင်းချမည်
July 15, 2013
By ဥက္ကာအောင်
ကံကောင်းသော လေလံဆွဲယူသူများအနေနှင့် မကြာမီအချိန်အတွင်း ဂျိန်းစ်ဘွန်းဇာတ်ကားများ၏ သမိုင်း
တစ်လျှောက်မှ ကြည်း- ရေနှစ်သွယ်သွားကားကို နေအိမ်သို့ယူဆောင်သွားနိုင်တော့မည်ဖြစ်သည်။
၁၉၇၇ ခုနှစ်က ဂျိမ်းစ်ဘွန်း အဖြစ်ရောဂျာမိုးသရုပ်ဆောင်ခဲ့သည့် The Spy Who Loved Me ဇာတ်ကား
တွင်အသုံးပြုခဲ့သော ရေငုပ်ကားကို အာရ်အမ် လေလံကုမ္ပဏီက စက်တင်ဘာလ ၈ရက်နှင့် ၉ရက်နေ့များ
တွင် လန်ဒန်မြို့၌လေလံတင်ရောင်းချမည်ဖြစ်ပြီး ထိုကားသည်ရုပ်ရှင်ရိုက်ကူးရန်အတွက် တီထွင်ထားသော
ရေအောက်သို့သွားနိုင်သည့် တစ်စီးတည်းသောကားလည်း ဖြစ်သည်။
ထိုကားကို ရေငုပ်သင်္ဘောအဖြစ် ကိုယ်တိုင်မောင်းနှင်နိုင်ပြီး ကားတည်ဆောက်ရန် ထိုစဉ်က ဒေါ်လာတစ်
သိန်းကုန်ကျခဲ့ကာ ယခုပေါက်ဈေးအရဆိုလျှင် ဒေါ်လာလေးသိန်းကျော်မည်ဖြစ်သည်။
ထိုရေငုပ်ကားကို TheSpy Who Loved Me ဇာတ်ကားတွင် ဘဟားမား၌ရေချခဲ့ပြီးနောက် ၁၀နှစ်စာကြို
တင်ဂိုဒေါင်ကြေးပေး၍ နယူးယောက်မြို့ လောင်းအိုင်လန်တွင် ထိန်းသိမ်းထားခဲ့သည်။
ထို့နာက် ၁၉၈၉ခုနှစ်တွင် ဂိုဒေါင်တွင်းရှိကုန်သေတ္တာများကို မျက်ကွယ်လေ လံတင်သောအခါ စုံတွဲတစ်တွဲ
က ကုန်သေတ္တာတစ်လုံးကို ဈေးပေါပေါဖြင့် ၀ယ်ယူသွားခဲ့ပြီး ထိုကုန်သေတ္တာတွင်း၌ ကား ကိုတွေ့ရှိခဲ့ရခြင်း
ဖြစ်သည်။
ယခုလေလံကုမ္ပဏီက လေလံတင်ရရှိမည့်ငွေ မည်မျှရှိနိုင်မည်ကို ခန့်မှန်းပြောကြားခြင်းမပြုသော်လည်း
ဂျိမ်းစ်ဘွန်းဇာတ်ကား အမှတ်တရပစ္စည်းဖြစ်နေသည့်အတွက် ကိန်းဂဏန်း ၇လုံးထိ ရောက်ရှိမည်ကား
သေချာကြောင်းလည်း သိရှိရသည်။
ဥက္ကာအောင်
Source: The Hollywood Report
Copy from http://www.hotnewsweekly.com/archives/23433
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)