• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, July 16, 2013

ဗိုလ်မှူးကြီး နယ်ဒါးမြက အစိုးရနှင့် တွေဆုံနေသော်ငြား စစ်ရေးလည်း ပြင်ဆင်ဖို့လိုဟု ဆို

ဗိုလ်မှူးကြီး နယ်ဒါးမြနှင့် တပ်ဖွဲ့ဝင်အချို့

အစိုးရနှင့် တွေ့ဆုံနေသော်ငြား 

စစ်ရေးလည်း ပြင်ဆင်ဖို့လိုဟု 

ဗိုလ်မှူးကြီးနယ်ဒါးမြပြောဆို

ဇူလိုင်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။

By (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် နိုင်ငံရေးအရ အစိုးရနှင့်တွေ့ဆုံစကားပြောနေသည့် တချိန်
တည်းတွင် စစ်ရေးဘက်ကလည်း ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ယနေ့ကျရောက်
သည့် (၆၆)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDOနေ့တွင် KNDO၏ ယာယီဥက္ကဌ
ဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးနယ်ဒါးမြက
“အခု ကျနော်တို့ခေါင်းဆောင်တွေက နိုင်ငံရေးအရ စကားပြောနေတယ်။
ကျနော်တို့ကလည်း စစ်ရေးအရ ပြင်ဆင်စရာရှိတာတွေကိုတော့ ပြင်ဆင်ရမှာပဲ။
ဆိုရိုးစကားရှိပါတယ်။
ရန်သူနဲ့ စကားပြောတဲ့အခါမှာ စစ်ရေးဘက်ကလည်း ကျစ်ကျစ်လစ်လစ်ရှိဖို့ လိုပါတယ်။
ဒါက ကျနော်တို့ တာဝန်ပါပဲ။” ဟု ပြောသည်။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံစကားပြောနေသော်လည်း တစ်ဘက်
တွင် စစ်ရေးလှုပ်ရှားမှုနှင့် နယ်မြေစိုးမိုးမှုများ လုပ်ဆောင်နေသည့်အပြင် တိုင်းရင်းသားဒေသအချို့တွင်
တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်နေသည်ကို ၎င်းက နှိုင်းယှဉ်သုံးသပ် ပြောဆိုလိုက်ခြင်းဖြစ်သည်။

KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြကို ယခုလ ဇူလိုင်လ ၈ရက်
မှ ၉ရက်နေ့အထိ KNU ထိန်းချုပ်ရာ နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်သည့် KNDO တပ်ဖွဲ့၏ တပ်ဖက်
ဆိုင်ရာ အစည်းအဝေး၌ ယခင် KNDO ဥက္ကဌဟောင်း ဗိုလ်ချုပ်မန်းကျော်ဖေ၏တာဝန်ကို ယာယီလွှဲပြောင်း
ခံရခြင်းဖြစ်ပြီး မကြာခင်တွင် ထပ်မံကျင်းပမည့် KNU တပ်ဘက်ဆိုင်ရာ အစည်းအဝေးတွင် တရားဝင်အသိ
အမှတ်ပြုသွားမည်ဖြစ်သည်ဟု သိရသည်။

ယနေ့ကျရောက်သည့် (၆၆)နှစ်မြောက် ကရင်အမျိုးသာ ကာကွယ်ရေးတပ်ဖွဲ့ (KNDO)နေ့ကို ကရင်ပြည်
နယ်၊ ကော့ကရိတ်မြို့နယ်၊ အူကရေ့ခီးရှိ KNDO ၏ ဗဟိုဌာနချုပ်တွင်ကျင်းပပြုလုပ်ခဲ့ရာ KNDO ယာယီ
ဥက္ကဌ ဗိုလ်မှူးကြီးနယ်မြ၊ KNDO တပ်မှူးတပ် သားများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသူကျောင်းသား
များ အပါအ၀င် စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

KNU တပ်သားအချို့


ဆက်လက်၍ ဗိုလ်မှူးကြီးနယ်ဒါးမြက
“ကျနော်တို့ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကို ဆက်ပြီး လုပ်ရမှာပဲ။
ပြည်သူတွေကိုကျနော်ပြောချင်တာက ဒီနေ့ (၆၆)နှစ်မြောက် ကေအဲန်ဒီအိုနေ့မှာ အသက်ကို စွန့်လွှတ်သွား
ခဲ့တဲ့ ကျနော်တို့ခေါင်းဆောင်တွေနဲ့ လက်ရှိ အလုပ်လုပ်နေဆဲ ခေါင်းဆောင်တွေကိုလည်း အောက်မေ့ကြ
ပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

နံနက် (၉)နာရီမှ (၁၀)နာရီအထိ ကျင်းပပြုလုပ်သည့် အဆိုပါအခမ်းအနားတွင် ကေအဲန်ဒီအို ယာယီဥက္ကဌ
မှ အဖွင့်မိန့်ခွန်း ပြောကြားပြီးနောက် ယခင် ဥက္ကဌဟောင်း ဗိုလ်ချုပ်မန်းကျော်ဖေ၏ မိန့်ခွန်းဖတ်ကြားခြင်း၊
ကရင်အမျိုးသမီးအစည်းအရုံးမှ သ၀ဏ်လွှာပေးပို့ခြင်းနှင့် KNDOနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းပြခြင်း
နှင့် တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများမှ တေးသီချင်းသီဆိုဖျော်ဖြေခြင်း အစီအစဉ်များ
ပြုလုပ်ခဲ့သည်။

ကေအဲန်ဒီအိုသည် ကရင်အမျိုးသားခုခံတော်လှန်စစ် မစတင်မှီ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် က
ရင်ပြည်သူများ၏ လွတ်လပ်မှုနှင့် တရားသော ရပိုင်ခွင့်များအတွက် လှုပ်ရှားမှုအပေါ် တိုက်ခိုက်လာကြမည့်
အန္တရာယ်မှ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် ကေအဲန်ယူ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်ခဲ့
သူ ကာကွယ်ရေးဌာနတာဝန်ခံ မန်းဘဇံက စတင် ဦးဆောင်ဖွဲ့စည်းခဲ့သည်။

Source news from
http://www.kicnews.org/?p=17681