• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, July 23, 2013

CRIက ဦးစီးကျင်းပတဲ့ တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှုခရီးစဉ်


CRIက ဦးစီးကျင်းပတဲ့ 

တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှုခရီးစဉ်

2013-07-23

CRIက ဦးစီးကျင်းပတဲ့ တရုတ်ဗုဒ္ဓဘာသာယဉ်းကျေးမှုခရီးစဉ်ကို ၂၀၁၃-ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့မှ
(၂၈)နေ့ ၂၀၁၃ခုနှစ်အထိ တရုတ်ပြည် ပေကျင်းနဲ့ ဟူနန်ပြည်နယ် ဇီရှင်းမြို့တို့မှာ ပြုလုပ်နေပါတယ်။
ဒီအကြိမ် လှုပ်ရှားမှုဟာ CRI က ပထမဦးဆုံး အကြိမ် ဦးစီးကျင်းပတာဖြစ်ပြီး အရှေ့တောင်အာရှက ဗုဒ္ဓ
ဘာသာနိုင်ငံများဖြစ်ကြတဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို(၄)နိုင်ငံက မီဒီယာအဖွဲ့တွေကိုဖိတ်ခေါ်
ထားပါတယ်။



တရုတ်ဗုဒ္ဓဘာသာအသင်းဟာ ဒီအကြိမ်လှုပ်ရှားမှုအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးမှု ပေးခဲ့ပါတယ်။
ဒါကြောင့် ခရီးစဉ်ရဲ့ ပထမဆုံးနေ့မှာပဲ သတင်းထောက်တွေက ဗုဒ္ဓဘာသာအသင်းကြီးကို သွားရောက်လေ့
လာကြည့်ရှုခဲ့ပါတယ်။




တရုတ်ဗုဒ္ဓဘာသာအသင်းဟာ ပေကျင်းမြို့တွင်းက နာမည်ကြီး ရှေးဟောင်းဘုရားကျောင်းဖြစ်တဲ့ Guang Ji
ဘုရားကျောင်းဝင်းထဲမှာတည်ရှိပါတယ်။
အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် လပြည့်နေ့နဲ့တိုးသွားလို့ ဘုရားကျောင်းမှာ လူစည်ကားနေတာကို တွေ့ရပါ
တယ်။




လပြည့်နေ့မှာ နံနက်(၈)နာရီခွဲမှ (၉)နာရီ(၅၀)အထိ ဘုရားပူဇော်ပွဲရှိတယ်လို့ ဗုဒ္ဓဘာသာအသင်းက တာ
ဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပွဲကိုမမီလိုက်ရပေမဲ့ မြန်မာပြည်က တရုတ်ဘုံကျောင်းနဲ့မတူဘဲ တရုတ်ဘုရားကျောင်းရဲ့ ထူးခြားတဲ့ အရ
သာကို တစ်ဝကြီး ကြည့်ရှုခံစားလို့ရတာပေါ့။

Copy from http://myanmar.cri.cn/666/2013/07/23/1s26450.htm