Source Photo from Karen Human Right Group
မြိုင်ကြီးငူဒေသ မြေမြုပ်မိုင်းပြဿနာ
DKBA နဲ့BGF တို့ စ,ရှင်းမည်
Wednesday, 17 July 2013
Written by ဖြူဖြူကို
ကရင် လက်နက်ကိုင် အဖွဲ့ (၅)ဖွဲ့တို့မှ ကရင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် မြေမြုပ်မိုင်းများရှင်းလင်း မူအရ သဘောတူညီချက်ထားရှိကြသော်လည်း ဦးစွာ မြိုင်ကြီးငူဒေသရှိ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မ
တော် (DKBA) နှင့် အစိုးရနယ်ခြားစောင့်တပ် (BGF)တို့နယ်မြေတွင်းရှိ မိုင်းများကိုသာ ယခုဇူလိုင်လ မကုန်
မှီ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း DKBA ပြောခွင့်ရ ဗိုလ်မှူးစောဆန်းအောင်က ဆိုပါသည်။
ဤမြိုင်ကြီးငူဒေသရှိ မြေမြုပ်မိုင်းများသည် ၁၉၉၄ ခုနှစ်တွင် DKBAတပ်ဖွဲ့က ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ခွဲထွက်စဉ်ကတည်းက စတင်မြှုပ်နှံထားခဲ့သည်။ ထို့ပြင် ၂၀၁၃ ဧပြီလ (၂၇)ရက်နေ့တွင် DKBA
နှင့် အစိုးရနယ်ခြားစောင့်တပ် (BGF)တို့ သုံးရက်တာတိုက်ပွဲဖြစ်ပွားစဉ်၌ ထောင်ထားသည့် မြေမြုပ်မိုင်းများ
လည်း ရှိနေပါသည်။
ယခု DKBA နှင့် BGF တပ်ဖွဲ့များမှ ပူးပေါင်းရှင်းလင်းဖော်ထုတ်မည်ဟု ဆိုသောမိုင်းများသည် ယခု နှစ်ဆန်း
က နှစ်ဖက်ပြဿနာဖြစ်စဉ် နှစ်ဖက်တပ်စခန်းများ လုံခြုံရေးအတွက် ထောင်ထားသည့် မိုင်းများအား ရှင်း
လင်းမည်ဟု ဆိုပါသည်။
Source Photo from http://www.google.com/images
“တဖက်နဲ့တဖက် ယုံကြည်မှုအားနည်းတဲ့အပေါ်မှာ ကာကွယ်တဲ့အနေနဲ့ မိုင်းတွေထောင်ထားကြတာပါ။
ကျနော်တို့ ပြဿနာတွေကြောင့် လူထုတွေက ဒုက္ခရောက်ရပါတယ်။
ဇူလိုင် ၁၃ရက်က ကျနော်တို့ဆွေးနွေးပွဲလုပ်တော့ မိဇိုင်းရွာဘက်မှာထောင်ထားတဲ့မိုင်းတွေကို ပူးပေါင်းဖော်
ထုတ်ကြဖို့အတွက် နှစ်ဖက်သဘောတူ ကြတယ်။
ညီအစ်ကို တွေပဲရန်ဖြစ်လည်းခဏပေါ့၊ အခု ကျနော်တို့ အဆင်ပြေ သွားကြပြီ။
မိုင်းတွေကိုဓား၊ ဓားမြှောင် တွေနဲ့တူးဖော်ပြီး ကိုယ်ထူကိုယ်ထပဲ လုပ်မှာပါ”
ဟု DKBA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စောဆန်းအောင်က ပြောသည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်တွင်းရှိ အဆိုပါမြိုင်ကြီးငူအထူးဒေသ၌ ဗိုလ်ကျော်ဘိဦးဆောင်သော DKBA
တပ်ဖွဲ့နှင့် နှင့် ဗိုလ်မှူး ချစ်သူဦးဆောင်သော BGF တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် လာပူ၊
မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ စသည့် ကျေးရွာများ၌ ၃ရက်ကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါသည်။
Source Photo from http://www.google.com/images
ထိုနေရာတွင် ထောင်ထားသည့် မြေမြုပ်မိုင်းများသည် လက်လုပ်မိုင်းများသာ ဖြစ်ပါသည်။ အချို့ မိုင်းများ
သည် ဖော်ထုတ်၍ရသော မိုင်းများဖြစ်သော်လည်း အချို့ဖော်ထုတ်၍ မရသည့်မိုင်းများကိုမူ ဖောက်ခွဲ ဖျက်
ဆီးသွားမည်ဟု ဆိုပါသည်။
မကြာမီ ကာလများအတွင်း DKBA နှင့် BGF တာဝန် ရှိသူများမှ မြိုင်ကြီးငူဒေသရှိ မိဇိုင်းရွာဘက်သို့ သွား
ရောက်ကာ လူထုရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့များ သင့်သင့်မြတ်မြတ် ဖြစ်သွားကြ ပြီ
ဆိုသည့်အကြောင်းနှင့် ထောင်ထားသည့် မြေမြုပ်မိုင်းများကို စတင်ဖော်ထုတ်သွားမည့်အကြောင်း အသိ
ပေးပြောကြားသွားမည် ဖြစ်သည်ဟု ဗိုလ်မှူးဆန်းအောင်မှ ပြောပါသည်။
ဇူလိုင်လ ၁၃ ရက်နေ့က နယ်ခြားစောင့်တပ်၏ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲသည် က
ရင်လက်နက်ကိုင်အဖွဲ့ ညီညွတ်ရေးကော်မတီ၏ အရေးပေါ်အစည်းအဝေး ဖြစ်ကာ DKBA နှင့် BGF ပြဿ
နာကို ဖြေရှင်းရန်နှင့် မလိုအပ်ပဲမိုင်းထောင်သည့်ကိစ္စသည် ပြည်သူလူထုအား အန္တရယ်ဖြစ်စေသည့်အ
တွက် မိုင်းကိုဖော်ထုတ်ကြရန် ဆွေးနွေးခဲ့ကြရာမှ သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
ကရင်လက်နက်ကိုင်အဖွဲ့ ညီညွတ်ရေးကော်မီတီကို ဖွဲ့စည်းပြီးနောက် ၃ လ တစ်ကြိမ်ကျ ပုံမှန် အစည်းအ
ဝေး ခေါ်ယူရန် ဆုံးဖြတ်ချက်ချထားခဲ့ပါသည်။
အဆိုပါအစည်းအဝေးအား တက်ရောက်ခဲ့သည့် KNU တပ်မဟာ ၇ ကိုယ်စားလှယ်ကမူ KNU အနေဖြင့်
လက်ရှိကာလ၌ KNU အနေဖြင့် မြေမြုပ်မိုင်းများအားလုံးကို ရှင်းလင်းဖော်ထုတ်သွားရန်မှာ မဖြစ်နိုင်သေး
ကြောင်း ဆိုပါသည်။
“ကျနော်တို့ဘက်ကတော့ မိုင်းရှင်းလင်းဖို့က အားလုံးတော့ မူအရသဘောတူထားပေမယ့် အတိုင်းအတာ
ကြီး တစ်ခုလုံးကိုတော့ အခု လုပ်မှာမဟုတ်သေးပါဘူး။
ဒါပေမယ့် အချိန်ရောက်လာရင်တော့ အားလုံးဖော်ထုတ်သွားမှာပါ။
အခုအချိန်မှာ BGF နဲ့ DKBA ခွင်လောက်ကိုပဲ ဖော်ထုတ်ဖို့ သဘောတူညီထားတာပါ”
အဆိုပါ အစည်းအဝေးအား တက်ရောက် ခဲ့သည့် KNU တပ်မဟာ (၇) ကိုယ်စားလှယ် ဗိုလ်မှူးကြီး စော
ဖောဒို့က ပြောပါသည်။
Copy from
http://www.phophtawnews.org/burmese/index.php/news/internal-news/item/501-dkba-bgf.html