ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး H.E. Cornelia Piepe
အလောင်းဘုရားက
တတိယမြောက် ဂျော့ဂ်ျဘုရင်အား ပေးပို့ခဲ့သည့်
ရွှေပေလွှာကို
ဂျာမနီမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်
Wednesday, 17 July 2013
မြန်မာဘုရင် အလောင်းဘုရားက တတိယမြောက် ဂျော့ဂ်ျဘုရင်အား ပေးပို့ခဲ့သော ရွှေပေလွှာကို ဂျာမနီနိုင်
ငံရှိ ဟန်နိုဘာ ပြတိုက်တွင်သိမ်းထားရာမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး H.E. Cornelia Pieper က ပြောကြားခဲ့သည်။
Source Photos from
http://stutenzeehistoryblog.blogspot.com/2012/10/royal-correspondence-in-curiosity.html
Source Photos from
http://stutenzeehistoryblog.blogspot.com/2012/10/royal-correspondence-in-curiosity.html
Source Photos from
http://stutenzeehistoryblog.blogspot.com/2012/10/royal-correspondence-in-curiosity.html
"မြန်မာရှင်ဘုရင် အလောင်းဘုရားကနေပြီး ဂျော့ဂ်ျဘုရင်ကို ပေးထားတဲ့ ရွှေပေလွှာကို ပြန်လည်လွှဲပြောင်း
ပေးဖို့အတွက် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ စကားပြောထားတာ ရှိပါတယ်။
ဂျာမနီနိုင်ငံဘက်က စီစဉ်ပေးထားတာတွေ ရှိပါတယ်။
ပန်လွှဲပေးဖို့လည်း အတည်ပြုပြီးသားပါ။
သူတို့ပြတိုက်ထဲမှာ သိမ်းထားတဲ့ပစ္စည်းဆိုတော့ နှစ်နိုင်ငံသံတမန်နည်းအရ လုပ်ဆောင်ရမယ့် အဆင့်လေး
တွေတော့ ရှိပါသေးတယ်" ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် Minister of
State Department တို့ တွေ့ဆုံစဉ် အဆိုပါ ရွှေပေလွှာကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန်
လိုအပ်သော အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။
Copy from http://weeklyeleven.com/local/21159-
အဲဒီသတင်းတိုလေးကို အီလဲဗင်း မီဒီယာ ဂရု ကနေ ကူးယူထားတာပါ ဓါတ်ပုံတွေကတော့ အလောင်းဘု
ရားမင်း က ဂျော့ဘုရင်ကို ပေးခဲ့တဲ့ ရွှေပေလွှာပုံတွေဖြစ်ပါတယ်။ သို့သော် ဓါတ်ပုံရရှိတဲ့ နေရာက သမိုင်း
အချက်အလက်ထဲမှာတော့ တတိယမြောက် ဂျော့ဘုရင်မဟုတ်ပဲ ဒုတိယမြောက် ဂျော့ဘုရင်လို့ ရေးသား
မှတ်တမ်းတင်ထားတဲ့အတွက် ပိုသေချာအောင် ဆက်ပြီးရှာလိုက်တဲ့အခါ ဒုတိယမြောက် ဂျော့ဘုရင်လို့သာ
ဖေါ်ပြထားတာကို တွေ့ရပါတယ်။
You tube ထဲက TS Sai ရဲ့ မှတ်တမ်းကို ကြည့်လိုက်တဲ့အခါမှာ အောက်ပါအတိုင်းဖေါ်ပြထားတာ တွေ့ရ
ပြန်တာမို့ တတိယမြောက် ဂျော့ဘုရင်မဟုတ်ပဲ ဒုတိယမြောက် ဂျော့ဘုရင်သာ ဖြစ်တယ်ဆိုတာ တွေ့ရတဲ့
အကြောင်း ထပ်ဆင့်ကူးယူဖေါ်ပြလိုက်ရပါတယ်။
အပြည့်အစုံ လေ့လာသိရှိချင်တယ်ဆိုလျင်ဖြင့် အောက်က လိပ်စာအတိုင်း သွားရောက်လေ့လာနိုင်ပါ
ကြောင်း သတင်းပါးလိုက်ပါတယ်။
http://stutenzeehistoryblog.blogspot.com/2012/10/royal-correspondence-in-curiosity.html
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)