Source photo from http://www.google.com/images
ရေသည် ဇာတ်လမ်း
August 1, 2013
မန္တလေး-ပြင်ဦးလွင်လမ်း ၁၉မိုင် အနီးဝန်းကျင်က လူပုဂ်္ဂိုလ်တွေနဲ့ ပထမအကြိမ် နောင်ချို ခရီးစဉ်မှာစ,တင်
သိကျွမ်းခဲ့ပါတယ်။ သူတို့တွေအုပ်စုက ၁၉မိုင်အနီးအပါး ကျေးရွာကနေလာပြီး လုပ်ကိုင်စားသောက်နေသူ
တွေပါသလို ရပ်ဝးက,လာရောက် လုပ်ကိုင်စားသောက်နေထိုင်သူတွေလည်း ပါတယ်။
မှတ်မှတ် ရရကျွန်တော်တို့ ဘိုကလေးမြို့နယ်ထဲက ဘကြီးတွေတောင်ပါသေးတယ်။ နာဂစ် ဖြစ်ပြီးနောက်
ပိုင်း ပြောင်းရွှေ့လာကြပြီး သူများတိုးထားတဲ့ မြေကွက်ကိုဝယ်ပြီး လုပ်ကိုင်စားသောက်နေကြတယ်။
ပထမတစ်ခေါက်တုန်းကတော့ အဲဒီလူတွေကို သစ်တောက တရားစွဲပြီး မောင်းထုတ်တဲ့ကိစ္စ။
ဘကြီးငွေပေါ ဆိုတာလည်း အဲဒီလိုပဲ ရပ်ဝေးကလာပြီး လုပ်ကိုင်စားသောက်နေသူ တစ်ဦး။ ပထမဆုံး
ဆိတ်တွေကျောင်းနေတယ်။ ဆိတ်အုပ်တွေ ဖြုတ်ပစ်လိုက်ပြီး (တောအုပ်)က မြေဂရံလုပ်ပေးမယ်။
စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ဖို့ပြောတော့ ရှာဖွေထားတာလေးတွေ အကုန်အကျခံပြီး လုပ်လိုက်တယ်။
တောအုပ်ဆိုသူက အဲဒီအကွက်တွေမှာ လုပ်ကိုင်စားသောက်နေသူတွေ ဆီကပိုက်ဆံတွေတောင်းပြီး
ဂရံလုပ်ပေးတယ်။ အဲဒီလို ဂရံထုတ်ပေးပြီးမှ ဂရံစာအုပ်တွေပြန်ယူသွားလို့ သူတို့ခမျာမှာ ဖတ်ဖတ်မောဖြစ်
ခဲ့ရပါတယ်။
တရားစွဲဆိုခံရတဲ့ ကိစ္စမှာတော့ အဲဒီလူတွေဘက်က အခမဲ့အကျိုးဆောင်ရှေ့နေကြီးကာင်းလို့လည်း ဒဏ်
ငွေလောက်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ယခုတစ်ဖန် ဆက်သွယ်လာပြန်တယ်။ ကျွန်တော်မသွားချင်ပါဘူး။ အကြိမ်ကြိမ်အခါခါပြောဆိုတဲ့အခါ ကျွန်
တော် ရောက်သွားဖြစ်တယ်။ အကြောင်းကတော့ ၁၉မိုင်အနီးဝန်းကျင်က ရေ သည်တွေကို မောင်းထုတ်နေ
လို့။ ကူညီ ပေးပါတဲ့။ အဲဒီလိုကိစ္စတွေမှာ ဌာနဆိုင်ရာတွေအများကြီးပါဝင်တယ်။
ကိုယ်တွေက ဒီလူတွေဘက်က ၀င်ရပ်တည်မိရင် တာဝန်ဝတ္တရား နှောက်ယှက်မှုတွေ ဖြစ်လာမယ်။
အဲဒါကြောင့်လည်း အတော်ကိုစဉ်းစားခဲ့ရပါတယ်။
အဲဒီလမ်းဘေးဈေးသည်လေးတွေ ကိစ္စနဲ့ပတ်သက်လို့လည်း ပထမတစ်ခေါက် သွားစဉ်က ပြောပြထားတာ
လေးတွေရှိပါတယ်။ ဈေးဆိုင်တွေကို လာဖယ်ခိုင်းတယ်။ ဖယ်မပေးရင် ဌာနဆိုင်ရာတွေက ကိုယ်တိုင်ဖျက်
ဆီးသွားတာမျိုးရှိတယ်။ သူတို့မှာကည်း ပြောင်းရွှေ့စရာမရှိတော့ နေရာလေးတွေမှာပဲ ပြန်ပြီးနေမြဲ အတိုင်း
နေတယ်။လုပ်ကိုင်စားသောက် ကြတယ်။ အဲဒီလိုတွေ မဖြစ်ချင်တာတော့ သူတို့ဆန္ဒပေါ့။
အခုလည်း ထိုနည်း၎င်းပါပဲ။ မြို့နယ်အုပ်ချုပ်ရေး၊စည်ပင်၊သစ်တော၊ရဲတပ်ဖွဲ့များ၊ကျေးရွာဥက္ကဋ္ဌများ ပါဝင်တဲ့
အဖွဲ့အစည်းပေါင်းစုံက သူတို့ကို ၁၃ရက်နေ့မှာ စာထုတ်ပေးပြီး ပြောင်းရွှေ့ဖယ်ရှားပေးဖို့ လာပြောသွားပါ
တယ်။
အဲဒီမတိုင်ခင်က လမ်းပိုင်းကပုဂိ္ဂုလ်တွေကတော့ လုံးဝ အရှင်းပြောင်းရွှေ့ပေးဖို့မဟုတ်ဘဲ လမ်းနဲ့လွတ်
အောင် ဆိုင်လေးတွေရွှေ့ဆောက် ဖို့ပြောတာမျိုးတွေရှိတယ်။ ဌာနဆိုင်ရာပေါင်းစုံ လာပြီးပေးတဲ့စာထဲက
အရဆိုရင်တော့ အရှေ့ကလမ်း၊ အနောက်က သစ်တော ဒီလူတွေ ဘယ်လိုမှနေလို့မရဘူး ဆိုတဲ့ပုံစံမျိုးပေါ့။
အဲဒီအကြောင်းကို ဂျာနယ်မှာလည်း ဖော်ပြထားတယ်။
၂၀.၇.၂၀၁၃ ရက်နေ့မှာ အပြီး ပြောင်းရွှေ့ဖယ်ရှားပေးရမယ်လို့ ပါရှိတယ်။ ဆဲဗင်းဒေး ဂျာနယ်ရဲ့ဖော်ပြ
ချက်အရတော့ ၁၆မိုင်၎ဖာလုံကနေ ၂၃မိုင်အထိ ကြားထဲက လမ်းဘေးဝဲယာဆိုတော့ ဆိုင်တွေက အတော်
များပါတယ်။ အထူးသဖြင့် ၂၁မိုင်ဂိတ်ပေါ့။
အဲဒီစာစောင်ကိုကိုင်ထားတဲ့ ရေသည် ကိုမျိုးဝင်းက လာပြတယ်။
ဒီစာအရဆိုရင် ၂၁ မိုင်ဘက်မှာရောခင်ဗျားတို့လိုပဲ ဖယ်ရှားပေးဖို့ ပြောဆိုတာမျိုးတွေရှိသလား စုံစမ်းသင့်
တယ်ပေါ့။ ကိုသိန်းစိုးဝင်းက ၂၁မိုင်မှာရှိတဲ့ သူ့မိတ်ဆွေဆီ သွားရောက်စုံစမ်းကြည့်ပါတယ်။ ဖယ်ရှားပေး
ဖို့ ပြောဆိုတာမျိုး မရှိကြောင်း သိခဲ့ရတယ်။
နောက်ပြီး သူတို့အတွက်တစ်ခုစဉ်းစားတာက စည်ပင်သာယာအခွန်မဆောင်လို့လား။ ၂၁မိုင်ဘက်မှာရော
ပေးရတာမျိုး ရှိသလားပေါ့။ စည်ပင်သာယာက ချထားပေးတဲ့ စားသောက်ဆိုင်ကြီးတွေမှအပ ကျန်ဈေးဆိုင်
လေးတွေဟာ ဘာမျှ အခွန်ပေးဆောင်ရခြင်း မရှိပါဘူးတဲ့။
အဲဒီအတွက် ဘယ်လိုလုပ်ကြရမလဲဆိုတဲ့ အကြံဥာဏ်နဲ့ပတ်သက်လို့တော့ ကျွန်တော် ဘယ်လိုမှမတတ်နိုင်
ဘူး။ ကျားသနားမှ နွားချမ်းသာမယ်။ အသနားခံရုံမှတစ်ပါး မတတ်နိုင်ဘူ။ ခင်ဗျားတို့တတွေ လာရောက်
လုပ်ကိုင်စားသောက်နေထိုင်ရခြင်း အကြောင်းလေးတွေကို အမှန်အတိုင်းပြောပြကြ။ လမ်းမကြီးနဲ့မလွတ်
ဘူးဆိုရင် နောက်ဆုတ်ပေးလိုက်ကြ။ သက်ဆိုင်ရာတွေဘက်က နောက်မဆုတ်လည်း သစ်တောအဆုတ်
မခံဘူးလို့တော့ မလုပ်သင့်ဘူးပေါ့ဗျာ။ နောက်ပြီး ရေသည်တွေလို ခင်ဗျားတို့ကရောအခွန်အခပေးဆောင်
ပြီး လုပ်နိုင်တဲ့အနေအထားရှိလားလို့ မေးကြည့်တယ်။ သင့်တော်တဲ့ပမာဏဆိုရင်တော့ ပေးကြရမှာပေါ့။
လစဉ်အခွန်သဘောမျိုး ပေးဆောင်ရမည်ဆိုလည်း ပေးကြမှာပါ။ ဒီနှစ်အတိုင်းအတာမှာ မိုးခေါင်တယ်။ ရေ
သည်တချို့ ရေ၀ယ်ပြီးသုံးနေကြရတယ်။ ဒီရေသည်တွေက ဦးပုညရေးတဲ့ ဇာတ်ထုပ်ထဲက ရေသည်ပုံစံမျိုး
တော့ မဟုတ်ပါဘူး။ ဆင်းရဲကြတာတော့ အမှန်ပါ။
လူဆိုတာ စိတ်ချမ်းသာမှုနောက်ကို လိုက်တတ်ကြပါတယ်။ မကြာမကြာ ဖယ်ရှားမောင်းနှင်ခြင်းခံလာရတဲ့
အခါမှာ နေသာနေကြရတယ်။ စိတ်ချမ်းသာ ကိုယ်ချမ်းသာ မရှိကြတော့ဘူး။ စိုးရိမ် ထိတ်လန့်နေကြရတဲ့
အနေအထားမှာ အလွယ်တကူ ပြောင်းရွှေ့သွားလို့ရမယ့် နေရာမျိုးရှိရင် သူတို့တွေ လစ်သွားကြတာ ကြာပါ
ပြီ။ ဒီအလုပ်၊ ဒီနေရာကိုစွန့်ပြီး နောက်အလုပ်က ဘာဖြစ်မယ်မသေချာဘူး။ ဘယ်နေရာကို ရွှေ့လို့ရွှေ့ရ
မယ်မသိဘူး။ အဲဒီလိုနဲ့ တွယ်ကပ်နေကြရသူတွေပါ။ ၀န်ထမ်းတွေက ပြည်သူအပေါ် မြင်တဲ့အမြင်နဲ့ ပြည်သူ
က ပြည်သူအပေါ် မြင်တဲ့အမြင်က တော်တော်ကွာပါတယ်။
ရန်ကုန်မြို့တော်ကြီးမှာ ကျူးကျော်တွေ မှိုလိုပေါက်ပြီး ဖယ်မရ၊ ရှင်းမရ ဖြစ်နေတာက တချို့နေရာတွေမှာ
စည်ပင်က ပိုက်ဆံယူပြီးလုပ်ထားကြတာတွေရှိသလို ကျူးကျော်သူတွေရဲ့ လောဘရမ္မက်လည်း ပါပေမပေါ့။
အခု ၁၉မိုင်အနီးဝန်းကျင်က ရေသည်တွေဟာ ချက်ချင်းလက်ငင်း မှိုလို ပေါက်လာကြသူတွေတော့မဟုတ်
ပါဘူး။ သူတို့ရဲ့ဖြစ်စဉ်လေးတွေကို ကြားသိစေ ချင်ပါတယ်။ ၁၉မိုင်နားကိုရောက်တာ ၈ နှစ်ကြာ ပြီးဖြစ်တဲ့
ဘကြီးငွေပေါ နဲ့ဇနီး ဒေါ်သောင်းစိန်တို့ကိုမေးမြန်းကြည့်တဲ့အခါမှာ
“အဘစ,ရောက်လာတုန်းက ဒီတောထဲမှာ ဆိတ်ကျောင်းတာပါ။
ဆိတ်ကျောင်းနေရင်းက နှင်ထုတ်တော့ အဘပြန်မယ် ဆိုပြီး လုပ်တယ်။
အဲဒါကို တောအုပ်က ဂရံထုတ်ပေးမယ်မပြန်နဲ့လို့ ပြောတော့ မပြန်ဘဲ ဆက်နေတယ်။
ဂရံရထားတဲ့ မြေလေးလည်း ရှိပါတယ်။ မြေလေးက တစ်ဧကလောက်တည်းပါ။
အဲဒါလေးမှာက နှစ်ရှည်ပင်တွေ စိုက်ထားတယ်။
လတ်တလောစားဖို့ကြတော့ ရေထွက်ရောင်းပြီး ဖြေရှင်းရတာပေါ့။ အားကိုးရတဲ့ သားတစ်ယောက်ကလည်း
ကျန်းမာရေးမကောင်းလို့ ဆေးကုနေရတယ်ကွာ။
အဘ ဒီမှာနေတာ(၈)နှစ်လောက်ကြာပြီ ဆိုပေမယ့် ရေဆိုင်လေးဖွင့်တာတော့(၁) နှစ်ကျော်ပဲရှိပါသေး
တယ်။ ဒီနှစ်မိုးခေါင်တော့ ပဲလေးတွေ စိုက်ထားတဲ့ဟာကလည်း မအောင်မြင်ဘူး။
အခုရေဆိုင်အတွက်ကိုတောင် ရေက ၀ယ်သုံးနေရတယ်။ ပိုလျှံတယ်လို့ မရှိလှပါဘူး။ စားဖို့ ရရုံလေးပါပဲ။”
ဟု ဆိုသည်။
ကိုထွန်းမင်းလတ်တို့ ဇနီးမောင်နှံကို မေးမြန်းကြည့်တဲ့အခါမှာ
“ရေဆိုင်လေးဖွင့်ထားတာ (၂)နှစ်နီးပါးရှိပြီ။
ဒီမှာနေစဉ်ကာလမှာ ၂ကြိမ်လောက်ဖယ်ရှားခိုင်းခံရ ပြီးပြီ။
ပထမအကြိမ်တုန်းက သစ်တောက တရားစွဲတယ်။
တရားသူကြီးက ဒဏ်ငွေရိုက်တယ်။
အခုတစ်ခါ ထပ်ဖယ်ခိုင်းပြန်ပြီ”
လို့ ဆိုပါတယ်။
ဇနီးဖြစ်သူကလည်း လသားအရွယ်ကလေးငယ်ကို ရင် ခွင်ထဲပိုက်လို့ပေါ့။
ကျွန်တော်တို့ အဖြစ်အပျက်လေးနဲ့ ပတ်သက်ပြီး ဗွီအိုအေကို စာရေးထားတာလေးရှိတယ်။ ထည့်ပေးလိုက်
ပါရစေ လို့ ဆိုလာသူကတော့ ဦးစိန်မြင့်ပါ။ စဉ့်ကိုင်ဘက်ကနေ ပြောင်းရွှေ့လာပြီး သားသမီးတွေနဲ့လုပ်ကိုင်
စားသောက်နေကြတယ်။ အဓိက ၀ါးကုလားထိုင်တွေ လုပ်ကြတယ်။
"အရောင်းအ၀ယ် မဆိုးလှပါဘူး။
ပုံမှန်ရပ်တည်လို့ ရနေတယ်။
အခု ဖယ်ရှားဖို့ ပြောလာတော့ ကိုယ်တွေအတွက် ဒုက္ခဖြစ်တာပေါ့။
ဘယ်နေရာကို ပြောင်းလို့ပြောင်းရမှန်းမှ မသိဘူး။”
ဟု ဆိုသည်။
လယ်တွေအသိမ်းခံရပြီး အစ်ကိုက ခေါ်လို့ ရောက်ရှိလာသူကတော့ ကိုမျိုးဝင်းပါ။
“ကျွန်တော်တို့လယ်တွေကို စစ်တပ်က သိမ်းတယ်ဗျ။
သိမ်းကာစတုန်းကတော့ သီးစားပေးပြီး ပြန်ငှားလုပ်လို့ ရသေးတယ်။
နောက်ပိုင်း စစ်တပ်ကနေ သူများလက်ထဲရောက်သွားတော့ ပြန်ငှားလုပ်လို့လည်း မရတော့ဘူး။
နေ့စားပဲဝင် လုပ်လို့ရတော့တယ်။
အဲဒါနဲ့စိတ်နာပြီး မလုပ်ချင်တော့လို့ ထွက်လာတာ။
အစ်ကိုကလည်းဒီနားမှာ ရေဆိုင်လေးဖွင့်ထားတယ်ဆိုတော့ ကျွန်တော်ကိုပါခေါ်ပြီးရေ ဆိုင်လေးဖွင့်ပေး
တယ်။ မဆိုးလှပါဘူး။ နေ့စား လုပ်စားတာထက်တော့ သာတယ်လေ။”
ဟုပြောပါသည်။
ကိုသိန်းစိုးဝင်းတို့ ဇနီးမောင်နှံကတော့ ဈေးလေးလည်း ရောင်းတယ်။ ရေဆိုင်လေးလည်း ဖွင့်ထားတယ်။
“အမျိုးသမီးက အစောပိုင်းကတည်းက ဒီနေရာလေးမှာ ဈေးရောင်းတယ်။ (၃)နှစ် လောက်ရှိပြီပေါ့။
ကျွန်တော်နဲ့အိမ်ထောင်ကျတာ (၁)နှစ်ပဲ ရှိသေးတယ်။ ကျွန်တော်လဲ ဒီကိုလိုက်လာတယ်။
သူများတွေလိုပဲ အနောက်က တောရိုင်းလေးကိုတိုးပြီး နှစ်ရှည်ပင်လေးတွေ စိုက်ထားတယ်။
မြေလွတ်မြေလပ် ပုံစံ(၁)နဲ့ မြေစားရင်းရုံးမှာ လျှောက်ထားပါပြီ။
စိန်တစ်လုံး သရက်တွေ ချထားတာ အပင်(၅၀)လောက်တောင် ရှိနေပြီ။
ဒီဆိုင်လေးက အမြဲတမ်းဝင်ငွေရနေတယ်။ အနောက်က စိုက်ပျိုးတာလေးက စုဘူးပေါ့။
အခုဖယ်ရ ရှားရမယ်ဆိုတော့ ခက်နေတာပေါ့ဗျာ။ သင်္ကြန်တွင်းကြီးမှာ တစ်ခါလာဖယ်ခိုင်းတယ်။
အခုလည်း ၂၀ ရက်နေ့နောက်ဆုံးတဲ့။ကျွန်တော်တို့မှာ ပြောင်းစရာရွှေ့စရာနေရာမရှိဘူး။”
ဟု ဆိုသည်။
ထိုနည်းတူစွာပင် ရေသည်အားလုံးတို့က ဒီအနီးအနာမှာ ကားတွေအတွက်လည်း မရှိမဖြစ်လိုအပ်၊ သူတို့
အတွက်လည်း ၀င်ငွေရတဲ့ အလုပ်မှာ ဖင်မြဲနေချင်ကြတယ်။ ကားတွေက အောက်က တက်လာရင်လည်း
ဘီးတွေ ဘရိတ်တွေ အရမ်းပူလို့အဲဒီရေဆိုင်လေးတွေမှာ ရေလောင်းကြရတယ်။ အဆင်းဆိုရင်လည်း စက်
နှိုးစရာမလိုလောက်အောင် လှိမ့်ချလို့ရတဲ့လမ်းဖြစ်နေတဲ့ မန္တလေး-ပြင်ဦးလွင် လမ်းမကြီးမှာ ကားဘရိတ်
တွေ ဘီးတွေ မီးခိုးထွက်မတတ် ပူခြစ်နေတတ်ပါတယ်။ အဲဒါကို အဆင်သင့်ရေစောင့်လောင်းပေးတဲ့ ရေ
သည်တွေ ရေဆိုင်တွေ ပြောင်းရရွှေ့ရမယ်ဆိုတော့ သောက, တွေရောက်နေကြပါတယ်။
နောင်တော်လေး (ဘိုကလေး)
Copy from http://www.hotnewsweekly.com/archives/24153