• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, August 2, 2013

လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေး မထင်မှတ်ဘဲ ကွယ်လွန်

Source Photo from http://www.google.com/images

လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေး

မထင်မှတ်ဘဲ ကွယ်လွန်

ဖြိုးဝေကျော်

Friday, 02 August 2013

နိုင်ငံရေးနောက်ခံပြက်လုံးများဖြင့် ထင်ရှားသော မန္တလေးမြို့မှ လူရွှင်တော် နှုတ်ခမ်းမွေးပါပါလေး မှာ ယခု
လ ၂ရက်နေ့တွင် ၃၉ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။
ပါပါလေးသည် မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ဌာန၌ ပြီးခဲ့သောဇူလိုင်လ ၁၆ရက်
နေ့မှ စတင်တက်ရောက်ကုသခံခဲ့ပြီးနောက်၊ ယခုလ ၂ရက်နေ့တွင်ဆင်းပြီးနောက် မကြာမီ နေ့လည် ၁နာရီ
တွင် ဆုံးပါးသွားခဲ့ခြင်းဖြစ်ကြောင်း ညီဖြစ်သူ လူမော်က မြန်မာတိုင်း(မ်)ကို ပြောသည်။

"သူ ဆက်နေနိုင်မယ် မထင်တော့လို့ ဆေးရုံကနေ အိမ်ကိုပြန်သယ်ခဲ့ပါတယ်။
ကျောက်ကပ်ကို ခြစ်ပြီးသားပါ။
ဆီးလမ်းကြောင်းမှာလည်း အနာဖြစ်နေတယ်။
ကျောက်ကပ်ရော ဆီးအိမ်ပါ ကုသလိုက်လို့ ကောင်းနေပေမယ့် နှလုံးသွေးကြောပိတ်သွားတာကြောင့်
ဆုံးပါးသွားတာပါ။
ဆေးရုံက ကြပ်ကြပ်မတ်မတ် ကုသပေးပါတယ်၊ ကျွန်တော်တို့ကိုက တက်တာ နောက်ကျသွားတာပါ"
ဟု လူမော်က ပြောသည်။

ပါပါလေးမှာ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှစ၍ ခါးနာဝေဒနာကို ခံစား
ခဲ့ရကြောင်း၊ ကျောက်ကပ်ဖြစ်မှန်းမသိဘဲ ဇူလိုင်လရောက်မှသာ ဓာတ်မှန်ရိုက်ကြည့်ပြီး သိခဲ့ရကြောင်း၊
တစ်လပိုင်းမှ သုံးလပိုင်းအထိ နယ်အနှံ့လှည့်လည်ကာ 'မကြောက်တရား' ဟောခဲ့ခြင်းကြောင့်လည်း ခရီး
ပန်းထားကြောင်း ပြောသည်။

"သူ အစားအသောက်ပျက်နေတာ သုံးလလောက်ရှိပြီ။
အခုတော့ ကျွန်တော်တစ်ယောက်တည်း အစ်ကို့ကိုယ်စား မိသားစုကိုဦးဆောင်ပြီး ဆက်ဖျော်ဖြေရတော့
မှာပေါ့။
အရင်က အစ်ကိုထောင်ထဲ မှာ နေခဲ့ရတဲ့အခါတွေမှာလည်း ကျွန်တော် ဒီလိုပဲလုပ်ခဲ့ရတာပါပဲ"
ဟု အသက် ၆၅ နှစ်ရှိ လူမော် က ဆက်လက်ပြောသည်။

ပါပါလေးမှာ ၁၉၉၀၊ ၁၉၉၆ နှင့် ၂၀၀၇ ခုနှစ်တို့တွင် ထောင်သုံးကြိမ်ကျခဲ့ဖူးကာ ၁၉၉၆တွင်မူ ဒေါ်အောင်
ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အငြိမ့်ကပြပြီးနောက်တွင်
ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

၎င်းနောက် ပြင်ပတွင် ဖျော်ဖြေ ခွင့် ပိတ်ပင်ခံခဲ့ရသည်မှာ ယခု ၎င်းကွယ်လွန်ချိန်အထိဖြစ်သော်လည်း ၎င်းမှာ နိုင်ငံခြားသား ခရီးသွားများကို အိမ်တွင် ညစဉ်ကပြဖျော်ဖြေနေကာ ပြင်ပပွဲအချို့ကိုလည်း ယမန်
နှစ်မှစတင်ကာ ပြန်လည်ဖျော်ဖြေခဲ့သည်။

Copy from
http://myanmar.mmtimes.com/index.php/national-news/mandalay-upper-myanmar/6473-2013-08-02-10-20-20.html