• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 5, 2013

၈၈မှာ ကျဆုံးခဲ့တဲ့ကျောင်းသား အိမ်ကိုပြန်လာမယ်လို့ မိသားစုက မျှော်လင့်နေဆဲ


၈၈ ကျဆုံးခဲ့တဲ့ကျောင်းသား 

အိမ်ကိုပြန်လာမယ်လို့ 

မိသားစုက မျှော်လင့်နေဆဲ

August 5, 2013

By မျိုးကျော်

ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု မြောက်ရှိခဲ့ပါပြီ၊ဒီအရေး တော်ပုံကြီးမှာ မထင်မရှားကြွေလွင့်သွားရသည့်
ကြယ်တွေများ စွာရှိခဲ့ပါသည်။ယနေ့အချိန် အပြောင်းအလဲမှာလည်း ကြွေလွင့်သွားသည့် ကြယ်ပွင့်များ၏
မျှော်လင့်ချက်များ မပြည့်ဝသေးပါ။ လမ်းခရီးတစ်ဝက်မှာ ပဲရှိသေးသည်။
သူတို့တွေက ငြိမ်းချမ်းသာယာသည့် တိုင်းပြည်ကို မျှော်လင့်ခဲ့ကြသည်။ ကျွန်တော်ငယ်စဉ်က ဖိလစ်ပိုင် အ
မျိုးသားခေါင်းဆောင် ဒေါက်တာ ဟိုဆေးရီးဇော်၏(ပြည်သူ့သို့ နောက်ဆုံးမှာတမ်း)ဖတ်ခဲ့ရပါသည်။

“ကျုပ်တို့တိုင်းပြည်၊ နေ၀န်းနီထွက်ပေါ်လာတာ၊ မမြင်ရသေးခင်မှာ ကျွန်တော်သေခဲ့ရတယ်။
အရုဏ်ဦးတွေ့မြင်ကြရမယ့် ခင်ဗျားတို့က နေ၀န်းနီနီကို ကြိုဆိုကြပါ။
ဒါပေမဲ့ အာကာသညအမှောင်မှာ ကျဆုံးသွားခဲ့ကြတဲ့ ရဲဘော်တွေကိုတော့ မမေ့ကြပါနဲ့”
ဟု ဖတ်ဖူးပါသည်။
သာကေတကျောက်တိုင်အနီးတွင် ၁၉၈၈သြဂုတ်(၁၀)ရက်နံနက်(၁၀)နာရီတွင်ကျဆုံးခဲ့သော မောင်အောင်
မြင့်၏ မိသားစုနှင့်တွေ့ဆုံခွင့်ရခဲ့ပါသည်။ စတုတ္ထတန်း ကျောင်းသား မောင်အောင်မြင့်၏ မိသားစုသည် အ
မှတ် (၅၉၇)၊ ဝေဇယန္ထာ(၁၃)လမ်း၊(၆)အနောက် ရပ်ကွက်၊သာကေတမြို့နယ်၊ရန် ကုန်တိုင်းဒေသကြီးတွင်
နေထိုင်လျက်ရှိပါသည်။

“သာကေတ ကျောက်တိုင်အနီးမှာ ကိုကြီးသေတယ်လို့ ကျွန်တော်တို့ကြားခဲ့ရပါတယ်။
အဲဒီနေ့က ကိုကြီးဟာ ကျောင်းဝတ်စုံဝတ်ပြီးအိမ်ကနေ ထွက်သွားခဲ့ပါတယ်။
သူနဲ့အတူ သူငယ်ချင်းတစ်ယောက်လည်းသေတယ်လို့ သိရပါတယ်။
ကျွန်တော်တို့မိသားစုဟာ ဒီအချိန်ထိကို ကြီးသေတာကို မယုံသေးဘူး။
ကိုကြီးဟာ ပကတိရှိနေသေးတယ်လို့ထင်နေကြတယ်။
ကိုကြီး ပြန်လာမယ်လို့ မျှော်လင့်နေတုန်းပဲ၊ ကိုကြီးအပေါ်မှာ မျှော်လင့်ချက်တွေအများကြီးရှိပါတယ်။
ကျွန်တော်တို့ ငယ်စဉ်ကလေးဘ၀တုန်းကလည်း ကိုကြီးကို အများကြီးအားကိုးရပါတယ်။
ကိုကြီးသာရှိရင် မိသားစုသာယာမှာပါ။
ဒီထက်မက ပျော်ရွှင်မှုတွေ အိမ်မှာရှိလာမှာ”
ဟုညီဖြစ်သူ ကိုဇော်မင်းထိုက် ကပြောသည်။

မောင်အောင်မြင့်သေဆုံးမှုနှင့်ပတ်သက်၍ မှတ်မိခဲ့သူ တစ်ဦးက
“သူက သာကေတမြို့နယ်မှာဖွင့်ထားတဲ့ အ.မ.က(၁၈) မှာ စတုတ္ထတန်းတက်နေပြီး၊ အသက်(၁၁)နှစ်ပဲ ရှိ
သေးတယ်။
အဲဒီတုန်းက ရဟန်းရှင်လူပြည်သူတွေနဲ့ပေါင်းပြီး ရန်ကုန်မြို့ထဲကိုချီတက်ခဲ့ကြတော့ ပုစွန်တောင်၊ ငမိုးရိပ်
ချောင်းကူးတံတားက လှန်ထားလို့ သုဝဏ္ဏတံတားဖက်ကို ချီတက်ကြတယ်။
ဒီလိုချီတက်လာတဲ့အချိန်မှာ အဆင်သင့်နေရာယူထားတဲ့စစ်တပ်က ပစ်ခတ်လို့ သာကေတကျောက်တိုင်
နားမှာ မောင်အောင်မြင့်ရဲ့ ရင်ဘတ်နဲ့ ဆီးစပ်တွေမှာ သေနတ်ဒဏ်ရာတစ်ချက်ဆီ ထိမှန်ပြီး သေဆုံးခဲ့ပါ
တယ်”
ဟု ပြောသည်။ မိသားစုမှထပ်ဆင့်ပြောကြားရာမှာ
“ကိုကြီးဆုံးတော့ သူ့အလောင်းပြန်မရဘဲ ဆွမ်းသွတ်ခဲ့ရပါတယ်။
ကိုကြီးနဲ့အတူ ပါသွားတဲ့လူတစ်ယောက်က ကိုကြီးအိတ်ထဲက သွေးစွန်းနေတဲ့ စာရွက်တစ်ပိုင်းတစ်စကို
ကျွန်တော်တို့ကို ပေးခဲ့ပါတယ်။
အဲဒီမှာပါတဲ့ကဗျာကို ကျွန်တော် မှတ်မိနေသေးတယ်။
ကျောင်းသားနဲ့ ဆောင်ဓါး
လားလားမှ မထိုက်ပေမဲ့
အစ်ကိုတွေ အမတွေ သွားခဲ့တဲ့လမ်း
ဆက်လျှောက်ရမဲ့ တာဝန်
သားတို့မှာရှိတာမို့
ကလောင်ကိုစွန့်
စာအုပ်ကိုချ
ခွပ်ဒေါင်းလံ ကိုင်စွဲလို့
ချီတက်သွားခဲ့ပြီ အမေ။
လို့ပါတယ်။
ကျွန်တော်တို့မေ့သွားမှာစိုးလို့ စာအုပ်ထဲမှာကို မှတ်ထားခဲ့တာပါ”
ဟုပြောသည်။ မောင်အောင်မြင့်၏မိသားစုများသည် အလောင်းကိုမမြင်ရ၍ ဒီနေ့အထိသေသည်ကို မယုံ
သေးကြောင်း၊မိသားစုထံသို့ တစ်နေ့ပြန်လာမည်ဟု မျှော်လင့်နေကြကြောင်း သိရသည်။

မျိုးကျော်
Copy from http://www.hotnewsweekly.com/archives/24283