• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, October 1, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၄)
မန်းR,ဘဇန်

သူငယ်ချင်း
ဒီဆယ်စုနှစ် လေးခုအတွင်းမှာ
တို့အပေါင်းသင်းတချို့ဟာ
တော်လှန်တဲ့ဘဝကနေ
လူထုနဲ့ကင်းကွာပြီး
သန်းကြွယ်သူဌေးတွေ
ရေပေါ်ဆီတွေ
ဖြစ်သွားကြတယ်။

အဖြူပေါ် အမဲစက်ရောက်တော့
ကွက်ကွက်ကွင်းကွင်းမြင်တာပေါ့။

သိန်းပေါင်းများစွာတန်တဲ့
တိုက်အိမ်ကြီးတွေ
သူတပါးတိုင်းပြည်မှာဆောက်လို့။

VOLVO, TOYOTA COROLA,
MITSHUBISHI, BMW နဲ့
တခြားဖေါ်မပြတတ်တော့တဲ့
သန်းကျော်တန်ဇိမ်ခံကားကြီးတွေစီးပြီး
အထက်ဘဝဂ်မှာ
ဇိမ်ကျနေလိုက်ကြတာ။

ဇနီးမယား သမီးနဲ့သား
နှာစေးချောင်းဆိုးဖျားခဲ့ရင်
ဆေးခန်းပြလို့ အားမရ
အလိုမကျ
တန်ဘိုးကြီးပေ့ဆိုတဲ့
လာနာ
မက်ကေါမစ် တို့လို
ဆေးရုံကြီးတွေပေါ်
တင်လို့၊ ကုလို့။

မယောင်မလည်နဲ့
သူတို့ထမင်းဝိုင်းကို
တစေ့တစောင်းရှုမျှော်လိုက်ရင်
နတ်သုဒ္ဓါလိုချိုမြိန်လှတဲ့ဟင်းလျှာ
အစုံအလင်
အပုံအပင်။

ချစ်ဇနီးသားသမီး
အကုန်ဝိုင်းရံထား
မဟော်ဂနီစားပွဲဝိုင်းကြီးအထက်
အဖျော်ယမကာမျိုးစုံနဲ့
ခန်းနားတင့်တယ်လှတဲ့
သူကြွယ်တို့ရဲ့
မဟာထမင်းဝိုင်းပေပဲ။

လှပျိုဖြူကရင်အမျိုးသမီးနှစ်ဦး
ခမျာတို့မှာတော့
အနီးအနားမှာရပ်လို့
ခူးခပ်လို့
ပေးသူပေး
စားကြွင်းစားကျန်တွေကို
သိမ်းလိုသိမ်းနဲ့
ချိုမြိန်တဲ့ထမင်းဝိုင်းကို
အကဲခပ်မိတယ်။

ဆက်လက်ဖေါ်ပြပါဦးမည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဥိး