• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, October 1, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၄)
မန်းR, ဘဇန်

မင်းရဲ့ဘော်ဒါတစု
အနုအညက်အလှပဂေးလေးတွေ
စုပြုံလို့
စုံလင်လှတဲ့ဟင်းလျာတွေ
ပတ်လည်မှာ
အဖျော်ယမကာအပုံအပင်နဲ့
ပြည့်နေတဲ့
လူကုန်ထံသူကြွယ်တွေရဲ့
စားတော်ဆက်ဂေဟာမှာ
ဖို, မ,ချော့မြှူသံနဲ့
ဂီတ,သံဟာ
ပလူပျံပြီး
ခမ်းမ,ကြီးကို လွှမ်းခြုံထားတယ်။

တပြည်သူလှပျိုဖြူတွေက
ခွံ့ပေးလိုပေး
ချွေးသုတ်လိုသုတ်နဲ့
သာယာလှတဲ့ မင်းရဲ့ဘဝသစ်ကို
တွေ့လိုက်တယ်။

ကြွေရေချိုးကန်ကြီးထဲမှာ
ရေပူရေအေးနှော
အမြှုပ်တစီစီမျောနေတဲ့
အဖိုးတန်ဆပ်ပြာမွှေးရည်ထဲ
စိမ်လို့။

တပြည်သူဖြူလွတဲ့
လှဧကရီလေးတွေရဲ့
အပွတ်
အတိုက်
အထု
အရိုက် တွေကို
မင်းသာယာနေတယ်မဟုတ်လား?။

မင်းရဲ့သမီးကညာ
ရင်နှစ်သည်းချာ
အလှဖုရားမလေး
အနှစ်တရာ
သက်တော်ရှည်ကြာစေဘို့
မွေးနေ့သဘင်
မင်္ဂလာပွဲမှာ
ထောပတ်
ကြက်သား
ဒံပေါက်
အမဲသား….နဲ့
ဆိတ်သားကလီစာ
စူကီယာကီ….ဆိုတဲ့
ဂျပန်အစားအစာပါမကျန်
လူကုံထံတွေရာနဲ့ချီတဲ့
မဟာမွေးနေ့သဘင်ပွဲတော်ရက်မှာ
ကားကြီးကားငယ်
အသွယ်သွယ်နဲ့
လက်ဆောင်လက်ဖွဲ့တွေ
နှုတ်ဆက်သံတွေ
မြှောက်ပင့်သံတွေ
အမေနဲ့တူလို့ လှနေတာလား?
အဖေနဲ့တူလို့ တော်နေတာလား?
တစာစာပြောလာတဲ့
ဟန်ဆောင်အပြုံးတွေရဲ့လောက,ကို
မင်းသာယာနေသလား?

အခန်း(၅)သို့ ဆက်လက်ဖတ်ရှုပါရန်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး