• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, October 2, 2009

လ,ငပုတ်ဖမ်းတဲ့ည

လ,ငပုတ်ဖမ်းတဲ့ည

ကျမ, ဟာ
အာဂ, မိန်းမ, လို့
တရွာလုံးက ပြောကြတယ်။

ဘာဆိုဘာမှ
မကြောက်တတ်လို့
ညရေး ညတာ
နေ့ရေးနေ့တာ
လုပ်စရာရှိတာ
ဝေးတာနီးတာ
မိုးပဲရွာရွာ
ရေပဲကြီးကြီး
ဘယ်ခရီးမဆို
တရွာလုံးက
ကျမ,ကိုအားကိုးကြတယ်။

စစ်အစိုးရ,တပ်နဲ့ရင်ဆိုင်ရ,မလား?
တော်လှန်ရေးတပ်နဲ့တွေ့ရ,မလား?
မမှန်တာမလုပ်တဲ့ကျမ,
ဘာဆိုဘာမှမကြောက်ဘူး။

အခုတော့
ကျမ,ကြောက်တတ်လာတယ်။

ကြောက်တာမှ
ညရောက်ပြီဆိုရင်
သူ့အလိုလိုနေရင်းနဲ့ကို
ကြောက်ပြီးရင်းကြောက်နေတာ။

ညရောက်တိုင်း
ကြောက်တတ်နေတဲ့ကျမ,
စစ်အစိုးရ,တပ်ရဲ့
အထမ်းသမ,ဘဝ
ဖြစ်ခဲ့ရ, လို့ပေါ့။

သူတို့ရဲ့ယုတ်မာပုံ
တထောင့်တညပုံပြင်လို
ပြောလို့ကုန်မယ်မထင်။

ပုံပြင်မဟုတ်တဲ့
လ,ငပုတ်ဖမ်းတဲ့ည
နေ့မှာအထုပ်ထမ်းခဲ့ရ,လို့
နားရ,မယ်မှမကြံသေး
လူမဆန်တဲ့စစ်ခွေးတသိုက်
အမဲလိုက်သလို
ကျမ,ကို အနိုင်ကျင့်ကြတယ်။

လ,ငပုတ်ဖမ်းတာ
မကြာပေမယ့်
စစ်အစိုးရရဲ့တပ်သားတွေက
ပျားလဘို့တွေ့ထားတဲ့ဝက်ဝံပမာ
အာသာငမ်းငမ်းနဲ့
ခပ်ကြမ်းကြမ်းအကြည့်ခံရတဲ့
ကျမ,ရဲ့အဖြစ်ကိုတွေးရင်း
သွေးပျက်ရ,တဲ့ညတာတွေ
ရှည်ကြာလိုက်ပါဘိ။


ဟော........။
ပြောရင်းဆိုရင်းနဲ့
နေမင်းကြီးရဲ့ရောင်ခြည်ဟာ
နီရာကနေဝါတာတာဖြစ်လာပြီး
မကြာမတင်မှာ
ပင်လယ်ပြာကြားကွယ်ပျောက်
ညရောက်လာတော့မှာမို့
ကျမ,လေ.........။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး