• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, October 2, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၅)
မန်းR,ဘဇန်

တို့ရဲဘော်တွေ
ထမင်းတလုတ်စားဘို့
မျိုးချစ်ကရင်သမီးပျိုတွေက
ချက်လို့
ထုပ်လို့။

မျိုးချစ်ပြည်သူတွေက
တကုတ်ကုတ်နဲ့
ပေသုံးထောင်ကျော်
လေးထောင်မြင့်တဲ့တောင်ထိပ်ပေါ်
ချွေးတလုံးလုံးနဲ့သယ်ပိုးနေတဲ့
တော်လှန်တဲ့ဘဝကို
မင်းလှည့်ကြည့်စမ်းပါ။

တို့ရဲဘော်တွေ
အဖြူပေါ်အဖြူဆင့်လို့
ငြုပ်သီးမပါ
ဗလာထမင်းအပေါ်
ဆားဖြူးလို့ စားနေကြတယ်။

မင်း....
ကြွေရေချိုးကန်ကြီးထဲမှာ
တပြည်သူလှပျိုဖြူရဲ့
အထု
အရိုက်
အပွတ်
အတိုက်
ခံနေချိန်မှာ
ဗျူဟာမြောက်စိုးမိုးတောင်ထိပ်က,နေ
ရေတပေါက်သောက်သုံးရ,ဘို့
အသွား
အပြန်
အတက်
အဆင်း
တနာရီခွဲ ချွေးတရွှဲရွှဲနဲ့
ရ,ယူရတဲ့ မင်းရဲဘော်တွေ
ချိုးဘို့နေနေသာ
သောက်ဘို့ရာပင်အနိုင်နိုင်။

အရှေ့လေက,တဖြူးဖြူး
နှင်းမှုံက,ထူးထူးခြားခြားကျပြန်တော့
ချစ်ဦးကိုလွမ်းဘို့နေနေသာ
ရေတပေါက်ရ,ဘို့
ကြိုးစားနေတဲ့ဘဝကို
မင်း.....
ကိုယ်ချင်းစာ သနားစမ်းပါ။

ဆက်လက်ဖေါ်ပြပါမည်။