• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, October 19, 2009

ဟင့်အင်း ဆိုရင်တော့

"ဟင့်အင်း" ဆိုရင်တော့

ဆိုကြပါစို့.......
ငါတို့အိမ်ဟာ
ပြိုကျတော့မယ်
ပြင်ဆောက်ရ,မယ်ဆိုတာ
မင်း...ငါ....အားလုံး
အသိဆုံးပါ။

အိမ်ပြင်ဆောက်တဲ့နည်းနာ
မြောက်များစွာထဲက
ဘယ်ဟာကိုသုံးဘို့များး
ငါတို့....စဉ်းစားထားလဲ?

အိမ်ဟောင်းကိုဖြိုပစ်
အိမ်အသစ်ဆောက်မယ်ဆိုရင်
အိမ်အိုထဲက,ပစ္စည်းကောင်းတွေ
မပျက်မဆီးရအောင်
မပျောက်မရှရအောင်
ထိန်းသိမ်းတတ်ရတယ်။

အိမ်အိုထဲက
သုံးလို့မရ,တော့တဲ့ဟာတွေထုတ်
မလိုအပ်တော့တဲ့ဟာတွေဖြုတ်ပစ်
အကောင်းအသစ်တွေနဲ့အစားထိုး
အင်း.....
ဒီနည်းလဲမဆိုးပါဘူး။

ဘယ်နည်းပဲသုံးသုံး
နောက်ဆုံးအရေးကြီးတာက
ငါတို့ပြင်ဆောက်မယ့်အိမ်အတွက်
လိုအပ်တဲ့အရာမှန်သမျှ
စဉ်းစားထားပြီးကြပြီလား?

စဉ်းစားထားတာမှန်သမျှ
စုဆောင်းထားပြီးကြပြီလား?

"ဟင့်အင်း" ဆိုရင်တော့.....။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး