• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, November 30, 2009

မေ့မရ,တဲ့ည

မေ့မရတဲ့ည
(ခိုင်မာကျော်ဇော)

ကမ္ဘာကြီးရဲ့
ရာစုသစ်ခရီးအစ,
အမှတ်တရ,ညမှာပဲ
သားလေးကို
ဝါးရုံပင်ဘေးမှာ ထားခဲ့ရတယ်။

သားလေးကို
ဒို့…..သိပ်ချစ်ပါတယ် ဆရာမ,ရယ်။

ဒါပေမယ့်
ဒီသားလေးအတွက် တို့မှာ
ကျယ်ကျယ်လောင်လောင်လေးတောင်
ကြေကွဲခွင့်မရ,ခဲ့ပါဘူး။

ဒီညမှ
ဆောင်းကလည်းပီသ,လိုက်တာ။

နှုတ်ခမ်းလေးတွေပြာနေတဲ့ သားက
အပါး….ငါကြွေဥတွေမစားချင်တော့ဘူး
အမိုး…ငါတို့ဘယ်တော့ အိမ်ပြန်ရမလဲဟင်?
ခြေဖျားလက်ဖျားတွေလဲ
မီးကင်ချင်လိုက်တာ…
ဒုက္ခသည်စခန်းရောက်ရင်
ငါ့ကို….ထမင်းဝ,ဝ,ကျွေးရမယ်နော်?...တဲ့။

ဒီစကားဟာ
ကယောင်ကတမ်းမဟုတ်မှန်း
အပါးသိပါတယ်…ငါ့သားရယ်။
အဲဒီညက
သူတို့ဘဝအတွက်
မီးဖိုလေးတဖိုလောက်သာ
ဖိုခွင့်ရ,ခဲ့ရင်။

ခိုင်မာကျော်ဇော

ဗွီအိုအေ မြန်မာပိုင်းအစီစဉ်တွေထဲက အနုပညာမိုးကောင်းကင်ကဏ္ဍကနေ
ကရင်စစ်ပြေးဒုက္ခသည်တွေရဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့အနုပညာတချို့အကြောင်းကို ဦးကျော်အောင်လွင် တင်ဆက်ထားတဲ့အထဲက ကဗျာဆရာမ ခိုင်မာကျော်ဇောရဲ့ကဗျာကို
ဖတ်ပြသွားတဲ့အတွက် နားထောင်ရင်းကူးယူတင်ပြလိုက်ပါတယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး