• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 2, 2009

ဒွန်းသီအိုရီနဲ့ ဖတ်စာတချို့

ဒွန်းသီအိုရီ နဲ့ ဖတ်စာတချို့
ဇေမှိုင်း
ဒီဇင်ဘာ ၁၊ ၂၀၀၉

ကိုယ်လုံးမြုပ် ရေထဲရောက်နေတာတောင်
အမှောင်လို့ မခေါ်ချင်ကြသေးရင်
နှစ်ချက်ပဲရှိတယ်
အတ္တ နဲ့ ပရ
ဘဝကြီး ကို ကြိတ်စက်ထဲထိုးထည့်
အရည်မရ
အဖတ်ပဲ ကျန်တဲ့ အခါကျမှ
ဒါ ငါကွလို့ … အော် အော်နေတဲ့ကောင်တွေ များ
ဒီမှာ ဘဝခြားသွားပြီ
သူတို့ အယူတိမ်းလို့
နတ်စိမ်း ဖြစ်နေပါပြီကွာ … လို့
ပြောဖို့ လိုသေးသလား? ။

ရိုးရိုးသားသား ပြောမယ်
ငါနဲ့ အတ္တသတ္တဝါတွေ
ရိုးသားခဲ့ကြတယ် ပြောတိုင်း
ငါကတော့
ငါ့ကိုယ်ငါ မယုံဘူး။

အကျိုးစီးပွါးက အရေးကြီးတယ် တဲ့
ဘယ်သူ့ အကျိုးစီးပွါးလဲ?
ကဲ … ငါမေးပြီ
ဖြေ …
ရွာက ဘကြီးဒွန်းက ပြောခဲ့တယ်
ငါ့ခြံ ငါချစ်တယ်
ငါ့ သရက်ခိုးတဲ့ကောင်
သူခိုး
ငါ့ ပုဆိုး ငါ မဝတ်နိုင်တော့ရင်တော့
လှူလိုက်မှာပေါ့တဲ့…။

Dec 1st 2009 - Burmese Journal Digest
မိုးမခ,မှ တိုက်ရိုက်ကူးယူဖေါ်ပြခြင်းဖြစ်ပါကြောင်း