• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, December 4, 2009

ထမင်းဝိုင်းအပြင်ဘက်ဆီမှ

ထမင်းဝိုင်းအပြင်ဘက်ဆီမှ
(အောင်ဇေ)

မိသားစုတဖွဲ့
ထမင်းဝိုင်းရဲ့အလည်မှာ
ထည်ဝါနေတာက
ဆားလေးတပန်းကန်။

အသားငါးဆိုတာနတ္ထိ
ငါးပိမျှပင်မရှိသမို့
ဆားတတို့နဲ့ ထမင်းတဆုပ်
ပလုတ်ပလောင်း
လည်ချောင်းမှာတစ်ဆို့။

စို့လာတဲ့မျက်ရည်အသာတကြည်တို့
ခပ်ယို့ယို့ထွက်ခွါ
အိမ်ရှေ့ဝရံတာ
ထမင်းဝိုင်းအပြင်ဘက်မှာ။

အောင်ဇေ
22-June-1998