• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, December 4, 2009

ငတ်မွတ်ခြင်း တောင့်တ,ခြင်းနှင့် တန်ဘိုးထားရှိခြင်း

ငတ်မွတ်ခြင်း တောင့်တ,ခြင်းနှင့် တန်ဘိုးထားရှိခြင်း
(အောင်ဇေ)

လောက,တံထွာ ဆိုစရာကား
ဥစ္စာရွှေငွေ ပေါများလေမူ
ချမ်းသာဟူ၏။

သို့တစေမူ
လူသူမနီး တောနက်ကြီးတွင်
ခရီးနှင်စဉ် အဖေါ်မွန်ကား
သန့်စင်လှစွာ စားမြိန်ထုတ်သာ
ရတနာတိ။

ကန္တာရလမ်း ခရီးကြမ်း၌
ပင်ပမ်းဆင်းရဲ ပူရှိန်ကဲသော်
ပုလဲရွှေငွေ ဥစ္စာတွေထက်
သောက်ရေတပေါက် ခရီးရောက်၏။

အသိဥာဏ်ထောင်သွင်း သံချေကျင်းနှင့်

ခံတွင်းပါးစပ် လက်ထိပ်ခပ်သော်
ထွတ်မြတ်ပိုင်းခြား နှလုံးသား၏
စေစားစွဲပြု လွတ်လပ်မှုသာ
ရတနာတည့်။

အရှေ့နေဝန်း နေဆယ်ဆင်းမျှ
ပူပြင်းလှစွာ စစ်အာဏာအောက်
ကျွန်သဘောက်သို့ ကျရောက်တခေတ်
တလီစစ်ကြီး ပြည်တွင်းမီးကို
အပြီးငြိမ်းလို ဒီမိုကရေစီ
မိုဃ်းကြီးသည်သာ ရတနာတည့်။

ရင်မှာဖိစီး စစ်ပူမီးကို
အပြီးငြိမ်းလို ဒီမိုဆိုတဲ့
ရေချိုတပေါက် တို့များသောက်ချင် စမ်းပါဘိ။

အောင်ဇေ
09-May-1998
၈.၈.၈၈ ဆယ်နှစ်မြောက် ဂုဏ်ပြုကဗျာဖြစ်ပါတယ်။

ကဗျာတွေကို အခုလိုဖေါ်ပြခွင့်ပြုတဲ့ ဆရာအောင်ဇေ ကို အထူးကျေးဇူးတင်ပါတယ်။