လူမျိုးပျောက်ကွယ်မှုအန္တရာယ်
(စ,အိုင်ဆူး)
(စ,အိုင်ဆူး)
ကရင်မျိုးနွယ်စုများအတွင်း၌ အမျိုးသားလက္ခဏာများသည် စိုးရိမ်စရာကောင်းလောက်အောင် ယုတ်လျော့ကျ ဆင်းနေသော အခြေအနေတွင်းကျရောက်နေသည်မှာ ငြင်းပယ်၍မရ,နိုင်တော့ပါ၊ အထူးသဖြင့်လူမျိုးတမျိုး၏ အင်္ဂါရပ်လက္ခဏာတရပ်ဖြစ်သော စကားနှင့်စာပေကွယ်ပျောက်ခြင်းသည် လူမျိုးတမျိုး၏နိဂုဏ်းချုပ်သာဖြစ် သည်၊ လူမျိုးတမျိုး၏ အထင်ရှားဆုံးသောလက္ခဏာတရပ်မှာ ဘာသာစကားသာဖြစ်သည်၊ ထိုဘာသာစကားပေါ် အခြေခံပြီး စာရေးသားမှုများပေါ်ပေါက်လာခဲ့ရသည်။
စကားရှိ၍စာရှိသည်၊ စာရှိလျှင်စကားတည်တံ့နိုင်သည်၊ ဤသို့ဖြင့် ဘာသာစကားနှင့် စာပေတို့သည်အပြန်အ လှန်ဆက်စပ်ထိန်းသိမ်းခြင်းဖြင့် လူမျိုးတမျိုး၏လက္ခဏာရပ်များကို ဖေါ်ပြနိုင်သည်။
လက်ရှိမြန်မာနိုင်ငံအတွင်း ကရင်မျိုးနွယ်စုများနေထိုင်ကြသော ဒေသများသည် ကရင်နီပြည်နယ်၊ ကရင်ပြည် နယ်၊ ပဲခိုးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းများအတွင်း ပြန့်နှံ့နေထိုင်ကြရာ ကရင်နီပြည်နယ်နှင့် ကရင်ပြည် နယ်တွင်ခပ်စိပ်စိပ်နေထိုင်ခြင်းဖြင့်၎င်း အခြားလူမျိုးများ၏စီးပွါးရေးနှင့်ဘာသာစကား လွှမ်းမိုးမှုအားနည်းနေ သေးသောကြောင့်၎င်း လူမျိုးတမျိုး၏ ကိုယ်ပိုင်စကားသုံးနှုံးမှုစံချိန် မြင့်မားနေဆဲအခြေအနေတွင် တွေ့နိုင်ပါ သည်။
ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ တောင်ပေါ်ကျေးရွာများတွင်နေထိုင်ကြသော ကရင်လူမျိုးများသည် ဘာသာစကား ထိန်းသိမ်းမှု အားကောင်းဆဲရှိနေပါသည်။ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်တို့တွင်နေထိုင်ကြသော ပိုးကရင်၊ စကောကရင်များအတွင်း စီးပွါးရေးနှင့် တခြားလူမျိုးတို့အလိုက် ဘာသာစကားလွှမ်းမိုးမှုကို ကြာရှည်စွာခံရသဖြင့် ကရင်စကားပြောဆိုမှုသည် ကွယ်ပျောက်ရပြီးဖြစ်သည်။
ကျန်ရှိသောခရိုင်များတွင်နေထိုင်သော ပိုးကရင်၊ စကောကရင်များသည် အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်မှ လယ် ယာဥယျာဉ်ထွက်ကုန်များကို အခြေတည်နိုင်ခဲ့ခြင်းဖြင့် အခြားလူမျိုတို့၏ဘာသာစကားနှင့် စီးပွါးရေးလွှမ်းမိုးမှု ကိုအနည်းအကျဉ်းသာ ရင်ဆိုင်ခဲ့ကြရ,၍ ကိုယ်ပိုင်စကားကိုတစုံတရာ ထိန်းသိမ်းနိုင်ခဲ့ကြသေးသည်။
ကိုယ်ပိုင်ဘာသာစကားတည်တံ့မှုသည် စာပေအားဖြင့်သာခိုင်စေခဲ့ရာ ၁၉၄၉ ခုနှစ်မှစ,တင်ပြီး ကရင်စာသင် ကျောင်းများဖျက်သိမ်းခြင်းခံခဲ့ရသဖြင့် ကရင်ဘာသာစကားထိန်းသိမ်းမှု အလွန်အားလျော့သော အခြေအနေနှင့် ကြုံတွေ့ခဲ့ကြရသည်။
လက်ရှိကရင်နီပြည်နယ်ရှိ ကရင်မျိုးနွယ်စုအများအပြားတို့သည် မိမိတို့၏ကိုယ်ပိုင်စကားပြောဆိုမှု အားကောင်း နေသေးသော်လည်း စာပေသုံးစွဲမှုအလွန်အားပျော့နေသေးသည်၊ မျိုးနွယ်အများစုမှာ စာပေမရှိသေးပါ၊ လက်ရှိ ကရင်နီအစိုးရ,မှ တည်ထွင်ခဲ့သောစာပေသည် မျိုးနွယ်စုအားလုံး ကျယ်ကျယ်ပြန့်ပြန့်လက်ခံသုံးစွဲနိုင်မှု မရှိသေး ပေ၊ ဤသို့သောအခြေအန၌ ဈေးကွက်စီးပွါးရေးစနစ်လွှမ်းမိုးမှုအခြေအနေတွင် အခြားသောလူမျိုးခြားဘာသာစ ကားများကို ရင်ဆိုင်ကြရ,မည်ဖြစ်သည်။
တောင်ခြေဒေသ,အများအပြားမှာ မြို့ဈေးကွက်များကို ပိုမိုမှီခိုကြရသောအခြေအနေသို့ ကျရောက်လာခြင်းဖြင့် ဘာသာစကား ရောထွေးမှုကို ပထမအဆင့်ကြုံရမည်ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းရှိ ကရင်ကျေးရွာများသည် မြိတ်(ဘိတ်)၊ ထားဝယ်စကားရောထွေးမှုကို အတော်အတန် ကြုံနေကြရပြီဖြစ်သော်လည်း စကားနှင့်စာပေထိန်းသိမ်းမှုတွင် ဗြိတိသျှအုပ်ချုပ်ရေးခေတ်အတွင်း အခြေတည် လာသော ခရစ်ယာန်ဘာသာကိုအခြေခံပြီးအားကောင်းဆဲရှိသေးသည်။
ပဲခူးတိုင်းတွင် စကောကရင်စကားသည် တောင်ပေါ်ဒေသများတွင် အတော်အတန်ရှိပြီးမြေပြန့်ဒေသများတွင် ခရစ်ယာန်သာသနာကျောင်း၌သာ လေ့ကျင့်မှုအတော်အတန်ကျန်နိုင်ခဲ့သည်၊ အလားတူပင် ဧရာဝတီတိုင်းအ တွင်းကရင်စကားနှင့်ကရင်စာပေသုံးစွဲမှုသည် ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွါးခဲ့ပြီးသည့် နောက် ကရင်စာသင်ကြားသောကျောင်းအားလုံးကို ဖျက်သိမ်းခံခဲ့ကြရာ ကရင်စာပေတတ်မြောက်မှုအခွင့်လမ်း ဆုံးရှုံးခဲ့ကြသည်။
၁၉၄၉ ခုနှစ်မှစ,၍ ကရင်စာပေကိုခရစ်ယာန်သာသနာပြုကျောင်းအတွင်း၌သာ သင်ကြားခွင့်ရှိခဲ့သည်၊ ခရစ် ယာန်သာသနာကို ယုံကြည်ကိုးကွယ်သောလူဦးရည်သည် ၁၀ ရာခိုင်နှုံးပင်ပြည့်မှီခြင်း မရှိခဲ့ပေ။
ခရစ်ယာန်သာသနာကိုအခြေခံသော ပိုးကရင်၊ စကောကရင်စာအပြင် သီးခြားတည်ထွင်သုံးစွဲနေသော ကရင် စာပေများသည်လည်း သက်ဆိုင်ရာ ဗုဒ္ဒဘာသာ ကက်သလစ်ဘာသာကျောင်းများကိုသာ အခြေခံပြီးသင်ကြား ခွင့်ရှိခဲ့ရာ အခွင့်လမ်းပို၍ပင်နည်းပါးခဲ့လေသည်။
ထို့ကြောင့်ခရစ်ယာန်ဘာသာ ဗုဒ္ဒဘာသာ ဗရင်ဂျီဘာသာ အသီးသီးကိုအခြေခံသော ကရင်စာအမျိုးမျိုးကိုသင် ကြားတတ်မြောက်နိုင်သည့်အခွင့်လမ်းသည် ကရင်စကားတည်တံ့ခိုင်မြဲမှု၏ ၁၀%ဟုပင်သတ်မှတ်နိုင်ပါသည်။
ကရင်စကားပြောနိုင်သူမှာ ကရင်လူဦးရည်၏ ၅၀%ဟုပင်သတ်မှတ်နိုင်စေကာမူ စာပေနှင့်စကားသုံးစွဲမှုအခွင့် အရေးနည်းခြင်းကြောင့် ကရင်လူမျိုးများ၏ဝေါဟာရအပြည့်အစုံပြောနိုင်သူသည် ၁၀%ပင်ရှိမည်မဟုတ်ပေ။
ကရင်စကားပြောဆိုမှုသည် စာပေတတ်မြောက်မှုအချိုးအစားထက် အဆ,မတန်သာလွန်သော်လည်း အခြားလူ မျိုးတို့၏လွှမ်းမိုးမှုကြောင့် စကားဝေါဟာရရောထွေးမှုများ တွေ့ကြုံနေရ,ခြင်းလည်းရှိနေပြန်ပါသည်။
ရှမ်းပြည်တောင်ပိုင်းရှိကရင်ကျေးရွာများ ရေးချောင်းဖျားရှိကရင်ကျေးရွာများ၊ ထားဝယ်ခရိုင်ကရင်ကျေးရွာများ တွင် ရှမ်းစကား၊ မွန်စကား၊ ထားဝယ်စကား အသုံးအနှုံးများနှင့်ရောနှောပြောဆိုသည်ကို တွေ့ရပါသည်၊သို့သော်
စီးပွါးရေးအရ,နိုင်ငံရေးအရ,လူမှုရေးအရ,အင်အားသာလွန်သော ဗမာစကားသည် မြစ်ဝ,ကျွန်းပေါ်နှင့်မြေပြန့်ဒေ သ,ကရင့်လူ့အဖွဲ့အစည်းကို အဆ,မတန်လွှမ်းမိုးလျှက်ရှိရာ ကရင်လူမျိုးသည်၊ နောက်ဆုံး“ဗမာစကားပြောလူ မျိုး” အဖြစ်သို့ လုံးဝ,ပြောင်းလဲသွားမည်ဖြစ်သည်၊
လူမျိုးတမျိုး၏တည်တံ့ခိုင်မြဲမှုသည် သက်ဆိုင်ရာမှီတင်းနေထိုင်နေသော နိုင်ငံတနိုင်ငံအတွင်း ကိုယ်ပိုင်ပြဌာန်း နိုင်သော နိုင်ငံရေးအာဏာနှင့် အမှီအခိုကင်းသောစီးပွါးရေး၊ အမှီအခိုကင်းသောလူမှုရေး အခြေအနေတွင်ရှိရ, မည်ဖြစ်သည်၊ ဤအခွင့်အရေးများကိုဆုံးရှုံးနေလျှင် အခြားသောအခြေအနေအရပ်ရပ်၏လွှမ်းမိုးမှုကြောင့် လူမျိုး တမျိုး၏လက္ခဏာနှင့်အညီ တည်တံ့ခိုင်မြဲနိုင်သောအခွင့်လမ်းကို ဆုံးရှုံးရ,မည်ဖြစ်သည်။
လက်ရှိကရင့်လူ့အဖွဲ့အစည်းသည်
(၁) မြန်မာပြည်အတွင်း ပြန်နှံ့စွာနေထိုင်ကြခြင်း။
(၂) စာပေသင်ကြားနိုင်သောအခွင့်အရေး ဆုံးရှုံးခြင်း။
(၃) အခြားလူမျိုးများ၏စီးပွါးရေးဈေးကွက် အလွှမ်းမိုးခံရ,ခြင်း။
(၄) စာပေအမျိုးမျိုး တည်ထွင်အသုံးပြုကြရ,ခြင်း။
စသည့်အခြေအနေများသည် အမျိုးသားလက္ခဏာဆုံးရှုံးပ,ပျောက်မှု၏ အန္တရာယ်များသာဖြစ်သည်။
ထိုအခြေအနေကို ကာကွယ်ရန်အဓိက,အကျဆုံးသောလိုအပ်ချက်မှာ လူမျိုးတမျိုးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော နိုင်ငံရေးအခွင့်အာဏာဖြစ်သည်၊ ကရင့်လူ့အဖွဲ့အစည်းသည် ယနေ့မြန်မာပြည်တွင်“ကိုယ်ပိုင်ပြဌာန်း ခွင့်” ဆုံးရှုံးနေသောအခြေအနေတွင်ရှိသည် ထိုအခြေအနေကိုရ,ယူနိုင်ရန် မည်သို့သောအခြေအနေများကို ဖန် တီးယူရ,မည်ကို ကရင့်ရှေ့ဆောင်အဖွဲ့များကသာ တာဝန်ယူကြရမည်ဖြစ်သည်။
စအိုင်ဆူး
September 01 2001 ပထမအကြိမ်မြောက်အားမာန်သစ်မဂ္ဂဇင်းမှ ကူးယူရေးသားဖေါ်ပြသည်။