• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 6, 2012

ပေါင်းစပ်သန္ဓေသား နည်းဖြင့် ပထမဆုံး မျောက်များ မွေးဖွား

Roku and Hex, two of the world's first chimeric primates, were created by mixing cells from six individuals.
OHSU Photos
Source Photo from http://www.csmonitor.com


ပေါင်းစပ်သန္ဓေသား နည်းဖြင့် ပထမဆုံး မျောက်များ မွေးဖွား

Updated : 6 Jan, 2012

ပထမဦးဆုံးအကြိမ်အဖြစ် သိပ္ပံ ပညာရှင်များမှာ ကွဲပြားခြားနားသည့် သန္ဓေသား ဆဲလ်များကို ပေါင်းစပ်ထား သည့် မျောက် များ ကို မွေးဖွားပေးစေ ခဲ့ပြီဖြစ်သည်။ အဆိုပါ မျောက်ကလေးများကို ကွဲပြားသည့် သန္ဓေသား ဆဲများကို မျောက် မကြီး၏ ဝမ်းခေါင်းထဲတွင် ထည့်သွင်းကာ သန္ဓေတည်စေပြီးနောက် မွေးဖွားစေခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်မှာ ကွဲပြားခြားနားသည့် ဇီဝရုပ် တစ်ခုထက်ပိုသည့် ဆဲလ်များကို စုစည်းပြီး နောက် Chimeras ဟုခေါ်သည့် မျိုးရိုးဗီဇ စုံပါဝင်သော အုပ်စုများကို ဖန်တီးခြင်းဖြစ်ကြောင်းလည်း သိရသည်။


အမေရိကန်ရှိ သိပ္ပံပညာရှင်များ ပါဝင်သောအဖွဲ့မှ ယခုသုတေသနကို ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဆေးပညာ သုတေသန လုပ်ငန်းများအတွက် အလွန်ပင်အရေးပါသည့် တိုးတက်မှုတစ်ရပ်လည်း ဖြစ်ကြောင်း Journal Cell တွင်ဖော်ပြခဲ့သည်။ ယခုလို တွေ့ရှိမှုမှတစ်ဆင့် ပင်စည်ဆဲလ် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ကာ လေဖျန်းခြင်းနှင့် ပျက်စီးသွားသည့် နာဗ်ဆဲလ်များကို လဲလှယ်ရာတွင် အသုံးတည့်နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။


Source : BBC news

Copy from http://www.mrtv4.net.mm/