• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 6, 2012

ငွေတိုးချစားခြင်း

Source Photo from http://www.google.com/images

ငွေတိုးချစားခြင်း

(မင်းစိုးစံ)

အင်မတန်ကြေကွဲစရာကောင်းလှပါတယ်။ ပထမတော့ ကျုပ်လည်း ကျော်ငြာကောင်းလို့သာ သောသီခို ဆိုဒ် ကိုသွားပြီး ရုပ်သံဖိုင်လေးကြည့်လိုက်တယ်၊ သေသေခြာခြာမကြည့်မိဘူး အသံတွေကရိုက်ပုတ်သံချည်းပဲ။ ပြီးတော့ မိန်းကလေးတွေ
ကို ရိုက်နေတာကို ကြည့်ပြီး ဒါကတော့ ခန္ဓာကိုယ်ကိုရင်းနှီးပြီး ငွေရှာတဲ့ မိန်းမပျို လေးတွေကို ပွဲစားတွေရဲ့ လူမဆန် တဲ့အပြုအမူဖြစ်မှာပါ လို့တွေးရင်း အဆုံးထိတောင်မကြည့်လိုက်ပါဘူး။

စိတ်ထဲကကောက်ချက်ချမိတာက ဒီမိန်းကလေးတွေ ဧည့်သည်ကို ကောင်းကောင်းမပြုစုလို့များလား၊ ဒါမျှမ ဟုတ် ကလန်ကဆန်လုပ်လို့အခုလို ရိုက်ပုတ်ခံနေရတာလား၊ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတွေကို ရိုက်တဲ့ အလုပ်က ဘယ်လိုနည်းနဲ့မျှ ခွင့်လွှတ်နိုင်စရာမရှိပါဘူး။

မလေးရှားက မလေးငယ်ရေးတဲ့စာကို ဖတ်လိုက်ရတော့ အလိုလေး မောင်မင်းကြီးသားတွေက တော်တော် သတ္တိကောင်းတာပဲ မိန်းကလေးတွေကို အခန်းထဲပိတ်ပြီး ကုလားရိုက်ရိုက်နေတာကိုး။ ထားပါတော့ အမျိုးကို ချစ်လို့ အမျိုးကောင်းသမီးတွေ လမ်းမှားမရောက်အောင် အခုလိုဆုံးမတာပါဆိုလျင်တောင် အဲဒါဆုံးမရာမကျ ဘူး၊ အင်မတန် ရက်စက်တဲ့ နှိပ်စက်မှုကြီးဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် သုံးဆယ်လောက်က အမျိုးကိုထိန်းသိမ်းခဲ့ပုံလေးတခု ရေးပြချင်ပါတယ်။
မဲဆောက်ဆိုလျင် မသိ တဲ့လူ အင်မတန်နည်းပါတယ်၊ အဲဒီမှာ ဗမာပြည်ထဲကနေ မဲဆောက်တနေရာမှာ လိင်လုပ်ငန်း လုပ်နေတဲ့ အမျိုးသမီးကို တော်လှန်ရေးအဖွဲ့အစည်းတခုကနေ အဲဒီအလုပ်ကိုမလုပ်ဘို့ ဖြောင်းဖျပြောဆို အကြံဥာဏ်
တွေ ပေးလိုက်သလို သမာအာဇီဝနည်းနဲ့ လုပ်ကိုင်စားသောက်နိုင်အောင် အသင့်အတင့်ငွေကြေးပေးပြီး နေရပ်ကို ပြန်
ခိုင်းလိုက်ပါတယ်။

အဲဒါက ဟိုးလွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်၊ အခုမဲဆောက်ကို သွားကြည့်လိုက်ပါ၊ လိင်လုပ်ငန်း လုပ်တဲ့ အမျိုးကောင်းသမီးတွေရဲ့ဘ၀ကို ကယ်တင်မယ်ဆိုပါစို့၊ ဖြစ်နိုင်ပါဦးမလား၊ စစ်အစိုးရက ပြည်သူလူထုကို ဘ၀မပျက် ပျက်အောင်၊ နည်းမျိုးစုံ နေရာပေါင်းစုံ ထောင့်ပေါင်းစုံကနေ အစီစဉ်ချပြီးဖျက်ဆီး ပစ်နေတာ။

ကသုံးလုံး စသုံးလုံး ယသုံးလုံး မသုံးလုံး ဆိုတဲ့နိုင်ငံကိုရောက်ပြီး ထင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ လူဖြစ်တဲ့ အတွက် နည်းတွေစုံအောင်စဉ်းစားမှာပဲ ကိုယ့်ရပ်ကိုယ့်ဒေသလည်း မဟုတ်၊ စကားလည်းမပိုင်၊ ထမင်းတနပ် မစားရလို့ ဘာမျှမဖြစ်ပေမယ့် အိမ်လခဆိုတာက မနေဘူး၊ ဒီတော့ မရလျင် ရတဲ့နည်းနဲ့ငွေရှာရမှာပဲ။

ငွေကိုအတိုးနဲ့ချေးယူပြီး အလုပ်လာရှာတဲ့လူဆိုလျင်တော့ ခေါင်းပူထူနေမှာ ပြောလို့တောင်မကောင်းတော့ဘူး၊ ဘယ်သူ
မဆို မိသားစုနဲ့ အတူနေချင်ကြတာပေါ့၊ ဒါပေမယ့် လူတန်းစေ့နေချင်တာ လူတိုင်းရဲ့ ဆန္ဒပဲ၊ သူများတကာလို အသား ဟင်းနေ့တိုင်းမစားနိုင်လျင်တောင်မှ ငါးပိရည်ကျဲကျဲလေးမှာ ငရုပ်သီးအစပ်ကြီးမဟုတ်ဘူးဆို လျင်တောင် နည်းနည်းပါး ပါးလေး ပါချင်တာပေါ့၊ အဲဒီလိုလေးတောင် မစားရတဲ့အခြေအနေမျိုးမှာ မိသားစုကို ငဲ့ပြီး ငွေရှာမထွက်ပဲ နေလို့ဖြစ်ပါ့
မလား။

ဒုက္ခသည်စခန်းက ငွေတိုးချစားတဲ့လူတွေကျတော့ သူတို့ဆီကနေ ငွေလေးနည်းနည်းပါးပါးချေးမိပြီဆိုလျင် အစပထ
မတော့ ဘာမျှမပြောပေမယ့် ငွေတိုးလေးတရက်နှစ်ရက်လောက် နောက်ကျတာနဲ့ မင်းတို့ ဒီအတိုင်း ပဲထိုင်နေကြတော့ မှာလား သူများတွေ ဘန်ကောက်တက်နေတာပဲ သွားပါလား၊ ငွေမရှိလျင် ကူညီမှာပေါ့ ၁၀၀ကို အတိုး ၂၀ နဲ့ယူသွား၊ အပေါင်ခံတွေဘာတွေ ထားစရာမလိုပါဘူး။ ဘာညာပေါ့။

အဆင်မပြေလို့ ထိုင်းရဲတွေအဖမ်းခံရလို့ ပြန်ရောက်လာပြီဆိုတာနဲ့ အဲဒါ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ပြီး တောင်း ပါလေရော၊ မပေးနိုင်ဘူးဆိုလျင်တော့ အချုပ်ထဲထည့်မယ်၊ နိုင်ငံခြားရောက်နေတဲ့ အသိမိတ်ဆွေတွေ ဆီကို ငွေတောင်း
ခိုင်းမယ်၊ အဲဒီလိုနည်းနဲ့ ငွေရှာတဲ့ ငွေတိုးချတဲ့လူတွေကလည်း ရှိနေတာ။

တချို့ငွေတိုးချစားသူတွေကျပြန်တော့ နင်တို့ရောက်သွားပြီဆိုတာနဲ့ ချက်ခြင်းအဆင်ပြေနိုင်မှာမဟုတ်ဘူး ဒီ
တော့ ရွှေတကျပ်သားယူသွား တနှစ်ပြည့်လျင် နှစ်ကျပ်သားပေး၊ စေတနာပိုသလိုလို ဘာလိုလိုနဲ့။
အဲဒီလို လူ စားတွေကျတော့ ရပ်ကွက်မှူးဆီမှာ လက်မှတ်ထိုးပြီးယူရတယ်။

ကဲဒီတော့ အဲဒီပြဿနာတွေကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ။
တနည်းပဲရှိတယ် လူတွေလှုပ်ရှားသွားလာနေ တယ်၊ ပြောဆိုနေတယ်၊ လုပ်ကိုင်နေတယ်၊ တွေးတောနေတယ်ဆိုတာတွေ
က အကောင်းဖြစ်စေ အဆိုးဖြစ် စေ စိတ်ကနေအခြေတည်တာဆိုတော့ ကိုယ့်စိတ်ကို ကိုယ်စီထိန်းကြဘို့သာ အဓိကဖြစ်
ကြောင်းပါခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောင်နိုင်မှုအပေါင်းတို့တွင် စိတ်ကိုအောင်နိုင်ခြင်းသည် အသာလွန်ဆုံးဖြစ်၏
(ဒေါက်တာ မင်းတင်မွန်)