Source Photo from http://www.google.com/images
#2 thureinvirus 2012-01-19 22:57KIO ဆိုတာဘာအဖွဲ့အစည်းလဲ?
မြန်မာနိုင်ငံကြီးတစ်ခုလုံးရှိနေတာတောင်မှ တရုတ်ပြည်မှာ အစည်းအဝေးလုပ်ရသလား?
ဒီကောင်တွေကမှ တရုတ်အားကိုးပုဆိန်ရိုးတွေ။ အစိုးရကဒီလောက်လိုက်ညှိနေတာတောင်မှ ကန်းတက်ချင်သေးတယ်။
ညီအကိုတို့ !!!
သတိထားကြပါ။ တရုတ်က မြန်မာပြည်ကြီးကို လွှမ်းမိုးဖို့ကြိုးစားနေတာပါ။ သူတို့တွေက တရုတ်လက်ပါးစေတွေ။
http://www.news-eleven.com
KIO ဆိုတာ ကချင်လွတ်မြောက်ရေးအဖွဲ့ပါ။
မှတ်ထားနော်။
မဟာဗမာ စစ်အစိုးရနဲ့ အကြိမ်ကြိမ်ဆွေးနွေးပေမယ့် ကလိန်ကကျစ်လုပ်လွန်းအားကြီးလို့ တရုတ်နိုင်ငံမှာ လူသိရှင်ကြား
ဖြစ်အောင်ဆွေးနွေးတာဖြစ်နိုင်သလို ကချင်ရဲ့စစ်စွမ်းရည်နဲ့ စိတ်ဓါတ်တွေကို ဗမာစစ်အစိုးရက အသိအမှတ်ပြုလက်ခံတဲ့
အတွက် အခုလို တရုတ်ပြည်မှာဆွေးနွေးတာ ပေါ့ကွယ်။
တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြည်တွင်းမှာပဲ ဖြစ်နိုင်တဲ့နည်းနဲ့ အကျဉ်းရုံးဆွေးနွေးလို့ရပြီးတော့
ကချင်ကို ကျတော့ တရုတ်နိုင်ငံထဲမှာဆွေးနွေးတယ်ဆိုကတည်းက ကချင်ရဲ့တိုက်ခိုက်မှု စွမ်းရည်ဘယ်လောက်
ကောင်းတယ် စည်းလုံးမှုဘယ်လောက်အထိသိပ်သည်းကျစ်လျစ်တယ် ဆိုတာ ဗမာစစ်အစိုးရ အသည်းခိုက်အောင်
သိသွားပြီဖြစ်ပါတယ်။
KIOနှင့်အစိုးရအဖွဲ့အကြား နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက်
ကြေညာချက်ထုတ်ပြန်
ကြေညာချက်ထုတ်ပြန်
Thursday, 19 January 2012
KIO နှင့် အစိုးရ အဖွဲ့အကြား ငြိမ်းချမ်းရေး ရရှိရန်အတွက် ပဏာမ တွေ့ဆုံမှုကို ဇန်န၀ါရီလ ၁၈ရက်နှင့် ၁၉ရက် နေ့များတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့၌ ပြုလုပ် ခဲ့ပါသည်။ နှစ်ရက်ကြာ တွေ့ဆုံမှု အပြီးတွင် ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ကာ ကြေညာချက်၌ အချက်လေးချက် ဖော်ပြခဲ့ပါသည်။ ဆွေးနွေးမှု အပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်ပါ အချက် လေးချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
(၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် KIO ကိုယ်စားလှယ်တို့သည် ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး တည်ငြိမ် အေးချမ်းရေးနှင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရှေးရှု၍ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၈ရက်နေ့ နှင့် ၁၉ရက်နေ့တို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
(၂) နိုင်ငံတော် အစိုးရနှင့် KIO တို့သည် နိုင်ငံရေး နည်းလမ်းဖြင့် ဆက်လက် ညှိနှိုင်း ဆွေးနွေး သွားမည်။
(၃) ဆွေးနွေးကြသည့် အကြောင်းအရာများကို ပြည်သူအများ သိရှိစေရန် မှန်ကန်သော သတင်းများ ထုတ်ပြန်သွားမည် ဖြစ်ပါသည်။
(၄) စစ်ရေး အရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှု တည်ဆောက် သွားနိုင်ရန် အတွက် ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက်သော တပ်များ ကိစ္စအား ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ပါသည်။
Credit http://www.news-eleven.com
ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဗိုလ်မှူးကြီး ဇော်ရော်နှင့် ဘီဘီစီ ဆက်သွယ်မေးမြန်းချက်
January 19 2012
Source Audio from http://www.bbcburmese.com
ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် ဒီဗွီဘီ ဆက်သွယ်မေးမြန်းချက်
January 19 2012
Source Audio from http://www.burmese.dvb.no
သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ်
http://www.voanews.com/burmese/news/---01-19_12_my-news-burma-----137667093.html