• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 19, 2012

ဘဂ္ဂဒက်ရှိ တူရကီ သံရုံး ဒုံးကျည် ထိမှန်

Turkish Embassy in Iraq hit by rocket fire
Turkish Ambassador to Iraq Yunus Demirer told the Anatolia news agency on Wednesday that they have not yet been able to determine where the other two rockets hit.
More information to http://www.worldbulletin.net/?aType=haber&ArticleID=84475

ဘဂ္ဂဒက်ရှိ တူရကီ သံရုံး ဒုံးကျည် ထိမှန်

19 Jan, 2012

အီရတ် နိုင်ငံ ဘဂ္ဂဒက်တွင် ရှိနေသည့် တူရကီ သံရုံးမှာ အနည်းဆုံး ဒုံးကျည် နှစ်စင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခံ ခဲ့ရကြောင်း euronews သတင်းတွင် ဖော်ပြသည်။ မျက်မြင်များ၏ အပြောအရ ယင်ဒုံးကျည်များ ထဲတွင် တစ်ခုမှာ ခြံဝင်းကို ထိမှန်ခဲ့ပြီး ပေါက်ကွဲ ခဲ့ကြောင်းနှင့် ထိခိုက် သေဆုံးသည့် သတင်း မရရှိကြောင်းလည်း သိရသည်။

အဆိုပါ ဒုံးကျည် များကို ဘဂ္ဂဒက်နိုင်ငံ သံရုံးရှိ မော်တော်ယာဉ် တစ်စီးပေါ်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကာ လုံခြုံရေး တင်းကြပ်စွာ ချထားသည့် အစိမ်းရောင်ဇုံ ပြင်ပတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ယင်းဒုံးကျည် နှစ်ခု အနက် တစ်ခုမှာ သံရုံး ခြံစည်းရိုးကို ထိမှန်ခဲ့ခြင်း ဖြစ်ကာ နောက်တစ်ခုမှာ အနားရှိ ဘဏ် တစ်ခုကို ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


source : euronews.net

Credit http://www.mrtv4.net.mm