• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, February 12, 2012

ကျည်ဆံတွေအစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ ဗမာပြေ

123tagged.Com

123Tagged.com - More Flowers Comments


ကျည်ဆံတွေအစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ ဗမာပြေ

(မင်းစိုးစံ)
February 12, 2012

ခေါင်းစည်းစာသားလေးကတော့ အတော်လေးကို လှပပြီး အင်မတန်ကိုနားဝင်ချိုတဲ့စာသားလေးတွေဖြစ်လေတော့ အသံထွက်ပြီး ဖတ်လိုက်လျင် ရင်ထဲအေးသွားတာပဲ၊ တကယ့်လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ဘူးဆိုတာကို တိုင်းရင်းသားတွေအသိဆုံးပါ။

ဒါကြောင့် ကျုပ်ကတော့ အဲဒီခေါင်းစည်းစာသားလေးကို ပြောင်းလိုက်ပါတယ်၊ ကျည်ဆံတွေကြား ပန်းများလွင့်ကြွေ ငါတို့နေတဲ့ တိုင်းရင်းမြေ လို့လေ၊ လက်တွေ့ဘ၀ကို လက်တွေ့စာလုံးတွေသုံးပြီး လက်တွေ့လုပ်ရမှာက နောင်မျိုးဆက် သစ်တွေရဲ့ တာဝန်ပါ။

ငြိမ်းချမ်းရေးလိုနေတာ ဗမာပြည်တပြည်ထဲမဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ ငြိမ်းချမ်းရေးလိုနေပါတယ်၊ အဲဒီတော့ လက်တွေ့လုပ်ဘို့လိုပါတယ်၊ လုပ်ရပ်တိုင်းဟာလည်း လက်တွေ့ဆန်ဆန်လေးဖြစ်ဘို့လိုပါတယ်၊ လက်တွေ့မ ဆန်ဘူး ဆိုလျင်တောင် သဘာဝမကျတဲ့ အူကြောင်ကြောင်အလုပ်မျိုးမလုပ်မိဘို့ အတတ်နိုင်ဆုံး သတိထားဘို့လိုပါတယ်။

နောက်တခုက ကိုယ်လုပ်တဲ့အလုပ်တခုဟာ အခြားအကြောင်းရပ်တခုနဲ့ အတင်းအကြတ်ဆက်စပ်ပြီးလုပ်ယူ တာမျိုးမဖြစ်သင့်ပါဘူး၊ အဲဒီလိုလုပ်ခြင်းအားဖြင့် လူထုတွေ တွေဝေသွားနိုင်ပါတယ်၊ အရှင်းလင်းဆုံး ဥပမာလေး နဲ့ရှင်းပြမယ်ဗျာ။

ကျုပ်ကတော့ သိတော်မူကြတဲ့အတိုင်းပါ၊ ဟိုစာဖတ် ဒီစာဖတ် ဟိုကမှီ ဒီကမှီပြီးလုပ်မရေးတတ်ဘူး၊ ကျုပ်ဖြတ်သန်းလာတဲ့ ကာလတလျှောက် တွေ့ရကြုံရတာလေးတွေနဲ့ပဲ နှိုင်းယှဉ်ပြီး ရေးတတ်တယ်၊ အဲဒီတော့တချို့နေရာ တွေမှာ မအီ မလည်ဖြစ်သွားတတ်ပါတယ်။
အစာမကြေလျင်လည်း မတတ်နိုင်ဘူး၊ ပြောစရာရှိတာကိုတော့ ပြော ရမှာပဲ။

ကျုပ်နေတဲ့ နေရာလေးမှာ လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်ကလို့ထင်ပါတယ်၊ သိပ်မသေခြာဘူး။ အဲဒါ ပြည်ပ ရောက် ကရင်အမျိုးသားတွေ အထူးသဖြင့် အမေရိကန်က ကရင်တွေ စုစည်းတဲ့ပွဲလေး တခုလုပ်တယ်ဗျ၊
အဲဒီ တော့ ပြည်နယ်ပေါင်းစုံက အဖွဲ့အစည်းပေါင်းစုံက ကရင်လူငယ်တွေ ပညာတတ်တွေ အတော်များများလာကြတယ်။

နီးတဲ့ပြည်နယ်ကဆိုလျင် ကားနဲ့ ဝေးတဲ့ပြည်နယ်တွေကဆိုလျင် လေယာဉ်နဲ့ အဲဒီလိုလာပြီး စုစည်းတိုင်ပင်တဲ့ ပွဲ လုပ် ကြတာပါ၊ ဘာအကြောင်းအရာတွေဆွေးနွေးတိုင်ပင်တယ်ဆိုတာထက် ကျုပ်ပြောချင်တာက ကုန်ကျစား ရိတ်ဖြစ်ပါ
တယ်၊ အသွားအပြန်လေယာဉ်ခ၊ တည်းခိုခန်းအတွက် ကုန်ကျငွေ၊ စားစရိတ် တယောက်ကို ဘယ် လောက်ကုန်မယ် ထင်သလဲ။

လူတယောက်ကို အမေရိကန်ဒေါ်လာ ၅၀၀ပဲထား လူ၁၀၀ဆိုဘယ်လောက်ကျလဲ၊ ထားလိုက်ပါတော့ ကိုယ့်က ရင်လူမျိုးအတွက် ကုန်ကျတာပဲ ကုန်ပေ့စေပေါ့ ခင်ဗျားငွေမှမဟုတ်တာလို့ ပြောကြမှာတော့ သေခြာတယ်။

ကျုပ်တို့ဆွေးနွေးတိုင်ပင်ထားပြီး ဆုံးဖြတ်ချက်ချထားတာတွေကို ရာခိုင်နှုံးအပြည့် အကောင်အထည်ဖေါ်နိုင်ပါ ရဲ့လား၊ အဲဒါလက်တွေ့မကျပါဘူး၊ အဲဒီကုန်ကျငွေတွေကို ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင် ကိုယ်ကျ လှူ လိုက်မယ်ဆိုလျင် အဲဒါ ကရင်တွေအတွက် တကယ်လိုအပ်တဲ့ လက်တွေ့ကျတဲ့အလုပ်တခုကိုလုပ် ကိုင်ဆောင်ရွက်လိုက်
တာပဲ မဟုတ်ပါလား။

ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအပိုင်းမှာ လက်တွေ့ကျမကျဆိုတာ သိအောင်နည်းနည်းလေး ပြောပြပါရစေ၊ ပြည်ထောင် စုနေ့ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ရယ်၊ ချစ်သူများနေ့ရယ် အဲဒီသုံးရက်အတွင်း နှင်းဆီပန်းတွေ ရင် ဘတ်မှာ ထိုးကြမယ်ဆိုတော့ ပန်းတပွင့်ကို ဘယ်လောက်ကျသလဲ၊ လူဘယ်နှစ်ယောက်လဲ ကုန်ကျငွေဘယ်လောက်လဲ၊ အဲဒီကုန်ကျငွေတွေကို တခြား နေရာတွေမှာ သုံးဘို့စဉ်းစားကြည့်ပါလား။

အခုလို လူတယောက်ကို ပန်းသုံးပွင့်အကုန်ကျခံလုပ်လိုက်တဲ့အတွက် ကိုယ့်ရည်မှန်းချက် လိုလားချက် ဦး တည်ချက်တွေ ထိရောက်အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ခန့်မှန်းရမလွယ်ပေမယ့် တကယ်လို့များ အဲဒီ ပန်းတွေအတွက် ကုန်ကျမယ့်ငွေတွေကို အခြားနေရာမှာသုံးလိုက်မယ်ဆိုလျင်တော့….။

ကရင်တွေပြောပြောနေတဲ့ ရယ်(ရီ)စရာလိုလို ဇာတ်လမ်းလေးတခုရှိတယ်ဗျ တိုတိုလေးပါ၊ လူတယောက်က အခြားလူတယောက်ဆီကနေ ငွေချေးတယ်တဲ့ ငွေလာချေးတဲ့လူကို ငွေအချေးခံရတဲ့လူပြန်ပြောလိုက်တာက မင်းကိုငွေချေးမယ့်အစား ရေထဲပစ်ချလိုက်လျင် ပိုက်ဆံရေထဲကျသွားတဲ့အသံကို ကြားရဦးမယ်…… တဲ့။

ဒီတော့ဗျာ ဒီမိုကရေစီအရေး လုပ်ကြကိုင်ကြတဲ့ ကာလတခုမှာတော့ ပိုက်ဆံရေထဲကျသွားတဲ့အသံလေး ကြား ရတဲ့အလုပ်မျိုးပဲလုပ်ကြပါ။


123tagged.Com

123Tagged.com - More Flowers Comments





ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)