ဘာကို ယုံရတော့မှာလဲ(လှိုင်းဒေါန)
ခေတ်တစ်ခေတ်ရဲ့ လောင်းရိပ်မှာ
တိတ်ဆိတ်ခြင်းတွေနဲ့
မေ့မနေသင့်ဘူး၊
အတိတ်ရဲ့ အရင်းအနှီးတွေကိုကြည့်
အသစ်အဟောင်း ခေတ်အပြောင်း
ဘယ်အကြောင်းအရာပဲ ကြည့်ကြည့်
ဒို့အတွက်.........
စိတ်ခေါ်မှုတွေအပြည့်ရှိနေတယ်။
လွှတ်ပေးမယ်ပြောပြီး ပုဒ်မ ၂၂၁ (၁)နဲ့
စွဲချက်တင်တဲ့သူကတင်၊
ငြိမ်းချမ်းရေးစကားတွေပြောပြီး
တစ်ဖက်နှင့် တစ်ဖက်
တိုက်တဲ့သူကတိုက်၊
သစ္စာတရား ဂတိစကားတွေကျောခိုင်း
အဲ့ဒီတော့...ဘာကိုယုံရတော့မှာလဲ
ဘယ်လိုနားလည်ရတော့မှာလဲ၊
ယုံကြည်မှုအတွက် ရှေ့တိုးကြမှာလား
ငြိမ်းချမ်းရေးအတွက် နောက်ဆုတ်ကြမှာလား၊
အဓိဌာန်ကိုယ်စီညှိ သတိရှိရှိနဲ့
ဒို့မှာ.........
အဖြေမှန်တစ်တော့ခုရှိဘို့လိုနေပြီ။
(လှိုင်းဒေါန)
ကဗျာပို့ပေးတဲ့လှိုင်းဒေါနကို ကျေးဇူးတင်ပါတယ်။
ပိုးကရင်ဘာသာနဲ့ ဆောင်းပါးတွေ ကဗျာတွေ ပို့ပေးမယ်ဆိုတဲ့ မန်းဒုံ ကိုလည်း တဆက်တည်း ပြောလိုက်ပါရစေ
ကျုပ်မကြာခင် ထိုင်းနိုင်ငံပြန်ပြီး ကလျန်ခေါယောင် တွေနဲ့အတူ သွားနေရတော့မယ်ထင်ပါတယ်။
မန်းဒုံပြောတဲ့အတိုင်းမျှော်နေတာ လည်ပင်းရှည်လှပေါ့ဗျာ။




