၆၃ နှစ်မြောက် ကရင့်အမျိုးသားတော်လှန်ရေး
(မင်းစိုးစံ)
တော်လှန်ရေးဆိုတာ ဘာလဲ။
ဘာကြောင့် တော်လှန်တာလဲ။
ဘယ်သူ့အတွက် တော်လှန်တာလဲ။
မေးခွန်းတွေက ရိုးရိုးလေး။
အဖြေတွေကလည်း မဆန်းပါဘူး။
တော်လှန်ရေးဆိုတာ ပြုပြင်ပြောင်းလွဲတာ။
လူ့လောက လူ့ပတ်ဝန်းကျင်အ၀န်းအ၀ိုင်းတခုလုံး သာယာငြိမ်းချမ်းမှုမှန်သမျှ တခုခု တစုံတရာကို ထိခိုက်ပျက်ဆီး
စေတဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့ အရာမှန်သမျှကို ပြောင်းလွဲပစ်ချင်လို့။
ငြိမ်းချမ်းသာယာခြင်းကို လက်လွှတ်ဆုံးရှုံးခဲ့ကြရတဲ့ လက်လွှတ်ဆုံးရှုံးနေကြရတဲ့ ဆက်လက်လက်လွှတ်ဆုံးရှုံးရနိုင်တဲ့
သက်ရှိသက်မဲ့ တွေအတွက် တော်လှန်တာ။
ဟုတ်ပြီ
ခင်ဗျားကိုယ်ကို ခင်ဗျားရော တကယ်ပဲပြုပြင်ပြောင်းလွဲ ပြီးပြီလား။
ဒါဆိုလျင်။
မင်းစိုးစံ
အဝေးရောက် ကရင်ုးက္ခသည်တဦး