• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, February 16, 2012

ဝန်ကြီး ဦးအောင်မင်းကို သက်သေခေါ်ဖို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ တင်ပြ

ကရင်အမျိုးသားထုတရပ်လုံး လေးစားမြတ်နိုးအပ်သော ကရင့်နေ့ထူးနေ့မြတ် အခန်းအနားများစွာအနက်
အခန်းအနားတခုတွင် ပဒိုမန်းငြိမ်းမောင်မှ တက်ရောက် သြ၀ါဒ မြွက်ကြားနေစဉ်

ဝန်ကြီး ဦးအောင်မင်းကို သက်သေခေါ်ဖို့

မန်းငြိမ်းမောင်ရဲ့ရှေ့နေ တင်ပြ

2012-02-16

အဖမ်းခံနေရတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ရဲ့အမှုအတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် နေပြည်တော်က အရာရှိကြီးများ အပါအ၀င် ၈ ဦးကို တရားခံပြ သက်သေအဖြစ် ဒီကနေ့ တင်ပြတယ်လို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

အမှုကို ဒီကနေ့ မနက်ပိုင်းက အင်းစိန်ထောင် အထူးတရားရုံးမှာ တရားခံရှေ့နေ ဦးကြီးမြင့်က တရားခံပြသက်သေအဖြစ် ပုဂ္ဂိုလ် ၈ဦးကို တင်ခဲ့တာပါ။ တရားရုံးက ခေါ်ပေးမပေးဆိုတာကို နောက်အပတ် ကြာသပတေးနေ့မှာ သိရမယ်လို့ ဆိုပါတယ်။

ဒီနေ့ အမှုစစ်ဆေးရာမှာ ဖဒိုမန်းငြိမ်းမောင်ကို ၃ နာရီကျော်ကြာ စစ်တယ်လို့ ဆိုပါတယ်။ မန်းငြိမ်းမောင်က မိမိအနေနဲ့ ကရင်အမျိုးသားတွေအတွက် ခုခံစစ်မှာ ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချင်ပေမယ့် လက်နက်ချရေး နည်းလမ်းတစ်ခုပဲ လမ်းဖွင့်ပေးထားတာကြောင့် ငြိမ်းချမ်းရေး မယူနိုင်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

ဖဒိုမန်းငြိမ်းမောင်ကို အစိုးရက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မတွေအပြင် မတရားသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ပါ စွဲချက်တင်ထားပါတယ်။ လာမယ့် ကြာသာပတေးနေ့မှာ အမှုကို ထပ်မံချိန်းဆိုထားပါတယ်။

ရှေ့နေဦးကြီးမြင့်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserve

ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်နဲ့ DVBမြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းခန်း


February 16 Thursday evening
Source NEWS Audio from http://www.dvb.no

ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်နဲ့ ဘီဘီစီမြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းခန်း



February 17 2012 Friday morning
Source NEWS from http://www.bbcburmese.com

ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်နဲ့ VOA မြန်မာပိုင်းဌာနတို့ ဆက်သွယ်မေးမြန်းခန်း


February 17 2012 Friday evening
Source NEWS from http://www.voanews.com/burmese

နှစ်ဆယ်ရာစုတော်လှန်ရေးအတွေးအခေါ် ပိုင်ရှင်
ရဲဘော်ရှောင်းအတွက်

(မင်းစိုးစံ)

ပဒို နေကောင်းပါရဲ့လား
ခေါင်းမှာ လက်ပေါက်နေတဲ့လူတွေနဲ့
ငြိမ်းချမ်းရေးအတွက်
အကြံကောင်းတွေ ပေးခဲ့တယ်ဆို။

သူတို့ခေါင်းမှာ နားမရှိဘူးပဒို။

သူတို့ခေါင်းမှာ
လူတကာစွန့်တဲ့မစင်တွေနဲ့
ပြည့်နှက်နေတာပါ။

သူတို့ခေါင်းမှာ
နိုင်ရာစားလုပ်တတ်တဲ့
တိရိစ္ဆာန်ရဲ့အတွေးပဲရှိနေတယ်။

ဒီတော့
သူတို့လက်ခံကျင့်သုံးတဲ့
စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာလည်း
လူမဆန်နိုင်ပါဘူး။

ခွေးကလူကိုကိုက်တာ
မဆန်းပါဘူးပဒို။

သူတို့က
ကျုပ်တို့ရဲ့ အထူးစကားဝှက်
ခွေးရူး ဆိုတဲ့အတိုင်း
ခပ်ရိုင်းရိုင်းပြောရလျင်
မဲမဲမြင်တိုင်း လိုက်ခဲနေတာပါ။

ပဒို............။
ပဒိုအထင်ကြီးလေးစားတဲ့
တော်လှန်ရေးခေါင်းဆောင်ကောင်းတွေအပြင်
ရဲဘော်ရှောင်းမှုန်းခြယ်ထားတဲ့
နှစ်ဆယ်ရာစုတော်လှန်ရေးအတွေးအခေါ် ထဲက
အထင်ကရ ပုဂ္ဂိုလ်ရဲ့ နာမည်ကို
နံရံပေါ်မှာ အပိုထပ်ရေးလိုက်ပါ
ပဒိုရဲ့စိတ်တွေ အလိုလို
ကျန်းမာလာပါလိမ့်မယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)