Charles Darwin: English naturalistBorn: February 12, 1809
Died: April 19, 1882
Source Photo from http://www.google.com/images
ကမ္ဘာကြီး ပေါ်တွင် သက်ရှိ ဖြစ်တည်မှုမှာ
ကုန်းပေါ်မှ စ,ခြင်းသာ ဖြစ်ဟု လေ့လာမှုအသစ်တွင်ဖော်ပြ
16 Feb, 2012
အသစ် ပြုလုပ်ခဲ့သည့် လေ့လာ တွေ့ရှိမှု တစ်ခုအရ ကမ္ဘာကြီးပေါ်မှ သက်ရှိများ စတင် ဖြစ်တည်မှုမှာ ယခင်က
ထင်မှတ်ထား ခဲ့သလို ပင်လယ် ရေထဲမှ မဟုတ်ဘဲ ကုန်းပေါ်မှ ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရပြီ ဖြစ်ကာ ကမ္ဘာ့ ပထမ
ဆုံး သက်ရှိဆဲလ် စတင်ဖြစ်ပေါ်မှု အတွက် မီးတောင် ချော်ပူများမှ ဖြစ်ပေါ် စေသည့် ပျစ်ချွဲချွဲ ရွံ့ ရေကန်ထဲတွင် ဖြစ်
လာခြင်းဖြစ်ကြောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေ့လာမှုကို နောက်ဆုံးပေါ် ဆဲလူလာနှင့် ဘူမိဗေဒ သုတေသန ပြုလုပ်မှုမှ တစ်ဆင့် အဖြေထုတ် လိုက်နိုင်ခြင်း
ဖြစ်ပြီး ကာလရှည်ကြာစွာ ယူဆထား ခဲ့သည့် သက်ရှိများ ပင်လယ် သမုဒ္ဒရာမှ စတင်ခဲ့သည် ဟူသည့် အဆိုကို ဆန့်ကျင် လိုက်ခြင်းလည်း ဖြစ်သည်။
ထို့အပြင် ယခု တွေ့ရှိချက်မှာ တစ်ချိန်က အတွေးအခေါ် ပညာရှင်နှင့် စူးစမ်း လေ့လာသူ Charles Darwin ၏အဆို ဖြစ်
သည့် သက်ရှိများ အစပြုခြင်းမှာ နွေးထွေးသည့် ရေကန်ငယ်များမှ စတင်ခဲ့ဖွယ် ရှိသည် ဆိုသည့် အချက်နှင့်လည်း ခပ် ဆင်ဆင် တူကြောင်း သိရသည်။
အဆိုပါ စမ်းသပ်မှု အသစ်အရ သက်ရှိ ဆဲလ် ပါဝင်သည့် အရည်ပျစ်များမှာ မြေကြီးပေါ်ရှိ မီးတောင်ချော်ကြောင့်
ဖြစ်သောရေကန်ငယ်မှ ရွှံ့နှင့် အလွန်ပင် တူညီသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
source : presstv.ir
Credit http://www.mrtv4.net.mm




