• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label Statement. Show all posts
Showing posts with label Statement. Show all posts

Monday, January 27, 2014

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များတွင် အမျိုးသမီးများအား ပါဝင်ပတ်သက်ခွင့်ပြုရန် နိုင်ငံတကာဥပဒေရှုဒေါင့်မှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်

January 27, 2014
Monday

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်များတွင် 

အမျိုးသမီးများအား ပါဝင်ပတ်သက်ခွင့်ပြုရန် 

နိုင်ငံတကာဥပဒေရှုဒေါင့်မှ တိုက်တွန်းကြောင်း 

ထုတ်ပြန်ချက်

By Legal Aid Network legalaidnetwork@gmail.com

၁။ မြန်မာနိုင်ငံတွင် ဥပဒေစိုးမိုးရေး ဟူသောစကားလုံးအား အကြိမ်ပေါင်းများစွာ ပြောဆိုနေကြသော်လည်း ၂၀၀၈
ဖွဲ့စည်းပုံအရ တည်ဆောက်ထားသောလွှတ်တော်နှင့် အစိုးရတို့သည် နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ လူ့အခွင့်အ
ရေးနှင့် လူသားချင်းစာနာထောက်ထားသည့် ဥပဒေများအခြေခံ နှင့်ကိုက်ညီအောင် ပြည်တွင်းဥပဒေများအား မည်
သို့ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပြုသင့်သည်ဟူသည့်အပေါ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံကလက်
မှတ်ရေးထိုး အတည်ပြုထားသော နိုင်ငံတကာဥပဒေများအား ပြည်တွင်း၌ လက်တွေ့မည်သို့ကျင့်သုံးသင့်သည် ဟူ
သည့်အပေါ်တွင်လည်းကောင်း၊ ယနေ့အချိန်အထိ စိုးစဉ်းမျှအလေးထားဖေါ်ဆောင်ခြင်း မရှိသေးချေ။ ယင်းသို့ဖြစ်နေသမျှကာလပတ်လုံး ဥပဒေစိုးမိုးရေးသည် အမည်ခံမျှသာ ရှိနေပါမည်။

၂။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံတခုဖြစ်သည်။ သို့ဖြစ်၍ ကုလသမဂ္ဂပဋိဥာဉ်စာတမ်းအပိုဒ် ၂၅အရ
 လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များအား လက်ခံအကောင်အထည်ဖေါ်ရန်တာဝန်ရှိသည်။ [1]
၁၉၈၉ ခုနှစ်မှစ၍ လုံခြုံရေးကောင်စီသည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအမြောက်အများတွင် ပါဝင်ပတ်သက်
သူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဥပဒေအခြေခံများအားလေးစားရန်ထပ်ခါတလဲလဲ တောင်းဆိုခဲ့
သည်။
နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေရှုဒေါင့်မှနေ၍ ပြင်းထန်သောချိုးဖေါက်မှုကြီးများအဖြစ် လုံခြုံ
ရေးကောင်စီက ရှုံ့ချသောအကြောင်းရပ်များတွင် တိုင်းရင်းသားများကိုမျိုးဖြုတ်ခြင်း၊ မုဒိမ်းမှုကျူးလွန်ခြင်း နှင့် အ
မျိုးသမီးများအား ဖမ်းဆီးချုပ်နှောင်ခြင်း တို့လည်းပါဝင်သည်။ [2]

ယင်းတို့အားကုစားနိုင်ရန် ၂၀၀၀ ခုနှစ်အောက်တိုဘာလ ၃၁ ရက်နေ့တွင် လုံခြုံရေးကောင်စီက ချမှတ်ခဲ့သည့် ဆုံး
ဖြတ်ချက် အမှတ် ၁၃၂၅တွင် အောက်ပါအတိုင်း ပါရှိသည်။ [3]

“ပဋိပက္ခ ဖြေရှင်းရေး၊ ပဋိပက္ခများမဖြစ်အောင် ကာကွယ်ရေးတို့နှင့် စပ်လျှဉ်း၍ ဆုံးဖြတ်ချက်များချမှတ်ရာတွင် အ
မျိုးသမီးများ၏ အခန်းကဏ္ဍကို တိုးမြင့်စေရန် လိုအပ်ချက်ကိုလည်းကောင်း၊ ငြိမ်းချမ်းမှု နှင့် လုံခြုံမှုတိုးမြင့်ရေးနှင့်
ထိမ်းသိမ်းရေးတို့အတွက် ကြိုးပမ်းမှုမှန်သမျှတွင် ၎င်းတို့တန်းတူညီမျှ ပြည့်ပြည့်၀၀ ပါဝင်ပတ်သက်ခြင်း၏ အရေး
ကြီးမှုကိုလည်းကောင်း အလေးပေးလျှက် ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ပဋိပက္ခဖြေရှင်းရေး နှင့် ပဋိပက္ခများမဖြစ်
အောင် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ အရေးပါသောအခန်းကဏ္ဍကို ထပ်မံ အတည်ပြု
သည်။” [4]

၃။ သို့ရာတွင် မြန်မာနိုင်ငံ၌ လွန်ခဲ့သည့်သုံးနှစ်ခန့်မှစ,၍ အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အ
ဆက်မပြတ်ကျင်းပ,လျှက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်တွင်းစစ်အတွင်း အဆိုးဝါးဆုံးခံစားခဲ့ရ
သည့် တိုင်းရင်းသူအမျိုးသမီးများနှင့် ယင်းတို့ကို ကိုယ်စားပြုသည့်အမျိုးသမီးအဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု
ကို ယခုအချိန်အထိ ဥပက္ခာပြုထားခံရဆဲဖြစ်သည်။
ယင်းမှာ နိုင်ငံတကာဥပဒေနှင့်အညီ နိုင်ငံ၏တာဝန်ရှိမှုကို ချိုးဖေါက်နေခြင်းဖြစ်သည်။

၎။ အရေးပေါ်နှင့် လက်နက်ကိုင်ပဋိပက္ခများတွင် အမျိုးသမီးနှင့်ကလေးများအား ကာကွယ်စောင့်ရှောက်ရန် ကုလ
သမဂ္ဂကြေငြာစာတမ်း [5] အား စံအဖြစ်လက်ခံအသိအမှတ်ပြုကာ၊ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးအတည်ပြု
ထားသော ကလေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် [6] အား လိုက်နာဖေါ်ဆောင်ရန် တာဝန်ရှိ
သည်။ ပြည်တွင်းစစ်ကို အခြေခံ၍ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေစဉ်အတွင်း ကလေးများအနေဖြင့် ကလေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်အရ အကောင်းဆုံးအကျိုးစီးပွားခံစားခွင့်၊ [7] အသက်ရှင်သန်
ခွင့်၊ [8] မွေးပြီးပြီးခြင်းတွင် မှတ်ပုံတင်ပိုင်ခွင့်၊ [9] မိဘများနှင့်အတူနေထိုင်ခွင့်၊ [10] စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာအ
ကြမ်းဘက်မှုမှ အကာအကွယ်ရယူခွင့်၊ [11] အဆင့်အမြင့်ဆုံး ကျမ္မာရေးစောင့်ရှောက်ခံပိုင်ခွင့်၊ [12] ထိုက်သင့်
သည့်လူနေမှုအဆင့်အတန်း ခံစားပိုင်ခွင့်၊ [13] ပညာသင်ကြားပိုင်ခွင့်၊ [14] (တိုင်းရင်းသားကလေးငယ်များတွင်) ယဉ်ကျေးမှုအစဉ်အလာများ ကျင့်သုံးခွင့်၊ [15] အစရှိသည့်အခွင့်အရေးများ ဆုံးရှုံးလျှက်ရှိသည်။

၅။ ပြည်တွင်းစစ်အတွင်း အဆိုးဝါးဆုံးခံစားခဲ့ရသည့် တိုင်းရင်းသူအမျိုးသမီးများနှင့် ယင်းတို့ကိုကိုယ်စားပြုသည့် အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တနည်းနည်းနှင့် ပါဝင်ပတ်သက်ခွင့် ရှိမှသာ
မိခင်ဖြစ်သော အမျိုးသမီးများအတွက်သာမက ၎င်းတို့၏ သားသမီးများဖြစ်သော ကလေးများ၏အခွင့်အရေး ဆုံး
ရှုံးမှုများကိုပါ ဖေါ်ထုတ်နိုင်မည်ဖြစ်သည်။ ယင်းသို့ဆုံးရှုံးမှုများအားမည်သို့အရေးယူဆောင်ရွက်သင့်ကြောင်း နှင့်
နောင်မဆုံးရှုံးအောင် မည်သို့ကာကွယ်စောင့်ရှောက်သင့်ကြောင်း ၎င်းတို့၏အကြံပြုချက်များကို ရယူကာ တနိုင်ငံ
လုံး အပစ်အခတ်ရပ်စဲရေးစာချုပ်၊ ငြိမ်းချမ်းရေးစာချုပ်များတွင် ထည့်သွင်းဖေါ်ပြ ချုပ်ဆိုသင့်သည်။

ဥပဒေ အထောက်အကူပြုကွန်ရက်
နေ့ စွဲ။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်

အသေးစိပ်သိလိုလျှင် ဆက်သွယ်ရန်
ဦးအောင်ထူး (ရှေ့နေ)
တယ်လီဖုံး (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅

[1] The UN Charter Article (25): “The Members of the United Nations agree to accept and carry out the decisions of the Security Council in accordance with the present Charter.”

[2] Eva La Haye, “War Crimes in Internal Armed Conflicts” Cambridge University Press, 2008, P. 63.

[3] Security Council Resolution 1325 was passed unanimously on 31 October 2000. Resolution (S/RES/1325) is the first resolution ever passed by the Security Council that specifically addresses the impact of war on women, and women's contributions to conflict resolution and sustainable peace.

[4] “Reaffirming the important role of women in the prevention and resolution of conflicts and in peace-building, and stressing the importance of their equal participation and full involvement in all efforts for the maintenance and promotion of peace and security, and the need to increase their role in decision- making with regard to conflict prevention and resolution,”

[5] Declaration on the Protection of Women and Children in Emergency and Armed Conflict, Proclaimed by General Assembly resolution 3318 (XXIX) of 14 December 1974.

[6] The UN Convention on the Rights of the Child

[7] UN Convention on the Rights of the Child Article (3)

[8] UN Convention on the Rights of the Child Article (6)

[9] UN Convention on the Rights of the Child Article (7)

[10] UN Convention on the Rights of the Child Article (9)

[11] UN Convention on the Rights of the Child Article (19)

[12] UN Convention on the Rights of the Child Article (24)

[13] UN Convention on the Rights of the Child Article (27)

[14] UN Convention on the Rights of the Child Article (28)

[15] UN Convention on the Rights of the Child Article (30)

Legal Aid Network legalaidnetwork@gmail.com

Tuesday, October 8, 2013

မင်္ဂလာရှိသော သတင်းစကား

October 08, 2013
Tuesday.

မင်္ဂလာရှိသော သတင်းစကား

ကရင်စာတတ်ချင်သူတွေအတွက်ပါ။
ကိုယ်ကိုယ်တိုင်ဖြစ်စေ ကိုယ့်ရင်သွေးငယ်ကိုဖြစ်စေ ကိုယ့်အပေါင်းသင်းသူငယ်ချင်းတွေကိုဖြစ်စေ ကရင်
စာလေ့လာတတ်မြောက်ချင်တယ်ဆိုလျင် www.khwekabaung.org ကိုသွားပြီး လွယ်လင့်တကူ သင်
ကြားတတ်မြောက်ခွင့် ရှိလာပါပြီ။

စာလုံးတွေ၊ အသံထွက်တွေကို ရေးထားတဲ့နေရာပေါ် ထောက်လိုက်ရုံနဲ့ အဆင်ပြေအောင်လုပ်ပေးထားတဲ့
နေရာလေးဖြစ်တဲ့ အဲဒီကိုသာ သွားကြပါ။

ကျေးဇူးတင်တယ်ဆိုလျင် အဲဒီဆိုက်ပိုင်ရှင်ကို အကြံလေးတွေပေးကြပါ။
အကူအညီတွေ လိုအပ်နေပါတယ်။
ဝိုင်းဝန်းပေးကြပါ။

ကျေးဇူးအများကြီးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်။  ။ ကျုပ်ရဲ့ blog ပေါ်မှာ ပြန်တင်ထားချင်ပေမယ့် မတင်တတ်တဲ့အတွက် ဖေါ်ပြပါလိပ်စာကို မဖြစ်မနေ သွားရောက်လေ့လာကြည့်ကြဘို့ တိုက်တွန်းလိုက်ပါတယ်။


Tuesday, August 27, 2013

ခဏနားမယ်ဗျာ

Source Photo from facebook


ခဏနားမယ်ဗျာ
August 27, 2013 Tuesday

By မင်းစိုးစံ

ခဏနားထားမယ် အကန့်အသတ်မရှိပါဘူး။ ကြာချင်လည်းကြာမယ် မကြာဘူးဆိုလည်း မကြာဘူးပေါ့။
အခုလို ခဏတဖြုတ်နားနေမယ့်အချိန်မှာ ကျုပ်ရဲ့အပေါ် စေတနာထားခဲ့ကြတဲ့ Blog လောကထဲကို ရောက်
လာနိုင်ဘို့အတွက် အဘက်ဘက်က ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ရင်နဲ့အပြည့်
ကျေးဇူးတင်ပါကြောင်း ဦးစွာပထမ အသိပေးပြောကြားလိုပါတယ်။

ကျန်းမာရေးကြောင့်မဟုတ်ပါဘူး။ အိမ်ပြောင်းမှာမို့ပါ။
လက်ရှိအိမ်ကနေ အခြားအိမ်တစ်အိမ်ကို ပြောင်းမှာပါ။ အိမ်ဟောင်းကနေ ပစ္စည်းပစ္စယျတွေ သယ်၊ အိမ်
သစ်မှာ နေရာပြန်ချ။ အားလုံး အဆင်သင့်ပြီဆိုမှ Blog ပြန်ရေးဖြစ်မှာပါ။

ကျုပ်ကို Blog လောကထဲ ရောက်လာနိုင်အောင် အစစအရာရာ အောက်ခြေသိမ်း ကူညီပေးခဲ့ကြသူတွေက
တော့ စောလင်းနက်စ် sawlinux@gmail.com ။  စောဆုတောင်း sutoung@gmail.com ။ စောကျော်ခွီး minphyumhanmhanpyaw@gmail.com ။ မြစ်နဒီကိုးသွယ် poisonousflowers@gmail.com ။ စော
အယ်ကေါ် ehkhaungthaunt@gmail.com ။ အရှင်ပညာဒီပ<sawdi09 gmail.com ။ သူတို့တတွေအား
လုံး ဟာ ကျုပ်ကို အဓိက ပံ့ပိုးကူညီခဲ့ကြသူတွေဖြစ်ကြပါတယ်။

ဆရာစောလင်းနက်စ် ကတော့ သံဃာတော်တစ်ပါးဖြစ်ပါတယ်။(အခုတော့ လူဝတ်လဲပြီလားမသိပါ) သူ
ကတော့ ကျုပ်ရဲ့ ဖူ့တာမိက် ဆိုတဲ့ Blogကို တည်ဆောက်ဖန်တည်းပေးခဲ့သူဖြစ်ပါတယ်။ လက်ရှိဆိုက်ဒ်ရော
ယခင် ဆိုက်ဒ်အဟောင်းအားလုံးဟာ သူ့ရဲ့လက်ရာပါ။ အဆင်သင့်ရေးနိုင်အောင် အပြီးအစီးလုပ်ပေးခဲ့တာ
ပါ။
ဥပမာ ပြရမယ်ဆိုလျင် အဆင်သင့်စားနိုင်တဲ့ ထမင်းဝိုင်းတစ်ဝိုင်းကို ရပ်ဝေးက ဆာလောင်ပင်ပမ်းစွာနဲ့ လာ
တဲ့သူတစ်ဦးကို ကြိုက်ရာဟင်းနဲ့ လိုသလောက်စားသုံးနိုင်အောင် ပြင်ဆင်ပေးတဲ့ ဆရာတစ်ဆူဖြစ်ပါတယ်။

စောဆုတောင်းကတော့ ရုပ်သံဖိုင်ထဲကနေ MP3 ပြောင်းတာ။ You tube ထဲက ရုပ်သံဖိုင်တွေကို Copy

တာမျိုး ရုပ်သံတင်နည်းတွေအပြင်၊ IP စစ်ပြီး Ban ပစ်တာမျိုး အဲဒါတွေကို စိတ်ရှည်လက်ရှည်နဲ့ သင်ပေးပါ
တယ် အဲဒီလိုသင်ပေးတဲ့အခါမှာ စာရေးပြီးသင်တာကို နားမလည်တဲ့ကျုပ်အပေါ် စိတ်မဆိုးတဲ့အပြင် နား
လည်အောင်ဆိုပြီး သူကိုယ်တိုင် ရုပ်သံဖိုင်နဲ့ အဆင့်ဆင့်ရှင်းပြပေးပါတယ်။
ကျောင်းသားငယ်လေးတစ်ယောက်ကို ငှက်ပျောသီးအခွံ နွှာပြီး ဇွန်းကလေးနဲ့ တဖြည်းဖြည်းချင်း ခွံ့ကျွေးတဲ့
ဆရာတစ်ဆူဖြစ်ပါတယ်။

စောကျော်ခွီးကတော့ သူကိုယ်တိုင် Internet ပေါ်ကနေ တိုက်ရိုက် Computer ထဲဝင်ပြီး သိချင်တာတွေ
လိုအပ်တယ်လို့ ထင်ရမယ့်အရာတွေကို ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်ရှည်ထားပြီး ပြင်ဆင်ဖြည့်စွက်ပေးပါ
တယ်။ 
ပြီးတော့ Blog ရေးတဲ့အခါ ဆက်ဖတ်ရန် ဆိုတဲ့စာလုံးသုံးပြီး စာကြောင်းတွေကို တိုအောင်လုပ်တဲ့နည်းကို
လည်း စိတ်လိုလက်ရ သင်ပေးပါတယ်။
ဘွဲ့နှင်းသဘင်ခမ်းမ ပေါ်မှာ ဘွဲ့လက်မှတ်တက်ယူမယ့် ကျောင်းသားတစ်ယောက်ကို ဟန်ကျပန်ကျဖြစ်သွား
အောင် ပြင်ဆင်ပေးတဲ့ ဆရာတစ်ဆူဖြစ်ပါတယ်။

မြစ်နဒီကိုးသွယ်ကတော့ သူနဲ့ပတ်သက်ပြီး ဒိုင်လူကြီးလုပ်ခဲ့ရတာကို ပြန်သတိရမိတယ်။
သူက ကျုပ်လိုချင်တဲ့ ဓါတ်ပုံတွေရှာပြီးပို့ပေးတတ်သလို အဆစ်အမြစ်ကိုက်ခဲတတ်တဲ့ကျုပ်အတွက် ဆေးဝါး
တွေမှန်သမျှ တန်ရာတန် ကြေးမယူပဲ ပို့ပေးလေ့ရှိပါတယ်။
နောက်ပြီး အရှေ့ပိုးကရင်စာကို ရုပ်သံလေးနဲ့လွှင့်ချင်လို့ အသံသွင်းယူနည်း အသံပြောင်းနည်းနဲ့ ဆိုင်တာ
တွေကို သင်ပြပေးသလို အဲဒီလိုပြုလုပ်ရာမှာ လိုအပ်တဲ့ Software ကိုလည်း ပို့ပေးတဲ့အတွက် သူကတော့
အဖေကိုချစ်တဲ့သမီးတစ်ယောက်ပီသတဲ့ ဆရာတစ်ဆူဖြစ်ပါတယ်။

စောအယ်ကေါ်ကတော့ Blog နဲ့ပတ်သက်ပြီး Blog ရေးပုံရေးနည်းတွေကို သင်ကြားပေးတဲ့အပြင် ကျုပ်အ
တွက်သီးသန့် Blog တစ်ခုဖြစ်လာအောင် အားကြိုးမာန်တက် ဆောင်ရွက်အားပေးတာမို့ သူဟာဖြင့် ကဗျာ
ရွတ်ဆို ပြိုင်ပွဲဝင်မယ့် စင်မြင့်ပေါ်မတက်ဘူးသေးတဲ့ မူလတန်းကျောင်းသားတစ်ယောက်ကို ကဗျာရွတ်ဆိုပြ
ဘို့ စင်ပေါ်တက်ရဲအောင် စွမ်းဆောင်ပေးတဲ့ အတန်းပိုင်ဆရာတစ်ယောက်လို ဆရာတစ်ဆူဖြစ်ပါတယ်။

အရှင်ပညာဒီပ ကတော့လက်ရှိ သံဃာတော်တပါးဖြစ်ပါတယ်၊ Blog ရေးတဲ့အခါ အသုံးဝင်မယ့် ပိုးကရင်လို
အသုံးအနှုံးတွေကို လေ့လာနိုင်အောင် အရှေ့ပိုးကရင်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်ပေါင်းမြောက်များစွာနဲ့
ဗမာဘာသာနဲ့ ရေးသားထားတဲ့ နှစ်ပတ်လည်ထုတ်မဂ္ဂဇင်း စာအုပ်တွေကို အဖိုးအခမယူပဲ ပို့ပေးတဲ့အပြင်
ကျုပ်သိ ချင်တဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း ရှင်းလင်းဖြေကြား သွန်သင်ပေး
တာမို့ သူဟာ ကမ်းမမြင်လမ်းမမြင်ပဲ ဦးတည်ရာမဲ့ ခရီးနှင်နေတဲ့ ရေယာဉ်တစ်စီးကို လိုရာကမ်းခြေရောက်
အောင် ထွန်းကွပ်ပေးတဲ့ ရေယာဉ်ကိုဦးစီးတဲ့ရေယာဉ်မှူးလို ဆရာတစ်ဆူဖြစ်ပါတယ်။

သူတို့တတွေအားလုံးဟာ သက်အရွယ်အရ ကျုပ်နဲ့စာလျင် အများကြီးငယ်ကြပါတယ်။ လူငယ်လူရွယ်တွေ
ဖြစ်ကြတဲ့အလျှောက် သူတို့အားလုံးမှာ ဘ၀ပေးသမိုင်းကို ကိုယ်စီကိုယ်ငှ ကျေပြွန်အောင် လုပ်ဆောင်နေ
ကြရတာမို့ အချိန်ဆိုတာ မရှိသလောက်ပါပဲ။
အဲဒီလိုတွေကြားထဲက တစ်ခါဘူးမျှမတွေ့ဘူးမမြင်ဘူးတဲ့ကျုပ်ကို သူတို့လေးတွေ အခုလိုကူညီကြတယ်ဆို
တာ တော်ရုံတန်ရုံသံယောဇဉ်မဟုတ်သလို သာမာန်စေတနာမျိုးမဟုတ်နိုင်ဘူးဆိုတာ ကျုပ်အလိုလိုနား
လည်နေတဲ့အတွက် သူတို့တတွေရဲ့ စေတနာနဲ့ သံယောဇဉ်ကို အသိအမှတ်မပြုပဲ မနေနိုင်အောင် ဖြစ်မိတာ
အမှန်ပါ။ ဒါကြောင့် ဆရာတွေအားလုံးကို လက်ဆယ်ဖြာစုံမိုးလို့ ရှိခိုးလိုက်ပါတယ်။

ကျုပ်အနေနဲ့ ဆရာတွေအပေါ်မှာ ကာယကံ ကိုယ်အမူအရာ၊ ၀စီကံ နှုတ်အမူအရာ၊ မနောကံ စိတ်အမူအ
ရာ တွေထဲက တမျိုးမျိုးနဲ့သော်လည်းကောင်း သုံးမျိုးစလုံးနဲ့သော်လည်းကောင်း ပြစ်မှားခဲ့မိတာများ ရှိခဲ့
မယ်ဆိုလျင် ခွင့်လွှတ်ပေးကြဘို့ တောင်းပန်လိုက်ပါတယ်။

ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို ပြန်ဆပ်ဘို့ရာ အခွင့်မသာပေမယ့် အောက်က စိုင်းထီးဆိုင်ရဲ့ ဧည့်သည် လို့အ
မည် ရတဲ့ သီချင်းလေးနဲ့ ကျုပ်ရဲ့ဆရာသမားများနဲ့တကွ ကျုပ်ကို မုန်းသူ၊ ချစ်သူ၊ အားလုံးကို ခဏတဖြုတ်
နှုတ်ဆက်လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Friday, July 19, 2013

လူ့အခွင့်အရေးအတွက် လှုပ်ရှားတက်ကြွသူ ဒေါ်ဘောက်ဂျာအားဘမ်းဆီးခြင်းအပေါ် အပြင်းအထန်ကန့်ကွက်ခြင်း



လူ့အခွင့်အရေးအတွက် လှုပ်ရှားတက်ကြွသူ

ဒေါ်ဘောက်ဂျာအား ဘမ်းဆီးခြင်းအပေါ် 

အပြင်းအထန်ကန့်ကွက်ခြင်း

Sunday, July 7, 2013

Saturday, May 11, 2013

ဝမ်းနည်းခြင်းမှတ်တမ်း

ကရင့်ရိုးရာအခန်းအနားတစ်ခုမှ ဆရာ ဦးဟန်ဇော်နှင့် ဇနီး

ဝမ်းနည်းခြင်းမှတ်တမ်း

May 11, 2013 Saturday

ကဗျာဆရာ အောင်ဇေ သို့မဟုတ် ဇော် ကွယ်လွန်ခြင်း

ယနေ့ May 10, 2013 Friday တွင် အမေရိကန်ပြည်ထောင်စု မင်ဏီစိုးတားပြည်နယ် စိန့်ပေါမြို့၌နေထိုင်
လျှက်ရှိသော ဆရာ ဦးဟန်ဇော်(အသက် ၆၃နှစ်) သည် ၎င်း၏နေအိမ်တွင်ကွယ်လွန်သွားကြောင်းသိရှိရပါ
သဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း သိစေအပ်ပါသည်။

မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဆရာ ဦးဟန်ဇော် မရှိတော့တဲ့နောက် သူနဲ့ပတ်သက်တာလေးတွေထဲက အမှတ်တရဖြစ်စေခဲ့တာလေးတွေ
ကို ရေးချလိုက်ပါရစေ။
ကျုပ်နဲ့ ကျုပ်ရဲ့ဆရာ ဦးဟန်ဇော်တို့ဆိုတာ ဒုက္ခသည်စခန်းမှာ အတူနေလာခဲ့ကြတာလေ။ စခန်းမီးအရှို့ခံရ
လျင် အတူတူပြေးကြ။ ဆန်တစ်ခါထုတ် ၃ဘတ်ဆိုလည်း အတူတူပေးကြ။ မြေခွန်ဆိုလည်းအတူတူဆောင်
ကြ။ နောက်ဆုံး စခန်းကို အုပ်ချုပ်နေသူတွေနဲ့ စခန်းအတွင်း အအုပ်ချုပ်ခံတွေကြား သဟဇာတ ဖြစ်အောင်
ဆိုပြီး အဖွဲ့ဖွဲ့ကြတော့လည်း အတူတူ။

သိကြတဲ့အတိုင်းပဲ ဒုက္ခသည်စခန်းထဲမှာက လူပေါင်းစုံလေဗျာ နေရာပေါင်းစုံက အတွေ့အကြုံပေါင်းများစွာ
နဲ့ လူချည်းပဲ။ အဲဒီတော့ ပြဿနာကလည်း စုံတယ်ပေါ့ဗျာ။
မြေခွန်မဆောင်နိုင်လို့ ဆန်ရောင်းမယ် ပြောတဲ့လူစီက ဆန်ဝယ်သူတွေက ကြိုတင်ငွေပေးပြီးဝယ်ထား။
ဆန်ထုတ်တဲ့နေ့ကျတော့ စားဘို့ တောင်မကျန်တဲ့အဖြစ်မျိုး။ ကြက်ရိုးလေး ၀ယ်စားဘို့ မပြေလည်လို့ ဆီ
လေး ပဲလေး ရောင်း။ အချိန်ကျတော့ ပဲ လည်းမကျန် ဆီလည်းမကျန်။ ပြဿနာက တက်။
ငွေကြိုပေးထားတာဆိုတော့ အပြင်ကပေါက်ဈေးအတိုင်း ဖြစ်နိုင်စရာမှ မရှိပဲ။

အဲဒီလို အဲဒီလိုနဲ့ပေါ့ဗျာ။ နေ့တစ်နေ့မှာတော့ ဘီဘီစီက ဆရာ ဦးကျော်ဇံသာ စီစဉ်တဲ့ အလင်္ကာပန်းခင်း
ဆိုတဲ့ ကဏ္ဍမှာ ကျုပ်နဲ့ ဆရာ ဇော် ဒါမှမဟုတ် အောင်ဇေ တို့ ကဗျာတွေရေးပို့ကြတယ်၊ ရေဒီယိုက ကိုယ့်
ကဗျာကို ဘယ်အချိန်မှာ ဘတ်ပြမလဲဆိုပြီး မလွတ်တမ်းကို နားထောင်တာ။
(အခု ဘီဘီစီက ကိုသိန်းမြတ်ပြောပြနေတဲ့ အလင်္ကာ ပုလဲပန်းကဏ္ဍမဟုတ်ဘူးနော်)
အလင်္ကာပန်းခင်း ကဏ္ဍအတွက် ဆရာ အောင်ဇေ သို့မဟုတ် ဆရာ ဇော် ရေးပို့ပေးခဲ့တဲ့ အဖွင့်ကဗျာလေး
ကို ခံစားကြည့်ကြပါစို့လား။

အလင်္ကာပန်းခင်းကဏ္ဍကို စီစဉ်ထုတ်လွှင့်တဲ့ ဆရာဦးကျော်ဇံသာ(ယခု VOA)က အဖွင့်ကဗျာရေးပို့ပေးကြ
ဘို့ ပြောတာနဲ့ ဆရာအောင်ဇေ ရေးပို့ပေးလိုက်တာဖြစ်ပါတယ်။
ကလောင်မကိုင်ခဲ့တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ဆရာအောင်ဇေဟာ အလင်္ကာပန်းခင်းကဏ္ဍကြောင့်
သူ့ရဲ့က လောင်ကို ပြန်သွေးလိုက်တယ်ပဲပြောမလား၊ အနုပညာသမားပီပီ ခံစားချက်နဲ့ဝါသနာကြောင့်
မနေနိုင်မထိုင်နိုင် အောင်ဖြစ်လာလို့ပဲလားတော့ မပြောတတ်ပါဘူး။
သူကဗျာတွေပြန်ရေးဖြစ်တာကတော့ ဆရာဦးကျော်ဇံသာရဲ့ အလင်္ကာပန်းခင်းကဏ္ဍကြောင့်လို့ ဆရာ ဇော်
ကပြောပါတယ်။

အလင်္ကာပန်းခင်းကို ကြိုဆိုခြင်း

(အောင်ဇေ)

အလင်္ကာပန်းခင်း ပွင့်လင်းဟန်ပန်
ဘိတ်ခေါ်သံကြောင့် သန်းခေါင်ယံအောက်
ဘဝပျောက်လို့ မေ့လောက်ကဗျာ
အလင်္ကာကို ဖွေရှာသီကုံး
နှလုံးသားမှ ယိုစီးကျသည့်
ဘဝမင်ရည် ရေးဖွဲ့သီ၍
စာစီညွှန်းဆို ဖွဲ့နွဲ့လိုသည်
အလင်္ကာပန်းခင်းကို ကြိုဆိုခြင်း။

အောင်ဇေ 15-June- 1998

BBC Burmese Service ဆရာဦးကျော်ဇံသာ(ယခု VOA) စီစဉ်ထုတ်လွှင့်ခဲ့တဲ့ အလင်္ကာပန်းခင်း အစီစဉ်က
နေ 15-July- 1998 ညနေပိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ ကဗျာတပုဒ်ကို တင်ပြလိုက်ပါတယ်။

အလင်္ကာပန်းခင်း

(အောင်ဇေ)

အလင်္ကာပန်းခင်း သစ်ဆင်းတဲ့အလှ
ဘဝရဲ့ကဗျာ ဖြူနီဝါပြာ
ရောင်စုံဖြာတဲ့ ပန်းကဗျာအကြောင်း
သိကောင်းစရာ အလင်္ကာ။

လှသောဖြူသော နုသောရင့်သော
ယနံ့သဘောစုံလင်
လေငင်ရာလွင့် ဆွတ်ပျံ့ပျံ့
သင်းယနံ့ အလင်္ကာ။

အလင်္ကာပန်းခင်းရဲ့အလည်
နှစ်လိုဘွယ်အပြုံး
သင်းပျံ့ပျံ့ထုံးတဲ့
နှလုံးလှတဲ့ ပန်းကလေးတွေ။

ရိုးရိုးယဉ်ယဉ်
အသွင်မဆန်းသော်လည်း
လွမ်းမက်တဲ့
ပန်းခက်တွေ။

သင်းပျံ့ပုံထူးလှသမို့
ယနံ့စူးရှတဲ့ပန်းမလ်မျိုးလည်း
ပန်းခင်းထဲမှာရှိတန်ကောင်းရဲ့။

တနေရာမှာတော့
ခတ်သော့သော့လေအလွင့်မှ
ဝင့်ဝါသလိုအသွင်ဆန်းတဲ့
စပယ်ပန်းနီနီတွေ။

ပကတိစပယ်ဖြူ
အေးကြူကြူဖြူဖွေးဖွေးမှာ
ဘယ်သူတွေအရောင်ရေးလို့
နီစွေးစွေးဖြစ်သလဲ?။

ပင်မြင့်က,ပိတောက်မင်း
ဘယ်သူတွေအတင်းပြောင်းလို့
သစ်ခေါင်းတွင်းအောင်းသလဲ?။
ပင်ယံက,သစ်ခွ
မြေချလိုတာနဲ့
ပင်ရင်းမှာပွင့်စေတာမျိုး
ဘယ်သူပျိုးသလဲ?။

အလင်္ကာပန်းခင်းမှာ
အလှကိုယ်စီရှိကြသည်မို့
ပီပြင်အလှ ဝေငှရွေးပန်
ကဗျာဉာဏ်သဘော
အလင်္ကာနှောလို့
ပြောပြမကုန် ယနံ့စုံတဲ့
 အလင်္ကာပန်းခင်းရဲ့
ပန်းကလေးတွေ ပန်းကလေးတွေ။

အောင်ဇေ 15-June- 1998

ဆရာအောင်ဇေ ရေးထားခဲ့တဲ့ ကဗျာ အမြောက်အများရှိနေပါတယ်။
ကျန်ရစ်သူမိသားစုရဲ့ ခွင့်ပြုချက်ကိုရတာနဲ့ ဆက်လက် ရေးသားတင်ဆက်သွားဘို့ ရှိပါတယ်။
အခု ရေးထားတဲ့ ကဗျာနှစ်ပုဒ်ကတော့ သူနေကောင်းကျန်းမာနေတဲ့အချိန်မှာသူ့ရဲ့ခွင့်ပြုချက်ယူပြီး ရေး
လိုက်တာဖြစ်ပါတယ်။

ဆရာ အောင်ဇေ ကတော့ သူချစ်တဲ့သူ့မိသားစု သူမြတ်နိုးတဲ့ကဗျာ သူမျှော်လင့်ထားတဲ့ ဒီမိုကရေစီအရေး
တွေကို အပြီးအပိုင်စွန့်ခွါသွားခဲ့ပါပြီ။
ဆရာအောင်ဇေ သို့မဟုတ် ဆရာဇော် ကောင်းရာသုဂတိလားပါစေ။

ကျုပ်ကဗျာတွေကို စိတ်မ၀င်စားဘူးလား။ စိတ်မ၀င်စားလည်း မတတ်နိုင်ဘူး နည်းနည်းကြွားလိုက်မယ်
ကျုပ်ကဗျာ ဘယ်လောက်ကောင်းသလဲဆိုလျင် ဦးသန်းလွင်ထွန်း(ယခု VOA ) အသိဆုံး။(ကျုပ်ကြွားတာ၊ ကျုပ်ရဲ့နာမည်ကို ဆရာသန်းလွင်ထွန်း ကြားတောင်မကြားဘူးဘူး)

မနီလွိုင်မှာနေတုန်းက ရာဇ၀င်ရိုင်းမယ့် မှတ်တမ်း ဆိုတဲ့ကဗျာပေါ့ဗျာ။ အဲဒီကဗျာကိုရေးတဲ့လူနဲ့ တွေ့ချင်
တယ်ဆိုပြီး ကျုပ်ကိုစောင့်နေတာ။ ကျုပ်အတွေ့မခံခဲ့ဘူး။ ကျုပ်အကြောင်းနဲ့ကျုပ်ပေါ့။ အားနာတာတော့
အမှန်ပဲ။ ဆရာ ဦးသန်းလွင်ထွန်းခင်ဗျား တောင်းပန်ပါတယ်ဗျာ။ တကယ့်ကို ကြီးကြီးမားမားကြီးတောင်း
ပန်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)



Sunday, January 27, 2013

ဒေါက်တာ ဆိတ်ဖွါး၏ တောင်းပန်လွှာ


ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီး ဒေါက်တာဦးစိုးရင်
( ဓါတ်ပုံ - ပြည်သူ့လွှတ်တော် )

တောင်းပန်ပုံလေးက အတော်ကို ထိထိမိမိပီပီပြင်ပြင် ရှိလှပါတယ်။
အဲဒီလိုတောင်းပန်လိုက်တဲ့အတွက် လွှတ်တော်ကိုယ်စားလှည်တော်ကြီးများ ၀မ်းသာပီတိဂွမ်းဆီထိသလို
နှလုံးဧမြ အပြုံးလေးတွေတမွမွနဲ့ ဒေါက်တာဆိတ်ဖွါးကို အမျက်တော်မထားပဲ အချစ်တော်ပွါးနိုင်ပါလိမ့်
မယ်။
ယမ်းပုံ မီးကျ ပေါက်ကွဲမိသမျှ နောင်တ,အကြီးအကျယ်ရ,ပြီး အနာပေါ်တုတ်ကျသလို ခုန်ဆွခုန်ဆွဖြစ်နေ
မှာတော့ မြင်ယောင်မိသေးသဗျား။

တောင်းပန်ခြင်း

Sunday, January 20, 2013

ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊
သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည် ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က
အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့်ပတ်သတ်ပြီး စုံ
စမ်းစစ်ဆေးအရေးယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စုလွှတ်တော်မှကော်မရှင် ဖွဲ့စည်းပြီးဆောင်
ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစ,ပြုကြောင်း အ
များသိရှိပြီးဖြစ်ပါသည်။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆို
သူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စား
သော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည်။
ပြည်သူသန်း ၆၀ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ
ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည်၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်
နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် "အပေါင်းပါ" ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်
သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတ,စွာ ကျင်းပ,ခဲ့သည့်
၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့်
ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အ,ဂတိတရား ကင်းကင်းဖြင့် ဖွဲ့
စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါ
ကြောင်း ပြင်ဆင်ဖေါ်ပြအပ်ပါသည်။

ဒေါက်တာဆိတ်ဖွား
Sunday, January 20, 2013

Copy from http://doctorsatephwar.blogspot.com/2013/01/blog-post_20.html

Wednesday, December 26, 2012

(၁၅)ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးညီလာခံ ထုတ်ပြန်ကြေငြာချက်

  ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (ဥက္ကဌ)


(၁၅)ကြိမ်မြောက်

 ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး 

ညီလာခံ ထုတ်ပြန်ကြေငြာချက် 

၂၀၁၂- ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်

၁။ (၁၅)ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးညီလာခံကို ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၂၆)
ရက် နေ့မှ ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ KNU နယ်မြေ၊ ဘားအံခရိုင်၊ တပ်မဟာ(၇)ဒေသတွင် ကျင်းပပြီး
စီးခဲ့ပါသည်။
ဤညီလာခံတွင် ကိုယ်စားလှယ်(၁၇၁)ဦး၊ လေ့လာသူ(၇၄)ဦး စုစုပေါင်း(၂၄၅)ဦးတို့ တက်ရောက်ခဲ့ပါ
သည်။

၂။ ဤညီလာခံသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၄)နှစ်တာကာလလုပ်ငန်းအစီရင်ခံ
စာနှင့် နိုင်ငံရေးအစီရင်ခံစာများကို တင်သွင်းခြင်း၊ သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခြေခံ လုပ်ငန်းစဉ်၊ နိုင်ငံရေးလမ်းစဉ်များ ပြန်လည်စီစစ်သုံးသပ်အတည်ပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။

၃။ ညီလာခံမှနိုင်ငံရေးနှင့်အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်မှုပိုမိုအားကောင်း
လာရေးကို ပံ့ပိုးဆောင်ရွက်သွားရန်၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ အုပ်ချုပ်ရေးနှင့်တည်ဆောက်ရေးစ
သည်တို့နှင့်စပ်လျဉ်းသည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ပါသည်။
စီပွားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများချမှတ်သွားရန်နှင့် ပြည်သူလူထု၏နစ်နာဆုံးရှုံးမှုများကိုအကာအကွယ်
ပြုနိုင်ရေးအတွက် လူ့အခွင့်အရေးကော် မတီတစ်ရပ် ဖွဲ့စည်းသွားရန် သဘောထားချမှတ်ခဲ့ပါသည်။

၎။ ညီလာခံသည် ဗဟိုအလုပ်အမှုဆောင်ကော်မတီသစ်ကို အောက်ပါအတိုင်း ရွေးချယ်တင်မြောက်ခဲ့ပါ
သည်။

၁။ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (ဥက္ကဌ)
၂. ပဒိုနော်စီဖိုးရာစိန် (ဒု-ဥက္ကဌ)
၃. ပဒိုစောကွယ်ထူးဝင်း (အတွင်းရေးမှူးချုပ်)
၎. ပဒိုစောသောသီဘွဲ (တွဲဖက်အတွင်းရေးမှူး - ၁)
၅. ပဒိုမန်းမန်း (တွဲဖက်အတွင်းရေးမှူး - ၂)
၆. ပဒိုစောရောဂျာခင် (ကော်မတီအဖွဲ့ဝင်)
၇. ပဒိုမန်းငြိမ်းမောင် (ကော်မတီအဖွဲ့ဝင်)
၈. ပဒိုစောသမိန်ထွန်း (ကော်မတီအဖွဲ့ဝင်)
၉. ပဒိုစောတာဒိုမူး (ကော်မတီအဖွဲ့ဝင်) ၁၀. ဗိုလ်မှူးချုပ်စောဂျော်နီ (ကော်မတီအဖွဲ့ဝင်)
၁၁. ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ (ကော်မတီအဖွဲ့ဝင်)

၅။ ညီလာခံမှ ဗိုလ်မှူးချုပ်စောဂျော်နီအား ကေအဲန်အယ်လ်အေ-ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ
တော်၏ စစ်ဦးစီးချုပ်အဖြစ် လည်းကောင်း၊ ဗိုလ်မှူးချုပ်စောဘောကျော်ဟဲအား ဒုတိယစစ်ဦးစီးချုပ်အဖြစ်
လည်းကောင်း တာဝန်ပေးအပ်ခဲ့ပါသည်။

၆။ မြန်မာအစိုးရ၏ လက်ရှိအပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍
ပြန်လည်သုံးသပ်ပြီး နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ရောက်စေရန် လေးလေးနက်နက်အမြန်ဆုံးအကောင်
အထည်ဖော်ရန်လိုအပ်ပြီး နိုင်ငံရေးဆွေးနွေးမှုလုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်
ရေးအတွက် တစ်ပြည်လုံးအတိုင်းအတာအပစ်အခတ်ရပ်စဲနိုင်ရေးကို အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်သည်
ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ သုံးသပ်သည်။

၇။ ယခုလို မြန်မာအစိုးရမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်နေပြီဖြစ်၍ မြန်မာအာဏာပိုင်များမှ လူထုလှုပ်ရှားမှုကို အကြမ်း
ဖက် နှိမ်နင်းမှုရှိနေသေးသဖြင့် ၎င်းအပေါ်လွန်စွာစိုးရိမ်ပူပန်မိပါသည်။
သို့သော် မြန်မာအစိုးရမှ ၎င်းဖြစ်ရပ်မှန်ပေါ်ပေါက်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့
စည်းဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကြိုဆိုပါသည်။

၈။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဒီမိုကရေစီရေး၊ တိုင်းရင်းသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြ
ဌာန်းခွင့်ရရှိရေးကို လက်ရှိကြိုးပမ်းဆောင်ရွက်လျှက်ရှိနေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အတူ စစ်မှန်သော
ဖယ်ဒ ရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အား
စုများနှင့်အတူ လက်တွဲညီစွာ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါ
သည်။

 ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် ဆက်သွယ်ရန်

၁။ ပဒိုစောကွယ်ထူးဝင်း (+၆၆) ၈၁၈-၀၇၆၂၇-၉
၂။ ပဒိုမန်းမန်း (+၆၆) ၈၇၉ ၄၃၈ ၇၅-ဝ


 

Thursday, November 29, 2012

ပြောင်ပြောင်တင်းတင်း ဦးအောင်မင်း



ပြောင်ပြောင်တင်းတင်း ဦးအောင်မင်း 

By မင်းစိုးစံ
November 29, 2012 Thursday

တပတ်အတွင်း ဆယ်ရက်အတွင်း တပည့်တော်အဖြေပြန်ပေးမယ်။
တပည့်တော်လိမ်တာမဟုတ်ဘူး။
ဖြစ်အောင်လုပ်ပေးမယ်။


အဲဒါအဖြေပေးလိုက်တာပဲ။
ကျုပ်ကပေးတဲ့ကတိကို ပေးတဲ့အတိုင်း အတိအကျ လုပ်တတ်တယ်။
လိမ်မစားဘူး။
ဝူးဟားဟားဟား။ ၀ူးဟားဟားဟား။
ကျုပ်တာဝန်ကျုပ်ကျေပါတယ်နော်။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့က တပည့်တော်တို့ကိုနားလည်ပေးဘို့။
ပြည်သူလူထုက တပည့်တော်တို့ကို နားလည်ပေးဘို့လိုပါတယ်။

တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။
တရုတ်နဲ့ ရန်မဖြစ်ရဲဘူး။


ဒါကြောင့်မို့လို့ တရုတ်က သူတို့လုပ်ထားတဲ့လက်နက်ကို စမ်းခိုင်းလိုက်လို့ စမ်းကြည့်လိုက်တာပါဘုရား။
နေသာထိုင်သာရှိပါရဲ့လား ဘုရား။
ကန်တော့နော်။ ကန်တော့။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့က တပည့်တော်တို့ကိုနားလည်ပေးဘို့။
ပြည်သူလူထုက တပည့်တော်တို့ကို နားလည်ပေးဘို့လိုပါတယ်။

ဦးအောင်မင်း ဒီနေ့မတရားတာလုပ်လျင် ဆရာတော်ဘုရားတို့ လာခဲ့လိုက်။
တရားစွဲ။
တပည့်တော် ဆရာတော်ဘုရားတို့ပေးတဲ့ အပြစ်ကို ခံယူသွားမယ်။
အဲဒီလောက်အထိ စိတ်ဓါတ်က ပြင်းထန်တယ်။


တရုတ်က မြစ်ဆုံကိစ္စ စကားပြောတော့မှာဆိုတော့ သူ့ပါးစပ်ကို ခဏလောက် ပိတ်ထားတဲ့အနေနဲ့ လုပ်ပြ
လိုက်တာပါ။
တရားနဲ့ဖြေကြပေါ့ ကိုယ်တော်တို့ရယ်။
စိတ်မဆိုးနဲ့နော်။
ကိုယ်တော်တို့က လိမ္မာပါတယ်လေ။
ဆော်တီး ဆော်တီး။ ဟီးဟီးဟီး။
ဒါကြောင့်မို့လို့ အရှင်ဘုရားတို့က တပည့်တော်တို့ကိုနားလည်ပေးဘို။
ပြည်သူလူထုက တပည့်တော်တို့ကို နားလည်ပေးဘို့လိုပါတယ်။ 

ဦးအောင်မင်းကို ယုံကြ။
ဦးအောင်မင်းကို ထောက်ခံကြ။
ဦးအောင်မင်းကို နားလည်ပေးကြ။
ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးကြ။
ကရင်တွေရဲ့ဘ၀ ပြာဖြစ်လျင်ဖြစ်၊ မဖြစ်လျင် ယောက်ျားဆိုလျင် မသာဖြစ်မယ်။
မိန်းမဆိုလျင် ဖါဖြစ်မယ်။
မသေမချင်းမှတ်ထား။

ရိုင်းတယ်လို့ပြောမလား။ ပြောစမ်း။
ကြိုက်သလောက်ပြောစမ်း။

ကျန်းမာချမ်းသာကြပါစေ။ (ကျန်းမာရေးကို ကိုယ်ကိုယ်တိုင်ဂရုစိုက်ကြပါ)

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက် 

အနီရောင်စာလုံးများသည် 
ဦးအောင်မင်းအမှန်တကယ်ပြောခဲ့သော 
စကားများဖြစ်သည်။

Source Photos from http://www.bbcburmese.com/images

Saturday, November 17, 2012

ထုတ်ပြန်ရှင်းလင်းချက်


ထုတ်ပြန်ရှင်းလင်းချက်

By မင်းစိုးစံ
November 17,2012

အားလုံးကိုလေးစားပါတယ်။
ကျုပ်ဖြေရှင်းချက်တခု ထုတ်စရာရှိလို့ အခုလိုရေးလိုက်ခြင်းပါ။
ပထမတော့ ဘာမျှ မရေးပဲနေမလို့ပါ။
အခုတော့ အားလုံးသိအောင်ရေးပါ့မယ်။

ဘာကြောင့်လည်းဆိုတော့ သောသီခို စီဘောက်ထဲ မှာ မင်းစိုးစံ ဆိုပြီး ကျုပ်ရဲ့ကလောင်နာမည်ကိုသုံးပြီး ကွန်မင့်
တွေရေးထားတာကြောင့် ဖြေရှင်းချက်ထုတ်ရတာ ဖြစ်ပါတယ်။
ကျုပ် ကွန်မင့်တွေရေးတဲ့အခါ မင်းစိုးစံဆိုတဲ့ နာမည်နဲ့စီဘောက်တွေမှာ မရေးပါဘူး။
ဖူ့တာမိက် ဆိုတဲ့ နာမည်နဲ့ပဲ ရေးပါတယ်။
ဗမာလို မင်းစိုးစံလို့ရေးပြီး ကွန်မန့်ပေးတာကတော့ ကေအိုင်စီ မှာပဲဖြစ်ပါတယ်။
အင်္ဂလိပ်လို Min Soe San ဆိုတာမျိုးနဲ့ ဘယ်နေရာမှာမှ ကွန်မန့်မရေးပါဘူး။

နောက်တခုက ကျုပ်ဟာ တပ်မဟာပြောသလို အစွန်းရောက်ကောင်းရောက်ပါလိမ့်မယ်။
ဒါပေမယ့် ကျုပ်ကွန်မန့်ရေးတဲ့အခါတိုင်း ကျုပ်ကိုယ်ပိုင် ဘလော့ဂ်လိပ်စာကို အစဉ်တစိုက်ဖေါ်ပြတတ်ပါတယ်။ ခိုးကြောင်ခိုးဝှက်မရေးတတ်ပါဘူး။
ပြီးတော့ အရည်မရ အဖတ်မရ ကိုယ့်အတွက်လည်းအကျိုးမရှိ ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ ကွန်မန့်မျိုး စကား
လုံးမျိုး ကျုပ် စီဘောက်တွေမှာမရေးတတ်ပါဘူး။
ဝါသနာလည်း မပါပါဘူး။
မိတ်ဆွေတို့ဘာသာ လွတ်လွတ်လပ်ဆွေးနွေးကြပြောဆိုကြတာကိုလည်း ဘာမျှဝင်ရောက်စွက်ဖက်နေစရာ မရှိပါ
ဘူး။
တတ်နိုင်လျင် သက်ဆိုင်ရာဘလော့ဂ်ပိုင်ရှင်ကို IP စစ်ခိုင်းလိုက်ပါ။

အဲဒီအခါကျလျင် Min Soe San နာမည်နဲ့ရေးသူ နဲ့ အဝေးရောက် ကရင်ဒုက္ခသည် ဆိုတာကို ခွဲခြားသိလာပါ
လိမ့်မယ်။
မသိလို့ပြောမိတဲ့လူကိုလည်း နားလည်ပေးပါတယ်။

Min Soe San ဆိုတဲ့စာရေးသူအနေနဲ့လည်း အဲဒီအကြောင်းကို ရှင်းပြပေးဘို့ မေတ္တာရပ်ခံပါတယ်။
ဖြစ်နိုင်မယ်ဆိုလျင် ကိုယ့် E-mail လိပ်စာပဲဖြစ်ဖြစ် Blogs လိပ်စာပဲဖြစ်ဖြစ် ရဲရဲတင်းတင်း ဖေါ်ပြပေးလိုက်ပေါ့ဗျာ။ အမျိုးသားရေးအတွက် အလုပ်လုပ်ကြတာပဲ။
Mar Htoo Ra လို သတ္တိရှိကြစမ်းပါ။

လေပေါ်မှာ အားရှိပါးရှိအော်နေရတာတောင် ဒီလောက်အထိသတ္တိနည်းနေလျင် ခင်ဗျားတို့တတွေ ရန်သူနဲ့ မျက်နှာ
ခြင်းဆိုင် ဆွေးနွေးကြရမယ်ဆိုလျင် ဘယ်လိုလုပ်ကြမှာလဲ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်က စာကြောင်းလေးတွေကတော့ သောသီခို စီဘောက်ကဖြစ်ပါတယ်။

17 Nov 12, 01:44 AM Min Soe San: Mar Htoo Ra, is a problematic person and fight against others all the time with baseless reasons. He said, သွားပြီး နောက်နေမှ တွေ့မယ် မနက်ဖြန်အလုပ်ဆင်းရအုံးမယ် what and where he works.

17 Nov 12, 01:44 AM Min Soe San: the words he use are nonsense. He has been felt envy to some leaders who are supported more by districts/brigades.

17 Nov 12, 01:43 AM Min Soe San: Mar Htoo Ra, is blaming others all the time. I'm doubtful with him whether his is paid by someone to do this and fight against others without reason.

17 Nov 12, 01:43 AM Min Soe San: I read both of you chatting and see he can't say anything when you point out with rational issues. no one is able to do rather than you.

17 Nov 12, 01:43 AM Min Soe San: I support you totally Koe Per Thoo. you r right to points his weakness. You r entitled for payment that the only one, you, can fight against him.

17 Nov 12, 08:36 AM တပ်မဟာ: Koe Per Thoo အခုမင်းဘက်ကစစ်ကူးရှိနေပြီး မင်းစိုစံဆိုတဲအဝေရောက်
ဒုက္ခသည်အစွန်ရောက်ကောက်ကြီးလေ ဒီကောင် BI မှာလုပ်ကတည်ကဒီအကြောင်းကိုငါသိနေတာပါ

17 Nov 12, 02:58 PM Mar Htoo Ra: ရင် ထောက်ခံမယ် မမှန်တာလုပ်ရင် ဝေဖန်ရှုတ်ချမှဘဲ အဲဒါကိုလည်း တထောင့်တနေရာကနေ တော်လှန်ရေးလုပ်တာဘဲလို့ခံယူတယ် မှန်တာလုပ်တဲ့လူတွေအတွက်တော့ နားထောင်း
လို့ကောင်းပေမဲ့ မမှန်တာလုပ်ရင်တော့ နားခါးမှပေါ့ကွ

17 Nov 12, 02:56 PM Mar Htoo Ra: တဲ့လူတွေအတွက် ပြန်လည်ဝေငှတာဘဲ ငါတို့က တော်လှန်ေ၇းအမျိုး
သားရေးကို ဆောင်ရွက်တာ ပုဂိုလ်စွဲ ၀ါဒစွဲပြီး လိုတဲ့လူတည်တဲ့လူနဲ့ပေါင်းပြီး မလိုတဲ့လူ မတည်တဲ့လူနဲ့ ပေါင်း
တာမဟုတ်ဘူး ဘယ်ခေါင်းဆောင်မဆို မှန်တာလုပ်

17 Nov 12, 02:54 PM Mar Htoo Ra: စိတ်ဓါတ်ကနေပေါက်ဖွားလာတာဖြစ်တယ် အမျိုးသားရေးမှ ခိုင်းလိုလုပ်
တယ်ဆိုတာ ကျွန်စိတ်ဓါတ်ဘဲ နောက်တစ်မျိုးက ဓနရှင်တွေလဲ ငါတို့ မင်းပြောသလိုမဟုတ်ဘူး ငါက အမှန်တရား
ဖော်ထုတ်တာဘဲ ကြားတာမြင်တာကို မကြားတဲ့လူ မမြင်

17 Nov 12, 02:53 PM Mar Htoo Ra: မင်းစိုးစံ ခင်ဗျာ ကျတော်ကို ဘယ်သူလူဘယ်ဝါလူဆိုပြီး တိုက်ခိုက်ပြော
ဆိုစရာမလိုဘူး တော်လှန်ရေးအကျိုးအမျိုးသားအကျိုးဆိုတာ ဘယ်သူက ခိုင်းလို ဘယ်ဝါက ညွန်ကြားလိုဆိုပြီးလုပ်
တာမဟုတ်ဘူး မျိုးချစ်စိတ်ဓါတ်ဆိုတာ အသိ

 မှတ်ချက်

အဲဒီစာကြောင်းတွေအားလုံး မူရင်းအတိုင်း ကူးယူဖေါ်ပြလိုက်ခြင်းဖြစ်ပါ
တယ်။
ပြင်ဆင်တည်းဖြတ်ထားခြင်းမရှိပါဘူး။

Thursday, March 1, 2012

ပြည်ထောင်စုလွှတ်တော်အစည်းဝေး နိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြား.

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
လွှတ်တော်တွင် မိန့်ခွန်းမြွက်ကြားနေပုံ

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ယနေ့ကျင်းပသော

ပြည်ထောင်စုလွှတ်တော်၌


ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်

ပြီးခဲ့တဲ့ (၁)နှစ်တာ ကာလ အတွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေကို လည်း အများအပြား ကြုံတွေ့ခဲ့ ရပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း နိုင်ငံတော် တည်ဆောက်ရေးမှာ အရေးကြီးဆုံက ကျွန်တော်တို့ ရဲ့ ပြုပြင် ပြောင်းလဲမှုတွေ လျင်လျင် မြန်မြန် ထွက်ပေါ်လာဖို့ လိုသလို ဒီအပြောင်းအလဲတွေ ခိုင်မာဖို့
အထူး အရေးကြီးပါတယ်။ နိုင်ငံတကာ ရေစီးကြောင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်း ရေးစီးကြောင်းနဲ့ ပေါင်း
စည်းနိုင်ခြင်း မရှိဘဲ နောက်ကျ ကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အတွင်း အပြင် သင်ခန်းစာတွေ ရ
ယူပြီး အကျိုးရှိရှိ သုံးသပ် မြော်မြင် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။

နိုင်ငံတံခါး ဖွင့်လိုက်တာနဲ့ အမျှ အခွင့်အလမ်းတွေနဲ့အတူ တွဲလျက် ပါလာတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့
သတိကြီးကြီး ထားပြီး မဏ္ဍိုင် အရပ်ရပ်၊ လူ့အဖွဲ့အစည်း အသီးသီးက စနစ်တကျ ဖော်ဆောင် သွားကြရမှာ
ဖြစ်ပါတယ်။
ဒီကနေ့ ကျွန်တော်တို့ အစိုးရ အပါအ၀င် မိဘပြည်သူအားလုံး လျှောက်လှမ်းနေတဲ့ သမိုင်းဝင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးဟာ အင်မတန်မှ ကြီးမား ကျယ်ပြန့်ပြီး ခက်ခဲနက်နဲလှပါတယ်။ ကျွန်တော်တို့လို အသွင်ကူးပြောင်းစ
နိုင်ငံတွေမှာ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေ အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး အတွင်းမှာ နစ်ဝင်နေတဲ့ အတွင်းဒဏ်ရာတွေကို လည်း ပျောက်ကင်းအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရသက်တမ်း အပြင် နောင်လာမယ့် အစိုးရ အဆက်ဆက် လက်ထက်မှာလည်း ခိုင်မာသည်ထက် ခိုင်မာအောင် မိဘပြည်သူအားလုံး၊ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံးက ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီး အောင်မြင်ပြီး ရှင်သန်ခိုင်မာတဲ့ အဆင့်ရောက်ဖို့ ကျွန်တော်တို့ နောက်ထပ်များစွာ ကြိုးပမ်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ လူနေမှု ဘ၀တွေ ဒီထက်ပိုပြီး တိုးတက်မြင့်မားလာအောင် ကျွန်တော်တို့ အများကြီး ကြိုးပမ်းကြရ ဦးမှာပါ။

မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ ရှိနေကြတဲ့ ကျွန်တော်တို့ အားလုံးဟာလည်း ဒီမိုကရေစီ နိုင်ငံနဲ့ ထိုက်တန်တဲ့ စိတ်နေ စိတ်ထား အမူအကျင့်တွေကို ပြုပြင် ပြောင်းလဲရေး လုပ်ဆောင် သွားကြရမှာ ဖြစ်ပါတယ်။ ခေတ်ပြောင်းသွားပြီ၊ စနစ်ပြောင်းသွားပြီ ဆိုတာကို အားလုံးက ယုံယုံကြည်ကြည် လက်ခံနိုင်ပြီ ဆိုရင် နောက်ကြောင်းက အတွေး အခေါ်တွေ၊ အမူအကျင့် တွေဟာလည်း အပြန်အလှန် ထိန်းကျောင်းမှုနဲ့ တဖြည်းဖြည်းချင်း ပပျောက်သွားမှာ ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေ ပြောင်းလဲစေဖို့ Rule of Law နဲ့ အားဖြည့် ပေးရပါ
မယ်။
အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ၀ိုင်းကူကြရပါမယ်။ တန်းရည်တူ၊ သာတူညီမျှ စိတ်ထားတွေနဲ့ တိုင်းရင်းသား ညီအစ်ကိုတွေရဲ့ ၀ိုင်းဝန်းကြိုးပမ်းမှုဟာလည်း အဓိက ကျနေသလို နိုင်ငံတကာ မိသားစု အသိုင်းအ၀ိုင်းရဲ့ လက်ခံအား
ပေးမှု၊ ကူညီပံ့ပိုး မှုတွေကလည်း အထူးပဲ အရေးပါနေပါတယ်။

လွတ်လပ်ပြီး လူသားဂုဏ်ရည် မြင့်မားတဲ့ ဒီမိုကရေစီ လူ့ဘောင်ကြီး ဖြစ်ပေါ်လာရေးအတွက် အခြေခံအကျဆုံးကတော့ ဥပဒေစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော် အရပ်ရပ်က ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်း၊ ဒီ ဥပဒေတွေနဲ့အညီ ကျွန်တော်တို့ အစိုးရက အုပ်ချုပ်၊ ဒီဥပဒေတွေနဲ့ အညီ တရားစီရင်ရေး မဏ္ဍိုင်က လိုက်နာ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေး ယန္တရားမှာ Rule of Law ရှိရပါမယ်။
စီးပွားရေး လုပ်ငန်း လုပ်ကိုင်ကြရာမှာ Rule of Law ရှိရပါမယ်။
လူမှုဖူလုံရေးအတွက်လည်း Rule of Law ရှိရပါမယ်။
နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာလည်း Rule of Law ရှိရပါမယ်။
အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေးမှာလည်း Rule of Law ရှိရပါမယ်။
တရားစီရင်ရေးမှာလည်း Rule of Law ရှိရပါမယ်။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး တစ်ခုလုံး Rule of Law နဲ့အညီ ဆောင်ရွက်နိုင်ပြီ ဆိုရင် လူ့ အခွင့်အရေး၊
လွတ်လပ်ခွင့်၊ ဒီမိုကရေစီ ဆိုတာတွေလည်း အလိုအလျောက် ထွန်းကား ရှင်သန်လာမှာ ဖြစ်တဲ့ အတွက် နိုင်ငံ တည်ဆောက်ရေး အဆင့်ဆင့်ခိုင်မာရေးဟာ Rule of Law အပေါ်မှာ မူတည် နေပါတယ်။
ဒဒီတာဝန် ကြီးကိုလည်း ကျွန်တော်တို့ အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာ (၃)ရပ်ကို အညီအမျှ ခွဲဝေပေး ထားတာ ဖြစ်ပါတယ်။
ဒီ အာဏာကြီး (၃)ရပ်ကို အညီအမျှ ခွဲဝေကျင့် သုံးပြီး စတုထ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်း မီဒီယာတွေ၊ ပဉ္စမ မဏ္ဍိုင်ဖြစ်
တဲ့ ကျွန်တော်တို့ မိဘ ပြည်သူနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နားလည်မှု ရှိရှိ၊ ယုံကြည်မှု
ရှိရှိ ဆက်လက် ဆောင်ရွက် သွားကြမယ်ဆိုရင် ကျွန်တော်တို့ အားလုံး မျှော်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းတွေ၊ အသင်းအဖွဲ့တွေ စနစ်တကျ ဖြစ်ထွန်း အောင်မြင်နေတာဟာလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်း အတွက် ဂုဏ်ယူ ၀မ်းမြောက် ဖွယ်ရာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရှင်သန်ခိုင်မာရေးမှာ ဒီ အရပ်
ဘက် လူ့အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတာ ဖြစ်ပါတယ်။
အားနည်းသူတွေ အကာအကွယ် ပေးရေးမှာလည်း ဥပဒေနဲ့ အညီ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးနိုင်မယ့် လူတန်းစား သမဂ္ဂ၊ အဖွဲ့အစည်းတွေ စနစ်တကျ ပေါ်
ထွက် လာအောင်လည်း ကျွန်တော်တို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အရေးကြီးဆုံးကတော့ အရပ်ဘက် လူ့အဖွဲ့အစည်း ခိုင်မာ အားကောင်း လာရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးတွေဟာ ဘာသာတရားရဲ့ အဆုံးအမနဲ့ အတူ ယဉ်ကျေးမှုအရ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့တဲ့ ပရဟိတစိတ်ဓါတ် ဆိုတာ ရှိပါတယ်။ သာရေး၊ နာရေး ကအစ အရေးပေါ် ကယ်ဆယ်ရေးမှသည် စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
အထိ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အရှိန်အဟုန်နဲ့ ပေါ်ထွန်းလာနေတာကိုလည်း ၀မ်းမြောက်ဖွယ်ရာ တွေ့မြင်နေ
ရပြီ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရ၀န်ထမ်း အရေအတွက် စုစုပေါင်းဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ဒသ၃ ရာခိုင်နှုန်း ရှိတဲ့
အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရ ဖြစ်တာနဲ့ အညီ အစိုးရ ၀န်ထမ်းမဟုတ်သော သာမန် လက်လုပ်လက်စား
ပြည်သူ ၉၇ဒသမ၇ ရာခိုင်နှုန်းခန့်ကို ပြန်လည် ငဲ့ကွက်ဖို့ လိုပါတယ်။
အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးမှုတွေကြောင့် အရပ်ရပ် ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကို တွေ့ရှိ
ရပါတယ်။ ကျွန်တော်တို့ ၀န်ထမ်းတွေ လစာတိုးမြှင့် ပေးလိုက်လို့ ခံသာပေမယ့် အစိုးရ၀န်ထမ်း မဟုတ်တဲ့ (၅၈) သန်း
သော ပြည်သူတွေဟာ ဒီနောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်ယန္တရားတစ်ခုတည်းကိုပဲ အလေးပေး စဉ်းစားလို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ ကျွန်တော်တို့ အနေနဲ့ လစာ (သို့မဟုတ်) ထောက်ပံ့ကူညီမှုတွေ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိ နိုင်ငံတော်ရဲ့ ငွေရေး ကြေးရေး အခြေအနေ၊ ပြည်ပ ကြွေးမြီ၊ ဘတ်ဂျက်လိုငွေ စတဲ့ မက်ခရို စီးပွားရေး အခြေ
အနေ အရပ်ရပ်ပေါ် မူတည်ပြီး အခြေအနေ အချိန်အခါ သင့်ရင် သင့်သလို လစာ၊ စရိတ်တွေ တိုးမြှင့်ပေးနိုင်အောင်
လည်း ကြိုးစား ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

လူတန်းစား ကွာဟချက်တွေ၊ ဆင်းရဲနွမ်းပါးမှုတွေ ကြီးကြီးမားမား တည်ရှိနေသေးပြီး ပြည်သူ တစ်ဦးချင်းစီရဲ့ ၀င်ငွေနိမ့် ကျနေသေးတဲ့ ဒီကနေ့အချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူ့ ၀န်ထမ်းတွေ ဖြစ်တာနဲ့ အညီ ပြည်သူ့ရေးရာ ၀န်ဆောင်မှု
တွေ အပြည့်အ၀ ဖြည့်ဆည်းနိုင် အောင် မိမိတို့ကြောင့် ဖြစ်ပေါ်ရတဲ့ အပို ကုန်ကျ စရိတ်တွေ လျော့နည်း ပပျောက်သွား
အောင် စိတ်ရင်း စေတနာခံပြီး ထမ်းဆောင်သွားကြဖို့ ပြောကြားလိုပါတယ်။

ဒီကနေ့ ကျွန်တော်တို့ အစိုးရကို နေရာ အနှံ့က အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောကြားနေတာ တွေလည်း ကျွန်တော်
တို့ သိရှိထားပါတယ်။ အပြုသဘော မဆောင်တဲ့ ကောလဟာလ တွေလည်း ကျွန်တော်တို့ ကြားသိနေရပါတယ်။
ကျွန်တော်တို့ အစိုးရဟာ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာ မရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေ ပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြား ခြားနား တာက လွဲလို့ ကျွန်တော်
တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့ အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကတော့ လူတန်းစား တစ်ခုတည်း၊ အသိုင်းအ၀ိုင်း တစ်ခုတည်း တိုးတက် ကြီးပွားစေရေး မဟုတ်ဘဲ မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ခုလုံး အတွင်းမှာ ရှိတဲ့ အလွှာ အားလုံး၊ လူတန်းစား အားလုံး၊ နိုင်ငံသားအားလုံး လွှမ်းခြုံပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်ရုံသာမက၊ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာဖို့ ရရှိခံစားနေတဲ့ ပညာရေး၊ ကျန်းမာ
ရေး၊လူမှုဖူလုံရေး အစရှိတဲ့ ပြည်သူ့ရေးရာ ၀န်ဆောင်မှုတွေ တိုးတက်မြင့်မားလာဖို့၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝ
ပတ်ဝန်းကျင် မထိခိုက် မဆုံးရှုံးစေဖို့အထိ ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လက်ရှိ ပြည်သူများအကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ ငါးထောင်တန် မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်လို့လည်း
ပြည်သူ့ဆန္ဒ၊ လိုလားချက်များနဲ့ အညီ အကောင်းဆုံး နည်းလမ်းများ ရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ လျော့နည်း စေရေးအတွက်လည်း ရေရှည်ကာလမှာမော်တော်ကား ဈေးနှုန်းတွေကို
နိုင်ငံတကာ နည်းတူ လျော့ကျအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


အပြောကောင်းတဲ့ ဗမာအစိုးရ ပြောတဲ့အတိုင်းလုပ်မယ် မလုပ်ဘူးဆိုတာ မကြာခင်မှာ သိကြရပါလိမ့်မယ်။

UNFC ရဲ့ အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာရဲ့ အမြင်


March 1,2012 Thursday Evening
Source Interview from http://www.bbcburmese.com

မြန်မာပြည်က မကြာခင်ကမှ ပြန်ရောက်လာတဲ့
ဧရာဝတီ သတင်းဌာန အယ်ဒီတာ ဦးအောင်ဇော်ရဲ့ အမြင်


March 1,2012 Thursday Evening
Source Interview from http://www.bbcburmese.com

တိုင်းရင်းသားတွေရဲ့ သုံးသပ်ချက်


March 1,2012 Thursday Evening
Source Interview from http://www.voanews.com/burmese

ကျုပ်အမြင်
အပြောကတော့ရွှေမန်း က, တော့ချိုမိုင်မိုင်

Monday, February 27, 2012

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားပဲ့တင်သံ ကြေညာချက်


ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက်

မြစ်ကြီးနားပဲ့တင်သံ ကြေညာချက်


by Eleven Media Group
Monday, February 27, 2012 ·

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် မြစ်ကြီးနား ပဲ့တင်သံ ကြေညာချက်ကို ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၂၈ရက်) တွင် ထုတ်ပြန် လိုက်ပါသည်။ အဆိုပါ ကြေညာချက်တွင် အချက် လေးချက် ပါဝင်ပြီး ကချင် ပြည်နယ်တွင်းရှိ နိုင်ငံရေး ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှုရေး လှုပ်ရှား သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ကချင်ပြည်နယ် တစ်ခုလုံးအား လွှမ်းခြုံသည့် ယခု ကြေညာချက်ကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုမြအေးက Eleven Media Group သို့ ပြောကြား ခဲ့ပါသည်။ ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။



ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် မြစ်ကြီးနား ပဲ့တင်သံ ကြေညာချက်



ရက်စွဲ- ဖေဖော်ဝါရီ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်။

မြစ်ကြီးနားမြို့



(၁) ကျွန်ုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။



(၂) စစ်ဘေးဒဏ်သင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် လိုအပ်သော ထောက်ပံ့ ကူညီမှုများ အဆင်ပြေ ချောမွေ့စွာ ရောက်ရှိနိုင်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးကို ကျွန်ုပ်တို့မှ လိုလားသည်။



(၃) ယခု ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ အနာဂတ် လူမှုဘ၀ လုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး တို့သည် ကျွန်ုပ်တို့ တိုင်းပြည်တွင် လက်ငင်း ဆောင်ရွက်ရမည့် ပြဿနာများ ဖြစ်သည်။



(၄) ထို့ကြောင့် လွပ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း တို့ကို အာမခံချက် ရှိသည့် ပြည်ထောင်စု ဖြစ်ရန်နှင့် နိုင်ငံရေး ပဋိပက္ခ များကြောင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ရပ်စဲနိုင်ရန် စစ်မှန်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှုများ အမြန်ဆုံး ဖော်ဆောင်သွားရန် အလေးအနက် ဆန္ဒပြုပါသည်။



၈၈မျိုးဆက် ကျောင်းသားများ

Copy http://www.facebook.com/notes/eleven-media-group

Sunday, January 1, 2012

2012ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်စကား


2012 ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်စကား



မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေဗျာ။ 

လေးစားစွာဖြင့် 

မင်းစိုးစံ 
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Tuesday, June 23, 2009

သဘောထားထုတ်ပြန်ချက်

ကရင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်အစိုးရ၏ထိုးစစ်ဆင်မှုများနှင့်ပတ်သက်၍ ဘန်ကောက်ရောက် ကရင်လူငယ်များနှင့် ကရင်အဖွဲ့အစည်းများ စုပေါင်းဆွေးနွေးသုံးသပ်ချက် အမြင်သဘောထား

ယနေ့  ဇွန်လ ၂၁ ရက် ၂၀၀၉ ခုနှစ်တွင် ဘန်ကောက်ရောက် ကရင်လူငယ်များနှင့် ကရင်အဖွဲ့အစည်းများ စုပေါင်း၍ လက်ရှိဖြစ်ပေါ်နေသော ကရင်ပြည်နယ်အတွင်း စစ်အစိုးရ၏ ထိုးစစ်များအပေါ် ဆွေးနွေးပွဲတရပ်ကို ဘန်ကောက်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် ယနေ့  ဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေးနှင့် ကရင်ပြည်နယ်အတွင်း နအဖစစ်အစိုးရ၏ ထိုးစစ်များဆက်စပ်နေသည်ကို အထူးအလေးပေးဆွေးနွေးခဲ့ကြသည်။
နအဖစစ်အစိုးရသည် ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသော အခြေခံဥပဒေကို ပြည်သူလူထုဆန္ဒမပါပဲ အတည်ပြု၍ ၎င်းဥပဒေမှတဆင့် နောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေအဓမ္မကျင်းပရန် ကြိုးစားလျက် ရှိသည်ကို ပြည်တွင်းပြည်ပရှိ ပြည်သူများသာမက တစ်ကမ္ဘာလုံးအသိပင်ဖြစ်သည်။
ထိုသို့ ကြိုးပမ်းရာတွင် ပြည်တွင်းရှိ ဒီမိုကရေဒီအင်အားစုများကို မတရားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းနှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းစေ့နေသည်ကို လွှတ်မပေးဘဲ မတရားအကွက်ဆင်ဖမ်းဆီးထောင်ချရန် ကြိုးစားလျက်ရှိနေသည်။
တခြားတဘက်တွင်လည်း ၎င်းတို့ နှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကြိုးပမ်းလျက်ရှိသည်။
ထိုနယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့်ပတ်သက်၍ တိုင်းရင်းသားအပစ်အခတ်ရပ်အဖွဲ့အများစုက
လက်ဝေမခံပဲ ကရင်အပစ်အခတ်ရပ်အဖွဲ့များကသာ သဘောတူလက်ခံသည်ကို တွေ့ရှိရသည်။
ထိုသို့လက်ခံလိုက်သည်နှင့်တပြိုင်တည်း နယ်စပ်လုံခြုံရေးကိုအကြောင်းပြ၍ ကရင်အပစ်အခတ်မရပ်စဲထား သော KNU ၏ အခြေခံစခန်းများကိုထိုးစစ်ဆင်ရာတွင် ၎င်းကရင်အပစ်အခတ်ရပ်အဖွဲ့ များကို အသုံးချလျက် ရှိသည်။
ထိုသို့  ပြုလုပ်ခြင်းများသည် ကရင်ပြည်သူလူထုအတွင်း စိတ်ဝမ်းကွဲမှုပိုမိုနက်ရှိုင်းလာစေရန်နှင့် နယ်ခြား စောင့်တပ်အသွင်ပြောင်းရေးကို လက်မခံသောတိုင်းရင်းသားအပစ်အခတ်ရပ်အဖွဲ့များအား ဖိအားပေးခြင်း ပင်ဖြစ်သည်။
ထို့ပြင် ပြည်တွင်းနိုင်ငံရေးတင်းမာမှုအပေါ် နိုင်ငံတကာဖိအားပေးမှုများကို ရှောင်လွှဲလိုသောသဘောလည်း ဖြစ်သည်။
ယနေ့ နအဖစစ်အစိုးရနှင့် ၎င်း၏အသုံးချခြင်းကို ခံနေသော ကရင်အပစ်အခတ်ရပ်အဖွဲ့ များ၏ ထိုးစစ်များ ကြောင့် အောက်ပါဆိုးကျိုးများကို ကရင်ပြည်သူလူထုများခံစားနေရပါသည်။
၁။ တိုက်ပွဲများကြောင့် အပြစ်မဲ့ကရင်လူထုများ သေကြေဒဏ်ရာရခြင်းနှင့် ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ထွက်ပြေးလာမှုများ ပိုမိုများပြားလာရခြင်း။
၂။ ကရင်ကျေးရွာများ မီးရှို့ဖျက်ဆီးခံရခြင်း၊ လယ်ယာခြံမြေများ အဓမ္မသိမ်းဆည်းခံရခြင်း။
၃။ အဓမ္မစစ်သားစုဆောင်းခံရခြင်း၊ မတရားအခွန်ကောက်ခံမှုများကို ခံရခြင်း၊ ပေါ်တာအဖြစ် ဖမ်းဆီးခံရခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခံရခြင်း။
၎။ အမျိုးသမီးများ မတရားပြုကျင့်ခံရခြင်း၊ ကလေးငယ်များ၏ ကျန်းမာရေးနှင့်ပညာရေး ပိုမိုဆိုးရွားလာခြင်း။
အထက်ပါဖိနှိပ်ခံရမှုများကြောင့် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေတွင်းလည်း
၁။ ထိုင်းနိုင်ငံသို့ ကရင်လူငယ်များ ပညာရေးမပြီးဆုံးပဲ တရားမ၀င်အလုပ်သမားများအဖြစ် ၀င်ရောက်မှုများ တိုးပွားလာခြင်း။
၂။ ပညာရေး၊ ကျန်းမာရေး ပိုမိုနိမ့်ကျလာခြင်း။
၃။ မူးယစ်ဆေးဝါးနှင့်လောင်းကစားများကို တရားဝင်သဖွယ် ခွင့်ပြုထားခြင်းကြောင့် ကရင်လူကြီး၊ လူငယ်များ စာရိတ္တပျက်ပြားလာခြင်း။
၎။ စာရိတ္တပျက်ပြားလာခြင်းကြောင့် စည်းလုံးညီညွတ်မှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ကွယ်ပျောက်လာရခြင်း။
၅။ ကရင်စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ ထိန်းသိမ်းဖေါ်ထုတ်ရာတွင် ပူးပေါင်းဆောင် ရွက်မှုများ နည်းပါးလာခြင်း။
၆။ နအဖ၏ထိုးစစ်များတွင် ကရင်အပစ်အခတ်ရပ်အဖွဲ့ များကို အသုံးချနေခြင်းသည်။ ကရင်အမျိုးသားညီညွတ်ရေးကို ထိခိုက်လာခြင်းနှင့် အမျိုးသားရေးဂုဏ်သိက္ခာညှိုးနွမ်းလာစေခြင်းများကို
တွေ့ရှိရသည်၊
သို့ရာတွင်လည်း လက်ရှိဖြစ်ပေါ်နေသော ကရင်ပြည်နယ်၏ခြေအနေများကြောင့် ပြည်တွင်းပြည်ပရှိကရင် လူထုများအတွင်း စိုးရိမ်မှုများကြီးထွားလာကာ နအဖစစ်အစိုးရနှင့်၎င်းတို့၏အသုံးချခံ ကရင်အဖွဲ့အစည်းများကို ပိုမိုပြင်းထန်စွာရှုတ်ချလာကြသည်။
ပြည်သူလူထုအတွင်းတွင်လည်း နအဖ၀ါဒဖြန့်သကဲ့သို့ကရင်အချင်းချင်းတိုက်နေသည့်ပြဿနာမဟုတ်ပဲ စစ်အစိုးရ၏သွေးခွဲမှုများကြောင့်သာ ပြဿနာဖြစ်လာရသည်ကို ပိုမိုနားလည်လာကြသည်။
ထိုသို့ နားလည်မှုများအပေါ် ပုဂ္ဂိုလ်အလိုက်၊ အဖွဲ့အစည်းအလိုက် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်လာကာ မိမိတို့ တတ်နိုင်သည့်ဘက်မှကူညီပံ့ပိုးမှုများ ပိုမိုလုပ်ဆောင်လာကြသည်။
ထို့ကြောင့် ကရင်အပစ်အခတ်ရပ်အဖွဲ့အစည်းများအား အမျိုးသားညီညွတ်ရေးကိုရှေးရှု၍ အကြံပြုလိုသည်မှာ
မြန်မာနိုင်ငံ၏နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် အကြမ်းဖက်သောနည်းဖြင့် မည်သို့ မျှပြေလည်နိုင် မည်မဟုတ်ပါ။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးမှသာလျှင် ဖြေရှင်းနိုင်မည်ဖြစ်သည်။
ထို့အတူ ကရင်အမျိုးသားတို့နိုင်ငံရေးတောင်းဆိုချက်များကို ဖြေရှင်းရာတွင်လည်း စစ်ရေးဖြင့်အင်အားသုံး အနိုင်ယူဖြေရှင်း၍မရနိုင်ပါ။
နိုင်ငံရေးနည်းဖြင့်တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ ပြေလည်မှုရရှိနိုင်မည်ဖြစ်သည်။
သို့အတွက်ကြောင့် နအဖစစ်အစိုးရနေဖြင့် ကရင်ပြည်နယ်အတွင်းထိုးစစ်များကို အမြန်ဆုံးရပ်ဆိုင်းပေးရန် တောင်းဆိုပါသည်။
ကရင်အပစ်အခတ်ရပ်အဖွဲ့များအနေဖြင့်လည်း အခြေအနေမှန်ကိုသိရှိနားလည်ကာ စစ်အစိုးရ၏ခိုင်းသမျှကို မလိုက်နာဘဲ လူထုဆန့်ကျင်ရေးလုပ်ငန်းများကိုစွန့်လွှတ်၍ ကရင်ပြည်သူလူထုဘက်မှ ပြန်လည်ရပ်တည်ရန် အကြံပြုအပ်ပါသည်။
ထိုသို့ကရင်ပြည်သူလူထုဘက်မှ ပြန်လည်ရပ်တည်ခြင်းအားဖြင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် ပိုမိုထိရောက်စွာ လုပ်ဆောင် နိုင်မည်ကို ကျွန်ုပ်တို့အထူးယုံကြည်ပါသည်။
ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးမှ ကရင်အမျိုးသားလွှတ်မြောက်ရေးအောင်ပွဲပန်းတိုင်သို့ 
ကရင်လူငယ်များနှင့် ကရင်အဖွဲ့ အစည်းများ (ဘန်ကောက်)

မိတ္တူ
စက်ရုံ၊ အလုပ်ရုံ၊ နယ်မြေခံ
ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့ အစည်းများ
မိတ္တူပို့ပေးသော စောလှသိန်းအား အထူးကျေးဇူးတင်ပါသည်။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး