Karen Worldwide Conference February 27 to March 1, 2012
Photo from http://www.karennews.org
Karen worldwide Conference
Photo from http://www.karennews.org
Karen worldwide Conference
February 5, 2012
by RFA (Burmese)
KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရတို့အကြား လက်ရှိအပစ်ရပ်ဆွေးနွေးပွဲတွေကနေငြိမ်းချမ်းရေးဖေါ်
ဆောင်နိုင်မယ့်ဆွေးနွေးပွဲတွေအထိ ဖြစ်ပေါ်လာဘို့လိုလားကြောင်း ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ကရင်အမျိုးသား
စည်းလုံးညီညွတ်ရေးညီလာခံကနေ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာရောက် ကရင်အမျိုးသားတွေစုဝေးပြီး February 27 ရက်နေ့ကနေ March 1ရက်နေ့အထိ ထိုင်း မြန်မာနယ်စပ် တစ်နေရာမှာ လေးရက်ကြာကျင်းပအပြီး ဒီကနေ့ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်တာပါ အနာဂါတ်ပြည်ထောင်စုမှာ ငြိမ်းချမ်းရေးအစစ်အမှန်ရဘို့ဆိုလျင် Federal Union ဖက်ဒရယ်ပြည်ထောင်စုစ နစ်ကိုကျင့်သုံးဘို့လိုကြောင်း ညီလာခံမှာ
ဆွေးနွေးခဲ့တယ်လို့ ဥရောပနိုင်ငံရောက် ကရင်တိုင်းရင်းသားများကွန် ယက်အဖွဲ့က နန့်ဇိုယာဖန်းက RFA ကိုပြောပါတယ်။
အဓိကကတော့ အခုလက်ရှိ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ အစိုးရရဲ့ ပဏာမအပစ်အခတ်ရပ် စဲရေးလုပ်နေတဲ့ကြောင်း ကို ဆွေးနွေးတာဖြစ်ပါတယ်။
ပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေးက ကရင်ပြည်သူလူထုတရပ်လုံး အကျိုးရှိတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်ပြီးတော့နိုင်ငံရေး ဦးတည်ချက်ရှိရမယ်။
ပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ကိုဖေါ်ဆောင်လာရမယ်။
အနာဂါတ်မြန်မာပြည်အတွက် ငြိမ်းချမ်းရေးအစစ်အမှန်တခုရနိုင်ဘို့အတွက် ဖက်ဒ ရယ်ပြည်ထောင်စုကနေတဆင့်ပဲ ရနိုင် တယ်လို့ ကျမတို့ကအဲဒီမှာ ဆွေးနွေးခဲ့ပါတယ်။
အခုအချိန်အထိတော့ ကရင်ဒေသမှာ ပြည်သူတွေ လူ့အခွင့်အရေးချိုးဖေါက် ခံနေရသလို လုံခြုံရေးအာမခံချက်လည်းမရှိ
သေးကြောင်း၊ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဘို့လိုလားကြောင်း၊ အဲဒီညီလာခံကတောင်းဆိုခဲ့ကြပါ
တယ်။
ဒီညီလာခံကို ပြည်တွင်းနဲ့ ပြည်ပနိုင်ငံ၉ ခုက ကိုယ်စားလှည်စုစုပေါင်း ၁၆၇ ဦးတက်ရောက်ခဲ့ပြီး ကရင်အမျိုးသမီးအဖွဲ့၊
လူငယ်အဖွဲ့၊ ဘာသာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ဆောင်နေကြတဲ့ ကရင်အဖွဲ့အစည်းတွေတက်ရောက်ခဲ့ကြောင်း
သိရှိရပါတယ်။
နန့်ဇိုယာဖန်းနဲ့ နော်နိုရင်းတို့ ဆက်သွယ်မေးမြန်းချက်
February 6, 2012 Tuesday Morning
Source Audio from http://www.dvb.no
နန့်ဇိုယာဖန်းနဲ့ ကိုချို တို့ဆက်သွယ်မေးမြန်းထားချက်
February 5, 2012 Monday Evening
Source Audio from http://www.bbcburmese.com
နန့်ဇိုယာဖန်းနဲ့ ကိုရန်နိုင် တို့ ဆက်သွယ်ပေးမြန်းထားချက်
February 5, 2012 Monday Evening
Source Audio from http://www.voanews.com/burmese
February 6, 2012 Tuesday Morning
Source Audio from http://www.dvb.no
နန့်ဇိုယာဖန်းနဲ့ ကိုချို တို့ဆက်သွယ်မေးမြန်းထားချက်
February 5, 2012 Monday Evening
Source Audio from http://www.bbcburmese.com
နန့်ဇိုယာဖန်းနဲ့ ကိုရန်နိုင် တို့ ဆက်သွယ်ပေးမြန်းထားချက်
February 5, 2012 Monday Evening
Source Audio from http://www.voanews.com/burmese