The home in the 3100 South Springfield Avenue on Sunday where 6-year-old Aliyah Shell (inset, right) was fatally shot Saturday.
Aliyah Shell (family photo)

ချီကာဂိုတွင် တစ်ညတာအတွင်းပစ်ခတ်မှု ဖြစ်ပွားပြီး
လူ ၅ ဦး သေဆုံး
Monday 19th March 2012လူ ၅ ဦး သေဆုံး
လွန်ခဲ့သည့် စနေနေ့ ညပိုင်းမှ တနင်္ဂနွေနေ့ နံနက်ပိုင်း အထိ အမေရိကန် ပြည်ထောင်စု အီလနွိုက် ပြည်နယ်
ချီကာဂို မြို့တွင် ပစ်ခတ်မှု ၁၃ ခုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကာ ၁၂ ဦး ဒါဏ်ရာရကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။
လူငါးဦးမှာ သီးခြား ပစ်ခတ်မှု ငါးခုအတွင်း သေဆုံးခဲ့ရကြောင်း တနင်္ဂနွေနေ့ ထုတ် Chicago Tribune သတင်းတွင်
ဒေသခံ ရဲတပ်ဖွဲ့၏ အပြောကို ကိုးကား ဖော်ပြခဲ့သည်။ ယခုလို ဖြစ်ရပ်အတွက် သံသယရှိသူ မည်သူ့ကိုမျှ ဖမ်းဆီးရ
မိခြင်း မရှိသေးဘဲ ရဲတပ်ဖွဲ့ဝင်များမှာ စုံစမ်း စစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်းလည်း အဆိုပါ သတင်းစာတွင်
ရေးသား ဖော်ပြခဲ့သည်။
source : xinhuanews
Copy from http://www.mrtv4.net.mm/