• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, April 6, 2012

ထောင်ထဲမှာဆို ပိုလုံခြုံတယ်

ရွှေည၀ါ ဆရာတော် ဦးပညာသီဟ

ထောင်ထဲမှာဆို ပိုလုံခြုံတယ် 

(မင်းစိုးစံ)

 မြန်မာနိုင်ငံ ဒါမှမဟုတ် ဗမာနိုင်ငံလို့ အမည်နာမ သတ်မှတ်ထားတဲ့ ကျုပ်တို့နိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ
ကြောင့် ပိတ်ဆို့မှုလုပ်ထားတဲ့ နိုင်ငံအချို့က ပြန်ဖွင့်ပေးဘို့လုပ်နေကြပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတော့ ကျုပ်တော်တော်ကို စိတ်မချမ်းမသာဖြစ်ရ ပါတယ်။

အကြောင်းကလည်း အမျိုးမျိုးရှိသကိုးဗျ၊မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပိတ်ဆို့မှုတွေ ပြေလျော့ လာလျင် ပေါင်းစည်းမှုအတွက် အလားအလာကောင်းမယ်လို့ ဆိုပါတယ်၊ ဒါဆိုလျင် ပိတ်ဆို့မှုရှိနေသမျှ ပေါင်း စည်းမှုအတွက် အလားအလာမကောင်းနိုင်ဘူးလို့ ဆိုလိုက်လေသလားပေါ့နော်။

မြန်မာဝန်ကြီးတပါးကတော့ ပြောရှာပါတယ်၊ ပိတ်ဆို့မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အပြောင်းအလဲတွေကို စစ်အုပ်စုအနေနဲ့ ဆက်လုပ်သွားမှာပါ တဲ့။ ဒါဆိုလျင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ စကားနဲ့ ၀န်ကြီးတပါး၊ သူတို့နှစ်
ယောက်ရဲ့စကားထဲက ဘယ်စကားက ပိုပြီး ဓမ္မဌိဓာန်ကျတယ်ထင်ပါသလဲ။

သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအစိုးရ ဖြစ်ရမယ်ဆိုတဲ့ သမ္မတကြီးဦး သိန်းစိန်ရဲ့စကားက ပိုပြီးဓမ္မဌိဓာန်
ကျလိမ့်မယ်လို့ထင်ပါတယ်။ ငွေမဲတွေကို ခ၀ါချဘို့ ဖင်တကြွကြွ လက်တပြင်ပြင်ဖြစ်နေတဲ့ မသန့်ရှင်းတဲ့အစိုးရ မကောင်းဆိုးရွားအစိုးရ ဆို တဲ့ ပုဂ္ဂိုလ်တွေက အများစုဆိုတော့ သူ့အနေနဲ့ အရိုးရှင်းဆုံးပြောနေတာလို့ ယုံကြည်
မိပါတယ်။

သူတို့ငွေမဲတွေ ငွေဖြူမဖြစ်သေးသမျှ ခိုးစားဝှက်စားထားတဲ့ နိုင်ငံတော်ရဲ့ငွေအသပြာတွေကို ဘယ်လိုနည်းနဲ့မျှ ကိုယ်ပိုင်ငွေ ဖြစ်အောင် လွယ်လွယ်ကူကူ လုပ်လို့မဖြစ်လေတော့ စိတ်မအေးနိုင်ရှာဘူးပေါ့ဗျာ။

ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က အနောက်အုပ်စုနိုင်ငံတွေ
အနေနဲ့ ဒါဏ်ခတ်ပိတ်ဆို့မှုတွေကို ချက်ခြင်းမရုပ်သိမ်းဘို့ ပြောနေတာပေါ့။ မျက်စိကြီး နားကြီးအဖွဲ့လေ။

ကျုပ်တို့ရဲ့ ကရင်မျိုးသမီးခေါင်းဆောင်တယောက်ကလည်း ရွေးကောက်ပွဲရလဒ်တခုတည်းကိုကြည့်ပြီး ပိတ်ဆို့ ထားတာတွေကို မရုပ်သိမ်းဘို့ နာမည်ကြီးသတင်းစာတစောင်မှာ ဆောင်းပါးရေးလိုက်သေးတာပဲ၊ ဘာကြောင့် အဲဒီလိုရေးရသလဲလို့ သတင်းထောက်က မေးတော့ အခုလိုဖြေလိုက်ပါလေရဲ့။

ဟုတ်ကဲ့ ပထမအချက်ကတော့ ဒီ အခုဒေါ်အောင်ဆန်းစုကြည်တို့ ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်ပွဲခံ
ရတဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အတွက် ကျမတို့ဝမ်းသာပါတယ်၊ ကျမတို့ကြိုဆိုပါတယ်၊

ဒါပေမယ့်ကျမတို့ မြန်မာပြည်ရဲ့အခြေအနေကိုကြည့်တဲ့အချိန်မှာ နိုင်ငံရေးအပြောင်းအလဲကလည်း ထူးထူးခြား
ခြား မရှိသေးဘူး၊ လူ့အခွင့်အရေးချိုးဖေါက်မှုကလည်း အများကြီးရှိသေးတယ်။

အဓိကအားဖြင့် လက်ရှိနိုင်ငံရေးအကျဉ်းသားတွေလည်း အတော်များများထောင်ထဲမှာရှိနေသေးတယ်၊ ပြီး
တော့ တိုင်းရင်းသားနယ်မြေတွေမှာလည်း စစ်တပ်ဘက်လည်းသူတို့ထိုးစစ်တွေ အခွင့်အရေးချိုးဖေါက်မှု
တွေအများကြီးရှိနေပါသေးတယ်။

အဓိကအားဖြင့် ကချင်ပြည်နယ်မှာပေါ့နော်၊ အဲဒီအတွက်ကြောင့် ကျမက ဒီအကြောင်းအရာကို အဓိကရေးထား
တာဖြစ်ပါတယ်။

သူကတော့ နိုင်ငံခြားကိုရောက်နေတာဆိုတော့ ရေးအားရှိတာပေါ့လို့ ပြောကြမှာပါ၊ ဒါပေမယ့် ရွှေည၀ါဆရာ
တော်လို့ လူသိများတဲ့ ဆရာတော်ဦးပညာသီဟရဲ့ မိန့်ကြားချက်ကို နားသောတဆင်လိုက်လျင် အခုလောလော
ဆယ် ဗမာ ပြည်မှာ အပြင်မှာနေရတာထက် ထောင်ထဲရောက်ရတာ က ပိုလုံခြုံတယ်ဆိုပဲ။

အစောပိုင်းကပြောခဲ့သလို ပြုပြင်ချင်တဲ့လူက နည်းလွန်းတဲ့ ကာလတခုကို စိုးမိုးနေဆဲမဟုတ်ပါလား၊ စစ်တပ် အရာရှိဟောင်း တဦးပြောခဲ့သလိုပါပဲ ကျုပ်တို့ဗမာပြည်ဟာ ကျွက်ကျွက်ဆူနေတဲ့ ရေလိုဖြစ်နေတယ်၊ အဲဒီလို ကျွက်ကျွက်ဆူနေတဲ့ရေကိုချက်ခြင်းအေးအောင်လုပ်လို့မရပါဘူး နွေးတဲ့ကာလတခုကိုမဖြတ်ပဲနဲ့ အေးတဲ့ရေ
ဖြစ်လာနိုင်စရာမရှိပါဘူး တဲ့။

သိပ်ကောင်းတဲ့ဥပမာလေးဖြစ်ပါတယ်၊ အဲဒီထက်ကောင်းတဲ့ မှတ်သားစရာကောင်းတဲ့ စကားကိုတော့ သမ္မတ
ကြီး ဦးသိန်းစိန်အတွက် မိန့်ခွန်းရေးပေးတဲ့ဒေါက်တာ နေ၀င်းမောင်က “လောလောဆယ်ကတော့ စိတ်လှုပ် ရှားစရာကောင်းတဲ့စမ်းသပ် ကာ လပေါ့ဗျာ။ မကြာခင်မှာတော့ စိတ်ပျက်စရာ ကောင်းတဲ့ အချိန်ကာလတ
ခု ရောက်လာပါလိမ့်မယ်” အဲဒီလိုကို ရေးထားတာဗျ။

ဗမာစစ်အစိုးရအဖွဲ့ထဲကို ထဲထဲဝင်ဝင်ရှိတဲ့ပုဂ္ဂိုလ်တဦးက ပြောတဲ့စကားဆိုတော့ ပေါ့ပေါ့တန်တန်မထားသင့်
ဘူးလို့ထင်ပါတယ်။


ဒီတော့ ကျုပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကား တခွန်းနဲ့ ဗမာပြည်ကို ဒါဏ်ခတ်ပိတ်ဆို့အရေးယူ
ထားတဲ့ အနောက်နိုင်ငံတွေကို ပြောလိုက်ချင်တာကတော့ ပိတ်ဆို့အရေးယူထားတာတွေကို ရုပ်သိမ်းပစ်လိုက် လို့ကတော့လား ဒီကနေ့ ဒီမိုကရေစီတံတားဆောက်ဘို့အတွက် စုဆောင်းထားသမျှငွေတွေဟာ မနက်ဖြန်ဆို တရားမ၀င်ငွေစက္ကူတွေအဖြစ်အကျေငြာခံရပြီသာမှတ်။

ဆရာတော် ဦးပညာသီဟ သို့မဟုတ် ရွှေည၀ါ ဆရာတော် ရဲ့ မိန့်ကြားချက်ကို နားသောတဆင်တော်မူကြပါ



Source NEWS Audio from http://bbcburmese.com 

ကျန်းမာချမ်းသာကြပါစေ။

 မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)