ဦးဏှောက်တွေက ချောက် အာရုဏ်တွေက နောက် စိတ်တွေက ဟိုရောက်ဒီရောက်အွန်လိုင်းပေါ်
လျှောက်လည် ပေါက်တတ်ကရတွေ လိုက်ဖတ် အရည်မရ အဖတ်မရ နောက်ဆုံးကျတော့ဓမ္မတရား
ကိုတွေ့ မိတ်ဆွေကောင်းကို မမေ့နိုင်လို့ ဟင်းကောင်းတခွက်ကို ကျွေးချင်တာနဲ့မျှဝေလိုက်ပါတယ်။
ငြိမ်းချမ်းကြပါစေ။
မလှိုင်မြို့နယ်၊ ရွှေပေါ်ကျွန်းစေတော်ဝင်ကျောင်း
ကျေးဇူးတော်ရှင် ဇေယျသိဒ္ဓိ ဓမ္မဥာဏိက
ဆရာတော်ဘုရားကြီး၏
ဆုံးမစာ
လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်၊
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက၊
ဘယ်မှာ အနတ္တ ရှိမည်နည်း။
ပြောတိုင်းမရ ဒေါမထနှင့်၊
ပြောဆိုတိုင်းသာ ရနေပါက၊
ဘယ်မှာ အနတ္တ ရှိမည်နည်း။
ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်၊
ကြံစည်တိုင်းသာ ပြီးမြောက်ပါက၊
ဘယ်မှာ အနတ္တ ရှိမည်နည်း။
ဆင်းရဲကြုံမူ မညည်းညူနှင့်၊
ချမ်းသာချည်းသာ ကြုံနေပါက၊
ဘယ်မှာ ဒုက္ခ ရှိမည်နည်း။
ပျက်စီးတိုင်းသာ မပူပင်နှင့်၊
မပျက်စီးကာ ခိုင်မြဲပါက၊
ဘယ်မှာ အနိစ္စ ရှိမည်နည်း။
အာရုံဟူသမျှ မတောင်းတနှင့်၊
အာရုံတိုင်းသာ တောင်းတပါက၊
ဘယ်မှာ လောဘ ဆုံးမည်နည်း။
အရာရာမျိုး စိတ်မဆိုးနှင့်၊
နေရာတိုင်းသာ စိတ်ဆိုးပါက၊
ဘယ်မှာ ဒေါသ ဆုံးမည်နည်း။
သိဥာဏ်မလိုက် သင်မမိုက်နှင့်၊
သိဥာဏ်မလိုက် မိုက်နေပါက၊
ဘယ်မှာ မောဟ ဆုံးမည်နည်း။
ဗုဒ္ဓတရား မေ့မထားနှင့်၊
ဆုံးမတိုင်းသာ ကျင့်ကြံပါက၊
ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း။
Tags: ဘာသာရေး
Copy from http://newworldnanda.ning.com/forum/topics/3451740:Topic:103685





