ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာအနီး တိုက်ပွဲဖြစ်
27 April 2012
By KNG
ဧပြီ ၂၇ ရက် ယနေ့ နံနက် ၁၀ နာရီခွဲခန့်မှာ မြစ်ကြီးနားမြို့အရှေ့ဘက် ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာတွင် မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား အချိန်တိုတိုက်ပွဲဖြစ်ပွားခဲ့သည်။ နမ့်ဝါ (Nam Wa) ကျေးရွာနှင့် ဝါရှောင် (Wa Shawng) ကျေးရွာကြား လိုင်ဂျောင်ပါ (Lai Jau Pa) လယ်ကွင်းတွင် ဖြစ်ပွားသောတိုက်ပွဲတွင် အစိုးရစစ်သား ၃ ဦး သေဆုံးသတင်း ကြားရသည်ဟု ရွာသားများဆိုသည်။
ဘီဘီစီသတင်းထောက် နန်းချယ်ရီခန်းရဲ့ သတင်းပေးပို့ထားချက်
Sourc eNEWS from ource NEWS audio from (www.bbcburmese.com)






