• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, April 27, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် TIMEမဂ္ဂဇင်းမှ ထုတ်ပြန်သော ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်၁ဝဝ စာရင်း၌ပါဝင်

တိုင်းမ်မဂ္ဂဇင်းမှာပါတဲ့ ဦးသိန်းစိန်ရဲ့ ပုံတူပန်းချီ
U Thein Sein
President

By Thant Myint-U
Wednesday, Apr. 18, 2012

Since he took office a little more than a year ago, the President of Burma, U Thein Sein, has proved himself the architect of one of the most unlikely democratic transitions anywhere in the world. It's been an amazing balancing act.

He's had to keep on board the ex-generals who still dominate government, as well as army chiefs, top businessmen, the opposition parties — including the largest, led by Nobel laureate Daw Aung San Suu Kyi — and a young and dynamic civil society.
 U Thein Sein, 67, is trying to perform a triple act of moving toward democratic government, overhauling one of the world's most backward economies and negotiating an end to over a dozen long-standing ethnic conflicts, all while the country remains under punishing sanctions. And whether or not he succeeds will be important not just for Burma's 55 million people but for all of Asia.
Burma was until just recently a byword for almost every early 21st century ill.
 But if U Thein Sein gets his way, it may soon become a model for peaceful democratic change. Thant Myint-U is a Burmese historian and author.

Read more:
http://www.time.com/time/specials/packages/article/0,28804,2111975_2111976_2112089,00.html #ixzz1tJCxrneU

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် 
TIMEမဂ္ဂဇင်းမှ ထုတ်ပြန်သော ကမ္ဘာ့သြဇာအရှိဆုံး 
ပုဂ္ဂိုလ်၁ဝဝ စာရင်း၌ပါဝင် 

တိုင်းမ်မဂ္ဂဇင်းကြီးက ဧပြီလ၁၈ရက်တွင် ၂ဝ၁၂ခုနှစ်အတွက် ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်၁ဝဝ စာရင်းကို ထုတ်ပြန်ကြေငြာ ဖော်ပြခဲ့ရာ မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပါဝင်ကြောင်းသိရသည်။

အဆိုပါစာရင်းတွင် ထင်ရှားသော နိုင်ငံခေါင်းဆောင်များ၊ စွန့်ဦးတီထွင်သူများ၊ အောင်မြင်ကျော်ကြားသော
စီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်သကဲ့သို့ အားကစား၊ အနုပညာနယ်ပယ်တို့အပါအဝင် နယ်ပယ်စုံမှ ထင်
ရှားကျော်ကြားသူများ ပါဝင်သည်။

သူတို့သည် ကမ္ဘာကြီးအား စိတ်ကူးဥာဏ်၊ ဖျော်ဖြေမှု၊ စိန်ခေါ်မှုများနှင့် အပြောင်းအလဲများ ပေးသူများဖြစ်ကြ
ပြီး ယခုနှစ်အတွင်း ထူးကဲအောင်မြင်သူများ ရှေ့ပြေးဆောင်ရွက်နိုင်သူများ၊ အထင်ကရများ၊ စံထားလောက်
သည့် ပုဂ္ဂိုလ်များဖြစ်ကြသည် ဟုဆိုသည်။

အဆိုပါစာရင်းတွင် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ကြသော ဘားရက်အိုဘားမား၊ အယာတိုလာခါမေနီ၊ ဘန်ဂျ မန်နေတန်ယာဟု၊ အိန်ဂျယ်လာမာကယ်၊ ဟီလာရီကလင်တန်တို့သာမက လုပ်ငန်းရှင်သူဌေး ဝါရန်းဘူဖေး၊
Apple စီအီးအိုအသစ် တင်မ်ကွက်တို့အပြင် Anonymousကဲ့သို့သော ဟက်ကာအုပ်စု၊ ဗြိတိန်တော်ဝင် မင်း သမီးအသစ် ကက်သရင်းမစ်ဒယ်တန်တို့မှသည် ရီဟားနားကဲ့သို့သော နာမည်ကြီးရုပ်ရှင် မင်းသမီးတို့အပြင် လိုင်ယွန်နယ်မက်ဆီ ကဲ့သို့သော နာမည်ကြီး ဘောလုံးသမားပါဝင်သည်။

သို့သော် မူလကဆန်ခါတင် စာရင်းတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံး စာရင်း၌ ပါဝင်လာခြင်းမရှိသည်ကိုလည်း တွေ့ရှိရသည်။

ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် မှတ်ချက်များကို ထင်ပေါ်ကျော်ကြားသူများကပင် တိုင်းမ်မဂ္ဂဇင်းအတွက် ရေးပေး ခဲ့ကြရာ ဥပမာအားဖြင့် Appleစီအီးအိုအသစ် တင်မ်ကွက်အတွက် မှတ်ချက်ရေးပေးသူမှာ အမေရိကန်ဒုတိယ သမ္မတဟောင်း အယ်လ်ဂိုးဖြစ်သည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် တိုင်းမ်မဂ္ဂဇင်းတွင် မှတ်ချက်ရေးသားပေးထားသူမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏မြေး သမိုင်းပညာရှင်နှင့် စာရေးဆရာ သန့်မြင့်ဦးဖြစ်သည်။
 ဦးသိန်းစိန်နှင့် ပတ်သတ်သည့် ဒေါက်တာသန့်မြင့်ဦး၏ ရေးသားဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

ဦးသိန်းစိန်သည် တစ်နှစ်ထက် အနည်းငယ်မျှသာပိုသော ကာလအတွင်း နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူ ကတည်းက ကမ္ဘာပေါ်တွင် မည်သည့်နေရာတွင်မျှ ဖြစ်နိုင်ဖွယ်မရှိသော ပုံစံမျိုးဖြင့်ဒီမိုကရေစီ အသွင်ကူးပြောင်း
ရေး များအတွက် ဗိသုကာတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့သည်။
သူ့အနေဖြင့် အလွန်အံ့သြဖွယ်ကောင်းသော ချိန်ညှိမှုများကို ဆောင်ရွက်နိုင်ခဲ့သည်

သူသည် အစိုးရအဖွဲ့အတွင်း လွှမ်းမိုးဆဲဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်းများ စစ်တပ်အကြီးအကဲများ ထိပ်တန်း
လုပ်ငန်းရှင်များ ငြိမ်းချမ်းရေး နိုဘယ်ဆုရဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အကြီးမားဆုံး အတိုက်အခံ ပါတီအဝင် အတိုက်အခံပါတီများနှင့် ငယ်ရွယ်နှပျိုပြီး တိုးတက်ပြောင်းလဲနေသော အရပ်သား အုပ်စုများအကြား
ကောင်းစွာ ချိန်ညှိလုပ်ဆောင်နိုင်ခဲ့သည်။

ဦးသိန်းစိန် (၆၇)နှစ်သည် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားသည့်ကြားက အပြောင်းအလဲ
ကြီးသုံးရပ်ကိုကြိုးစားလုပ်ဆောင်ခဲ့ရာ ယင်းတို့မှာ ဒီမိုကရေစီအစိုးရအဖြစ် ပြောင်းလဲရေး စီးပွားရေးပြန်လည် ဦးမော့အောင်ဆောင်ရွက်ရေးနှင့် ကာလကြာရှည်လှပြီဖြစ်သော တိုင်းရင်းသားလူမျိုးစုများနှင့် ပဠိပက္ခများ အ
ဆုံးသတ်သွားအောင် ညှိနှိုင်းရေးတို့ဖြစ်သည်။

သူ၏အောင်မြင်မှု မအောင်မြင်မှုသည် မြန်မာနိုင်ငံ၏ သန်း၆ဝကျော်သော ပြည်သူတို့အတွက် အရေးပါရုံမျှမက အာရှတိုက်တစ်တိုက်လုံးအတွက်ပါ အရေးပါသည်။ မြန်မာနိုင်ငံသည် မကြာသေးခင်က စကားရပ်အဖြစ် သတ်
မှတ်ခဲ့သည့် ၂၁ရာစုဖျားနာခြင်း အစောပိုင်းအတွင်း၌ ကျရောက်နေလျက်ရှိသည်။

သို့သော် ဦးသိန်းစိန်အနေဖြင့် သူ၏လမ်းကြောင်းကို အကောင်အထည်ဖော်နိုင်ခဲ့လျှင် မကြာခင် ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၏ စံပြပုဂ္ဂိုလ်ဖြစ်လာတော့မည်ဖြစ်သည်။

မြန်မာဘာသာပြန်ထားသည်ကို စွယ်စုံဂျာနယ်ဖြစ်သည့် http://swesonemedia.org/index.php?q=2310
မှကူးယူဖေါ်ပြပါသည်။