သထုံခရိုင် တပ်မဟာမှူး ဗိုလ်လင်းထိန်ကို သတိရတယ်
(မင်းစိုးစံ)
အကြောင်းအရာ အဖြစ်အပျက်တခုခုကြောင့် တိုက်ဆိုင်မှုတွေရှိလာပြီဆိုလျင် မေ့ထားတဲ့ အရာတွေဟာ ပြန်
ပြန်ပြီး သတိတရနဲ့ တမ်းတမ်းတတဖြစ်တတ်တာ သဘာဝပါ။ ဗိုလ်လင်းထိန်ဆိုတာ အင်မတန်ကို လက်ဖြောင့်
တဲ့ တပ်မှူးတဦးပါ၊ ဘယ်လောက်အထိလက်ဖြောင့်သလဲဆိုလျင် ကဆုန်ပေါက်ပြေးနေတဲ့ မြင်းပေါ်က လူတ
ယောက်ရဲ့ ပါးစောင်မှာ ခဲထားတဲ့ ဆေးလိပ်ကို သေနတ်နဲ့တချက်တည်း မှန်အောင်ပစ်ခတ်နိုင်သူတဦးဖြစ်ပါ
တယ်။
အဲဒီလိုပဲ အင်မတန်လည်း သတ္တိရှိတဲ့တပ်မှူးတဦးဖြစ်ပါတယ်။
သူနဲ့အတွဲညီတာကတော့ ဗိုလ်ရာကျော်ဖြစ်ပါတယ်။ ဗိုလ်လင်းထင်က လက်စွမ်းပြဘို့ပြောတာနဲ့ ဗိုလ်ရာကျော်
ဟာ မြင်းပေါ်ချက်ခြင်းတက်ပြီး ကဆုန်ပေါက်စီးပြပေးခဲ့သလို ဗိုလ်ရာကျော်က လက်စွမ်းပြမယ်လို့ ဆိုပြန်တော့ လည်း ဗိုလ်လင်းထိန်ဟာ ဆေးလိပ်ခဲရင်း မြင်းစီးပေးပါသတဲ့။
တချိန်တခါတုန်းက တပ်မှူးတပ်ဗိုလ်တွေဟာ ဘယ်လောက်အထိ တဦးနဲ့တဦး အယုံအကြည်ရှိကြသလဲဆိုတာ
နဲ့ ဘယ်လောက်အထိရဲဘော်ရဲဘက်ဆန်သလဲ ဆိုတာကို အဲဒီအဖြစ်အပျက် ကလေးက သာဓကလို့ပြောနိုင်ပါ တယ်။
အခု သူတို့မရှိကြတော့ပါဘူး။
သူတို့နဲ့ပတ်သက်တဲ့ တိကျခိုင်မာတဲ့ စာတမ်း မှတ်တမ်းမှတ်ရာဆိုတာလည်း မကျန်ခဲ့ပါဘူး။
အင်မတန် ၀မ်းနည်းစရာ ကောင်းပါတယ်။
ပါးစပ်ရာဇ၀င်နဲ့ လိုရာစွဲလုပ်ကြံဇာတ်လမ်းတွေသာ ဟုတ်နိုးနိုး မှန်နိုးနိုးနဲ့ မသေမခြာကျန်ခဲ့ပါတယ်။
လူတိုင်းဟာ အကောင်းချည်းသက်သက် မရှိနိုင်သလို အဆိုးချည်းသက်သက်လည်း မရှိနိုင်ပါဘူး။
လက်နက်ခဲယမ်းအတွက် ငွေလိုတော့ ဗိုလ်လင်းထိန်ဟာ ထိုင်းနိုင်ငံ မဲဆောက်ထဲက ဘဏ်တိုက်ကိုဝင်စီးခဲ့ ဘူးပါသတဲ့။
အဲဒီငွေတွေကို စောဘဦးကြီးက သူပိုင်တဲ့လယ်တွေရောင်းပြီး လျော်ပေးလိုက်ပါသတဲ့။
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြုပြင်ပြောင်းလွဲရေးအတွက် လုပ်တဲ့နောက်တော့ နည်းမျိုးစုံသုံးရမှာပါပဲ။ ဒါမှသာ ကောင်းတယ် ဆိုးတယ် မှန်တယ် မှားတယ်ဆိုတာ ကွဲပြားသွားနိုင်သလို ဘယ်လိုလုပ်လျင်ဖြင့် မသင့်တော်ဆု့းဆိုတာ နောင်လာနောက်သားတွေ သင်ခန်းစာ ယူနိုင်မှာဖြစ်သလို ကောင်းမွန်မှန်ကန်တဲ့ အတွေးအခေါ်အယူအဆတွေနဲ့ ပြုပြင်ပြောင်းလွဲသွားနိုင်ကြပါလိမ့်
မယ်။
အခုလည်း ကျုပ်တို့ရဲ့ တပ်မှူး စောလားပွယ်ကို ထိုင်းက မူးယဇ်ရာဇာ ဆိုပြီး ဆုငွေတွေထုတ်တော့ တချို့နှာ
စေးနေကြတယ်၊ ရဲဘော်ရဲဘက်ပါလို့ ပြောခဲ့သူတချို့ ကိုယ်ရောင် ဖျောက်ကြတယ်။
ဗိုလ်လင်းထိန်ကို သတိရတယ်ဆိုတာ အဲဒါပဲ။
ထိုင်းအစိုးရရဲ့ စွပ်စွဲချက်ကို ဒီကေဘီအေတပ်ဖွဲ့အနေနဲ့ကြည့်မလား ပုဂ္ဂိုလ်ရေးအရ ကြည့်မလား အဲဒီလိုထိ
ခိုက်နေတဲ့အပေါ် ပြန်ပြီးတုန့်ပြန်ပြီး ထုတ်ပြန်ချက်ထုတ်တယ်ဆိုတာ အမှန်ကန်ဆုံးနဲ့ အလုပ်သင့်ဆုံး လုပ်ရပ်
လို့ ကျုပ်မြင်တယ်။
အခုအခြေအနေကိုကြည့်လိုက်တော့ မရှိခိုးနိုး မလှ စုန်းရိုး ဆိုတဲ့ဗမာစကားပုံလိုပဲ၊ ကိုယ့်ကရင်ပြည်သူအတွက် တိုးတက်ရာတိုးတက်ကြောင်းလုပ်နေတာကို ခင်ဗျား ဒီငွေတွေ ဘယ်က ရသလဲဆိုတဲ့ မေးခွန်းက တော်တော် ခံပြင်းဘို့ကောင်းတဲ့ မေးခွန်းမျိုးဗျ။
မေးတဲ့ပုဂ္ဂိုလ်ရဲ့ ငွေတွေကို အလစ်သုတ်ထားသလိုလိုဖြစ်နေတာ။
မတရားသဖြင့်ရထားတဲ့ငွေနဲ့ အလုပ်လုပ်နေသလိုလို။
ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်း ဆိုပြီး ကိုယ့်ဘက်က ဘာမျှပြန်မပြောပဲနေလျင် ကိုယ်ကပဲ သူများပြောတာဟုတ်လို့ငြိမ်ခံနေသလိုလိုဖြစ်တတ်တာမဟုတ်လား။
အတိတ်ကာလတုန်းကတော့ အခုလို တယ်လီဖုံးတွေ ဆက်သွယ်ရေးလမ်းကြောင်းတွေက မကောင်း
တော့ ပြောချင်ပေမယ့် မပြောလိုက်ရတာတွေကြောင့် အမျိုးမျိုး နစ်နာဆုံးရှုံးခဲ့ရတဲ့ အကြိမ်တွေကလည်း များလွန်းနေပါပြီ။
ကြေငြာချက်ကို ကြည့်ကြပါစို့။
DKBA ကြေညာချက်တွင် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်ကြောင်း ယူဆပါက ဒု-၀န်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်းအနေဖြင့် DKBA အခြေစိုက်ရာ မည်သည့်နေရာမဆို ၀င်ရောက်လေ့လာနိုင်ကြောင်းနှင့် မူးယစ်ဆေးဝါးကိစ္စ ထုတ်ဖော်တွေ့ရှိပါက မည်သည့်တရားရုံး၊ ခုံရုံး မဆို တက်ရောက်ရင်ဆိုင်သွားမည်ဖြစ်
ကြောင်းလည်း ပါရှိသည်။
တဆက်တည်း၌ပင် လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့ကို စွပ်စွဲပြောဆိုမည်ဆိုပါက “ဘယ်သူက ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာတွေ လုပ်ခဲ့သလဲဆိုတဲ့ တိကျခိုင်လုံတဲ့ အထောက်အထားများ ပြသဖို့ တာဝန်ရှိတယ်လို့ ယူဆကြောင်း” ဒီကေဘီအေ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုင်း ဒု-၀န်ကြီးချုပ်ကိုယ်တိုင် ယခု ဧပြီလ ၃၀ရက်နောက်ဆုံးထားကာ ၎င်းတို့ဒေသကို လာရောက်ကြည့်ရှုဖြေ ရှင်းပေးရန် ဖိတ်ခေါ်ပါ ကြောင်း၊ လာရောက်ဖြေရှင်းပေးခြင်း မရှိပါက နိုင်ငံတကာ ဥပဒေအရ ထိုင်းအစိုးရအား ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း DKBA က ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့က DKBA သည် မြန်မာအစိုးရနှင့် လက်မှတ်ရေးထိုးရာတွင် သဘောတူညီချက်အပိုဒ်(၅)အရ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအား ပြည်ထောင်
စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အချက်ကို သဘောတူထားသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
ထိုင်းအစိုးရက ဗိုလ်မှူးချုပ်စောလားပွယ်အား ဆုလာဒ်ငွေထုတ်၍ ဖမ်းဆီးရန် ကြေညာထားသည့်အပေါ်
ကေအိုင်စီ မှ ဗိုလ်မှူးချုပ်စောလား ပွယ်အား တိုက်ရိုက်မေးမြန်းနိုင်ရန် ယနေ့ အကြိမ်ကြိမ် ကြိုးစားဆက် သွယ်သော်လည်း မအားလပ်မှုများရှိသည်ဟူသော အကြောင်းပြ ချက်များကြောင့် ပြန်လည်ဖြေကြားမှုကို မရရှိခဲ့ပေ။
ကေအိုင်စီရဲ့ မေးမြန်းချက်တွေကို မဖြေပေမယ့် သတင်းဌာနတချို့ရဲ့ အမေးတွေကိုတော့ အခုလို ဖြေကြားထား
ပါတယ်။
ဘီဘီစီမြန်မာဌာနက သတင်းထောက်နဲ့ ဆက်သွယ်မေးမြန်းခန်းဖြစ်ပါတယ်
Source NEWS Audio from http://www.bbcburmese.com
အာရ်အက်ဖ်အေ မြန်မာဌာနက သတင်းထောက်နဲ့ ဆက်သွယ်မေးမြန်းထားတာပါ
Source NEWS Audio from http://www.rfanews.org/burmese
ဗွီအိုအေ မြန်မာဌာနက သတင်းထောက်နဲ့ ဆက်သွယ်မေးမြန်းထားတာပါ
Source NEWS Audio from http://www.voanews.com/burmese
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
မှတ်ချက်
အပြာရောင်စာလုံးများသည် KIC မှ ကူးယူဖေါ်ပြခြင်းဖြစ်သည်။
သိသူ:
ဗိုလ်လင်းထိန်ခေတ်က
စောဘဦးကြီးမရှိတော့ဘူး.. စောဘဦးကြီး လယ်ရောင်းပြီးပြန်လျှော်ဒါ က
ငွေအပြည့်တင်ဆောင်လာတဲ့ လေယာဉ်ပြန်ပေးဆွဲကိစ္စ။ ဦးနုခေတ်ပေါ့။
ကေအဲန်ယူနာမည်အပျက်မခံလိုတဲ့ စောဘဦးကြီးက အဲဒီနည်းနဲ့ ရှင်းခဲ့တာပါ။
ဒါပေမယ့် ကမ္ဘာ့သမိုင်းထွင်သွားခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှုက ကမ္ဘာမှာ
ပထမဦးဆုံး လေယာဉ်ပြန်ပေးဆွဲ
ဒါ လုပ်ပြသွားဒါက ကရင် ဗျား။
အဲဒါက
သမိုင်းအစစ်ပဲ ဖူးဓါမိတ်ရေ...ကရင်တွေ သူများမလုပ်ဒါ ထပြီးလုပ်တတ်တယ်ဆိုဒါ အဲဒီအဖြစ်အပျက်
က သက်သေပြခဲ့ပါသည်။
အနီရောင် စာလုံးများသည် စီဘောက်ထဲမှပြန်လည်ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။
မှန်ကန်သည့်သမိုင်းကြောင်းကို သိစေလိုသည့် သိသူ ကိုကျေးဇူးတင်လေးစားသောကြောင့် ဖြစ်ပါသည်။
(မင်းစိုးစံ)
စ၀်ဖူ့ဍါင်:
ဘဦးကြီးဦးနုကိုလယ်ရောင်းပြီးရော်မယ်လို့ပြောတာKNDOတပ်တွေ မအူပင်ဘဏ်ကို တိုက်ခိုက်သိမ်းယူ
စဉ်ကပါ။
လေယာဉ်ပြန်ပေးစွဲတာကရင်တွေမှန်ပေမဲ့ အဲဒီရတဲ့ငွေတွေ(ဗကပ) ကွန်မြူနှစ်တွေကိုတစ်ဝက်ပေးလိုက်
ရတယ် လို့ကြားဘူးတယ်။
အနီရောင် စာလုံးများသည် စီဘောက်ထဲမှပြန်လည်ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။
မှန်ကန်သည့်သမိုင်းကြောင်းကို သိစေလိုသည့် စ၀်ဖူ့ဍါင် ကိုကျေးဇူးတင်လေးစားသောကြောင့် ဖြစ်ပါသည်။
ဗိုလ်ချုပ်လင်းထင်နဲ့
မဲဆောက်မြို့သိမ်းတိုက်ပွဲနောက်ကွယ်
တပ်ဗိုလ်တပ်မှုးများမှရံဖန်ရံခါကြားခဲ့ရသည်များကိုနောင်လာနောင်သားမျိုးဆက်သစ်များသိရှိ မှတ်သားနိုင် ရန်အလို့ငှါမိမိကြားသိခဲ့ရသည်များကိုပြန်လည်မျှဝေစေလိုပါသည်။
ဖူးတာမိက်၏ရေးသားချက်များမှ ဗိုလ်ချုပ်လင်းထင်၏မဲဆောက်မြို့သိမ်းတိုက်ပွဲအကြောင်းပါလာတော့ မိမိကြားသိခဲ့သောအကြောင်းတရားများနဲတိုက်ဆိုင်လာမှုကြောင့်ဒီအကြောင်းအရာကိုရေးသားလိုက်ရ
ခြင်းကိုဖြစ်ပေါ်စေသည့်တွန်းအားတစ်ခုဟုဆိုရပေမည်။
ဗိုလ်ချုပ်လင်းထင်နဲ့KNU ပထမလမ်းစဉ်ဟုဆိုရင်ဘဲဗိုလ်ချုပ်လင်းထင်နဲ့အဆင်ပြေမှုသိပ်အရှိလှတဲ့ဗိုလ်ချုပ်မြ
ကို သမိုင်းစာမျက်နှာတစ်ချို့မှာအထင်အရှားတွေ့နိုင်ပေမည် ဖူးတာမိက်ရေးသားခဲ့တဲ့ဗိုလ်ချုပ်လင်းထင်အရည်အ
ချင်း တစ်ချို့နဲ့ထပ်ဖြည့်ရေးသားလိုသည်မှာဗိုလ်ချုပ်လင်းထင်သည်မဟုတ်မခံစိတ်ဓါတ်ရှိသူဖြစ်ပြီးမိမိ ယုံကြည်ရာ ကိုပြတ်သားစွာလုပ်ဆောင်တတ်သူဖြစ်သည်။
ထို့ကြောင့်လည်းမိမိယုံကြည်တဲ့ကော်သူးလေအစိုးရနဲ့ငြိမ်းချမ်းလုပ်ငန်းစဉ်ကို မလိမ့်တပတ်လုပ်လာတဲ့ဗမာ
အစိုးရကို အယုံအကြည်မဲ့လာချိန်တွင်မဟုတ်မခံသည့်အတိုင်းတ ဖြည်းဖြည်းဆန့်ကျင်လာရာမှ ရန်သူ၏ လက်ဦးမှုကြောင့်ကျဆုံးခဲ့ရသည်ကိုသမိုင်းမှတ်တမ်းများ အရသိရှိပြီးသားဖြစ်သည်။
သည်
ဗိုလ်ချုပ်လင်းထင်ကျဆုံးပြီးနောက်ပိုင်း ကျန်ရှိသောတပ်ဗိုလ်တပ်မှုး များဗိုလ်ချုပ်မြဆီပြန်လာပူးပေါင်းခဲ့စဉ် ကံကြမ္မာဆိုးတွေနဲ့ရင်ဆိုင်ရသည်များကိုလည်း စိတ်မကောင်း စွာဖြင့်မှတ်သားရခဲ့ဘူး။
ဟိုတစ်လောတုန်းကမိခင် KNU နှင့်ပြန်လည်လက်တွဲလာသည့်DKBA ကိုလုပ်ကြံတိုက်ခိုက်ရန်ဆိုသည့်သတင်း တစ်ခုကြောင့်များစွာစိတ်မချမ်းမြေ့စရာဖြစ်ခဲ့ရတယ်။
တိကျတဲ့မှတ်တမ်းအထောက်အထားမရှိခဲ့တဲ့ကရင့်တော်လှန်ရေးရဲ့နောက်ကွယ်ကဗိုလ်ချုပ်လင်းထင်ဟာ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တယ်ဆိုတာငြင်းလို့မရသလိုသမိုင်းမှာဗိုလ်ချုပ်မြတို့နဲ့ လမ်းခွဲပြီး ကော်သူးလေ အစိုးရ ကိုတည်ထောင်ခဲ့တဲ့သမိုင်းထောင့်တိုင်တွေထဲကထောင့်တိုင်တစ်တိုင်လဲဖြစ်ပါတယ်။
ဖူးတာမိက်ဖေါ်ပြခဲ့တဲ့ မဲဆောက်ကဘဏ်တိုက်ကိုဗိုလ်လင်းထင်ဝင်တိုက်တာနဲနဲလေး အကြောင်းအရာ
လိုနေတယ်ဖြစ်နေမလားလို့ပါ လက်နက်ခဲယမ်းကိစ္စကြောင့်ဆိုတာ မှန်သော်လည်းအမှန်က ဗိုလ်ချုပ် လင်းထင်နဲ့ထိုင်းလက်နက်ပွဲစားတွေဖြစ်တဲ့မဲဆောက်မှာတာဝန်ရှိတဲ့တိုင်းတပ်မတော်အရာရှိတစ်ချို့ရဲ့ ဂတိမတည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဖြစ်တယ်။
မိုက်မိုက်ရိုင်းရိုင်းစကားနဲ့ပြောရရင်တော့ဗိုလ်ချုပ်လင်းထင်က လက်နက်ခဲယမ်းဘိုးအတွက်ကျသင့်ငွေတွေကို အပြီးပေးချေပြီးသားဖြစ်တယ် အဲတာကိုထိုင်းက လက်နက်တွေမပေးဘဲ နေ့ရွေ့ညရွေ့လုပ်ပြီး လိမ်နေတာ
အဲတာ ဗိုလ်ချုပ်လင်းထင်ကသီးမခံနိုင်တော့ဘဲ လူလိမ်ထိုင်းတွေကိုပညာပြရမယ်ဆိုပြီး ဘဏ်တိုက်တစ်ခုထဲ
မကဘူး မဲဆောက်တစ်မြိုလုံးကိုရက်သတ္တတစပတ်ခန့်လောက်ကြာအောင် ထိမ်းချုပ်ထားလိုက်တာ။
အဲဒီတုန်းကမဲဆောက်ဆိုတာရွာကြီးတစ်ရွာသာသာလောက်ဘဲရှိတာ အကြီးဆုံးအိမ်ကောင်းယာကောင်းဆို
လို့ ဆင်နှစ်ကောင်ကုမ္မဏီတစ်ခုဘဲရှိသေးတာပါ။
ဘန်ကောက်ကထိုင်းအရာရှိတွေကိုယ်တိုင်မဲဆောက်ဆင်းလာပြီးဗိုလ်ချုပ်လင်းထင်တို့ ပြသနာကိုလာဖြေရှင်းပေး
ရတယ် အဲဒီတုန်းကထိုင်းဟာဗမာအစိုးရနဲ့ဆက်ဆံရေးမရှိဘဲကေအဲန်ယူနဲ့သာဆက်ဆံရေးလုပ်နေတဲ့အချိန်ကာ
လမို့ ထိုင်းကလဲစစ်ရေးနည်းအရမဖြေရှင်း လိုဘဲသံတမန်နည်းနဲ့ဘဲ ဖြေရှင်းချင်လိုပုံရတယ်ဘာကြောင့်လဲဆို
တော့ကရင်ပြည်နယ်စပ်နဲ့ထိုင်းနယ်စပ်ကြားမှာရှိတဲ့တရုတ်နောက်ခံပြုကရင်အများစုပါဝင်တဲ့ထိုင်းကွန်မြူနစ်တွေ
လည်း အင်အားကောင်းချိန်ဖြစ်တယ်။
အဲဒီကွန်မြူနစ်တွေကဘုရားသုံးဆူအရှေ့ဘက်ကေအဲန်ယူတပ်မဟာ(၆)နယ်မြေနဲ့ထိစပ် ထီလှိုင်ပရွာမှာနဲ့ (ယွားပလေတော)တုန့်ပေါင်းတောင်ခြေ ( တုင့်ပင်.လါင့်ခင်းထါင်) (ဖေဝ့်သိုင့်ပုံ) ဖွဲသုံးပုံတောတောင်တဝှိုက် နဲ့ပိုင်ခလုံမြို(လါင့်တင်ခေါဟ်)လေးတောခို့ရွာတွေအထိရှည်လျားတဲ့တောတောင်နယ်ကြားတစ်လျှာက်လှုပ်ရှားနေ
ချိန်မို့ထိုင်းအနေနဲ့စစ်ရေးအကြပ်ရိုက်နေချိန်ဖြစ်တယ်။
ဗိုလ်ချုပ်လင်းထင်ဆီကလိမ်ထားတဲ့ငွေတွေကိုထိုင်းကပြန်ပေးလိုက်ရတဲ့အပြင်မဲဆောက်မြို့ကိုဝင်ရောက်သိမ်း
ပိုက်လို့ ကုန်ကျတဲ့စစ်စရိတ်ကိုပါ ဗိုလ်ချုပ်လင်းထင်ကတောင်းသဖြင့်ထိုင်းကလဲ လိုက်လျှောလိုက်တော့ဗိုလ်ချုပ်
လင်းထင်ကလည်း ဘဏ်တိုက်ကသိမ်းဆည်းထားတဲ့ငွေတွေကိုထိုင်းကိုပြန်အပ်နှံပြီး သူ့တပ်ကိုမဲဆောက်ကနေ
ပြန်ရုပ်ပေးခဲ့တယ်။
သည် ရေးသားချက်အားလုံးတို့သည်မိမိ ကေအဲန်ယူတပ်မဟာ(၆)တွင်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တပ်မဟာဌာနချုပ်တည်ရာအဇင်းကျေးရွာအရှေ့ဘက်အုန်းခြံစခန်းတွင်တပ်မဟာ(၆)တပ်မဟာမှူးစောရွှေဆိုင်းနဲ့ ဒူးပလာယာခရိုင်ဥက္ကဌဗိုလ်မှူးကြီးတင်ဦး(ဖူးတာအံန့်)တို့၏စကားဝိုင်းမှမှတ်သားချက်များသာဖြစ်သည်။
နောင်လာနောင်သားများဗိုလ်ချုပ်လင်းထင်အကြောင်းတစေ့တစောင်းသိရှိစေရန်အတွက်ပြန်လည်ဝေငှလိုခြင်း
သာဖြစ်ပါသည်။
တပ်မဟာ(၆)တပ်မဟာမှူးဗိုလ်ချုပ် ရွှေဆိုင်းသည်ဗိုလ်ချုပ်လင်းထင်မဲဆောက်မြို့ကိုဝင်ရောက်သိမ်းပိုက်စဉ်အတွင်း
သူကိုယ်တိုင်ပါဝင်ခဲ့သည်ဟုလည်းဒူပလာယာခရိုင်ဥက္ကဌဗိုလ်မှူးကြီးတင်ဦး(ဖူးတာအံန့်) နဲ့ပြောဆိုကြစဉ်တွင်ဖွင့်ဟ ဝန်ခံခဲ့သည်ကိုမိမိကိုယ်တိုင်ကြားသိခဲ့ပါသည်။
သို့သော်သူတို့ပြောဆိုခဲ့ကြစဉ်တုန်းကမည်သည့်ခုနှစ်အချိန်ကာလတုန်းကဖြစ်ပျက်ခဲ့ကြသည်ကိုထည့်သွင်းပြော
ဆိုကြခြင်းမရှိခဲ့သဖြင့်မိမိအနေဖြင့်တစ်ဆင့်စကားသာမှတ်သားလာခဲ့ရသည်မို့
အချိန်ကာလမဖေါ်ပြနိုင်ခဲ့သည့် အပေါ်စာဖတ်သူများအားနားလည်ခွင့်လွတ်စေလိုပါသည်။
သူရေဝ့်ဖါန်
Copy from http://thuraytphaung.blogspot.com/2012/04/knu-knu-dkba.html





