မထိမ်းနိုင်ခဲ့သော လူ့ကျင့်ဝတ်
(မင်းစိုးစံ)
April 25 2012 Wednesday
အလွန်အမင်း နာကျင်နေသော အခါတွင်ဖြစ်စေ၊
အလွန်အမင်း ဆာလောင်မွတ်သိပ်နေသော အခါတွင် ဖြစ်စေ
အလွန်အမင်း မောပမ်းနေသော အခါမျိုးတွင်ဖြစ်စေ
အချစ်ဆိုသော အရာသည် ပေါ်ပေါက်လာနိုင်ခြင်းမရှိပါ။
(ဆရာ မင်းသိင်္ခ)
ဒီနေ့ ကျုပ်တော်တော်လေးကို ပွတက်နေတယ်၊(ဒေါသ)။
မနက်ကတည်းက အဆင်မပြေလိုက်ပုံများ ပြောကို မပြောချင်တော့ဘူး၊ ညဘက်အိပ်ရေးမ၀တာလည်း ပါကောင်းပါနိုင်တာပေါ့လေ။ အိပ်ရေးမ၀ဘူးဆိုလို့ တရေး လေးမျှ မမှေးလိုက်ရတဲ့ ညတွေထဲက တည
လို့ဆိုနိုင်မယ်ထင်တာပဲ။
ကျုပ်မှာ ညဘက်အိပ်မရတဲ့ရောဂါရှိနေလို့ အထူးကုဆရာဝန်က စက်တွေတတ်ပြီးအိပ်ခိုင်းထားတာ စက်မ တတ်ဖြစ်တဲ့ညတွေ ဘယ်လောက်တောင်ရှိသွားမှန်းမသိတော့ဘူး၊ လွန်ခဲ့တဲ့လ ဆရာဝန်က ကျုပ်တတ်နေ
ကျစက်ကို စစ်ဆေးလိုက်တော့
ခင်ဗျားအိပ်ပျော်နေတုန်း တနာရီအတွင်းမှာ ၁၅ကြိမ် (ဆယ့်ငါးကြိမ်)လောက် အသက်ရှူရပ်ရပ်သွားတာတွေ့
ရတယ်။
ရတယ်။
စက်ကို ညစဉ်ညတိုင်းအသုံးပြုပါ။
ဆိုပြီး ပြောထားတာ၊ နောက်၎လကြာလျင် စက်ကိုစစ်ဆေးဘို့ တခါထပ်ယူသွားရဦးမယ်။အဲဒီလိုတွေကြားထဲကမှတခါ ကျုပ်သွားတွေအလုပ်မလုပ်တာမို့ အစာတွေကို အတင်းမျိုမျိုချနေလာလိုက် တာအခုတော့ လည်ချောင်း(လည်မျို) တ၀ိုက်နာလွန်းလို့ စကားတောင်မပြောနိုင်ဘူး။
ငယ်ငယ်တုန်းကဆို တော်ရုံကွမ်းသီးလောက်များ စာရင်းထဲထည့်မနေဘူး ခွပ်ကနဲကိုက်ပစ်လိုက်တာပဲ၊ ဗမာ
ပြည်ကထုတ်တဲ့ အချိုရည်ပုလင်းမပြောနဲ့ ထိုင်းကထုတ်တဲ့ အချိုရည်ပုလင်းရဲ့ အဖုံးတွေဆို ဖေါက်တံမသုံးပဲ ကိုက်ဖေါက်ပစ်တာလေ။
အခုတော့ သွားတွေက ကိုယ့်ကိုနှုတ်ဆက်နေပြီ၊ ခင်ဗျားနေခဲ့တော့ ကျုပ်တို့အနားယူတော့မယ် ဆိုတဲ့ပုံစံ
မျိုးနဲ့။
ဒီလိုအခြေအနေမျိုးကျမှ အချိန်းအချက်လုပ်ထားတဲ့ သွားအထူးကုဆရာဝန်နဲ့တွေ့ဘို့ ကိစ္စကပေါ်လာတယ်၊ စ ကားမပြောနိုင်တော့ စာရွက်နဲ့ခဲတံကို အရံသင့်ပြင်ထားရင်း ဆေးရုံကိုလစ်တာပေါ့ဗျာ၊ ဒီကြားထဲ ဗမာလိုလိမ့် ပတ်လည်အောင်မပြောနိုင်ပဲနဲ့ ဗမာလိုစကားပြန်လုပ်ပေးတတ်တဲ့ လူအချို့ကြောင့် ဟိုဒင်းကပိုပြီးထွက်ချင်လာ တယ်။ (ဒေါသ)
စကားမပြောနိုင်တော့ စကားပြန်သုံးရတယ်၊ ဗမာစကားပြန်သုံးတယ်၊ ရွှေကရင်တွေက ဗမာလို နည်းနည်းပါး ပါး ပြောတတ်ပေမယ့် စာကျတော့သေစာရှင်စာတောင် ဖတ်တတ်တာမဟုတ်ဘူး။(ကျုပ်တွေ့ဘူးသူတချိ့်ု)
အဲဒီတော့ ဗမာစာတတ်တဲ့ ဗမာစကားပြန်ကိုသုံးရတာ။ တိုတိုပဲပြောမယ်ဗျာ၊ ဆရာဝန်ကမေးလိုက် ကျုပ်က
ဗမာစာရေးပြီးဖြေလိုက် ပြန်မေးလိုက်ပေါ့၊ အဲဒီမှာ ဆရာဝန်က သွားခြောက်ချောင်းနှုတ်ရမယ်လို့ပြောတော့
ကျုပ်က မနှုတ်လျင်မရဘူးလား ဆိုပြီးစာရေးမေးလိုက်တဲ့အခါ ဆရာဝန်က သွားတွေကိုဓါတ်မှန်ရိုက်ခိုင်းတယ်
ဗျ။
အဲဒီမှာ အတွေ့အကြုံတခု(ကျုပ်အတွက် အသစ်)ရေးပြမယ်ဗျ၊ အရင်တုန်းက သွားတွေကိုဓါတ်မှန်ရိုက်လျင် ဖ လင်ကော်ပြားလိုလို ဟာမျိုးကိုကိုက်ပြီး ဓါတ်မှန်အရိုက်ခံခဲ့ရတာ၊ အခုကျတော့ အဲဒီလိုမဟုတ်ဘူးဗျို့၊ မေးတင် ဘို့ထားထားတဲ့ စင်လေးပေါ် မေးစေ့ကိုတင်ပြီး မွေးမြူရေးခြံတွေထဲက ၀က်တွေရေသောက်သလို ပိုက်ကလေး
လိုအတံလေးကို ကိုက်ထားရသဗျား။
ကျုပ်က ဘာကြောင့်အခုလိုရေးပြနိုင်သလဲဆိုတော့ သွားနှုတ်လာခဲ့တာ (မဟုတ်ဘူး) သွားအနှုတ်ခံလာခဲ့တာ
ငါးကြိမ်လောက်ရှိနေပြီလေ၊ သွားဖါတာ သွားခြစ်တာ မပါသေးဘူး၊ အဲဒီလိုလုပ်တာများလာတော့ သွားတွေက ဂိုးတိုင်တွေလိုပဲ အားလုံးကျဲကုန်တာ၊ အသာလေးဘာလေးဝါးလိုက်လျင်သွားကြားညှပ်လိုက်တဲ့ဖြစ်ခြင်း၊ စား ရတာကနည်းနည်း သွားထိုးတံနဲ့ ထိုးထုတ်ပစ်ရတာက ခပ်များများ။
တော်သေးတာပေါ့ အသားဈေးချိုတဲ့ နေရာရောက်နေလို့ အသားငါးဈေးကြီးတဲ့ ဗမာပြည်လိုမှာဆို ၀ယ်စားရ တာတွက်ခြေကိုက်မှာမဟုတ်ဘူး။ ဓါတ်မှန်ရိုက်ပြီးပြီးချင်းပဲ ဆရာဝန်က ကျုပ်ကိုပြောပါတယ်၊
ခင်ဗျားသွားတွေမှာ အမြစ်မရှိတော့ဘူး၊ မနှုတ်လျင် အခုလိုနာကျင်ကိုက်ခဲပြီး ခဏခဏအော်နေရလိမ့်မယ် လို့ပြောတာနဲ့နှုတ်မယ် ဆိုပြီး သဘောတူကြောင်းလက်မှတ်ထိုးပေးလိုက်ပါတယ်။
နှုတ်တော့ဗျာ သွားတခုလုံးကြေသွားတဲ့အသံကို ကြားနေရပြီး ကျွတ်ထွက်လာတာမတွေ့ရဘူး၊ ပြီးတော့ ပါးစပ် ထဲမှာလဲ သွေးတွေကအပြည့်၊ သွေးတွေ သားရည်တွေသလိပ်တွေ စုတ်ထုတ်တဲ့ စက်ကိုပေးမထားတော့ ကျုပ် လည်းအကုန်လုံးကိုထွေးထုတ်ပစ်လိုက်တာ ရင်ဘတ်ပေါ်မှာ တင်ထားတဲ့ စက္ကူ အ၀တ်တခုလုံးရွှဲကုန်တာပဲ။
ပြောတော့အမြစ်မရှိတော့ဘူး အနှုတ်ရခက်နေတာဘာကြောင့်လဲ ဆိုပြီးစာရေးမေးတော့ ဆရာဝန်က ဘာပြန်
ပြောသလဲဆိုတော့ ငယ်သွားတွေဖြစ်နေလို့ပါတဲ့ အဲဒီတော့ထွက်ပြန်ပြီ။ (ဒေါသ) နာလွန်းလို့ရယ်(ရီ)လိုက်တဲ့ မျက်ခွက်က မဲ့မလိုလိုတောင်ဖြစ်သွားတယ်။
နောက်ထပ် ထပ်ပေးတယ်၊ (ထုံဆေး)။
အမြစ်ကျန်နေသေးတဲ့သွားကို နောက်တခေါက်ပြန်နှုတ်တယ်၊ ပြီးတော့ အပေါ်သွား အဲဒီမှာနောက်ထပ်ပြဿ
နာနဲ့ကြုံတယ်၊ အောက်ကမေးစေ့ကို ဘယ်ဘက်လှည့်ပေးပါဆိုတော့ လှည့်ပေးလို့ရပေမယ့် ညာဘက်ကိုအ
လှည့်ခိုင်းတော့ အောက်မေးရိုးတွေက လှည့်လို့မရဘူး၊ အဲဒီမှာဗျာ တော်တော်လေးကိုကြာသွားတယ်၊တော်
တော်လေးကို အသံကျယ်ကျယ်အော်လိုက်မိတယ်၊ နာတာကိုးဗျ၊ ၀က်တွေကို ဓါးမျှောင်နဲ့ထိုးလိုက်လို့ချက်
ကောင်းမထိလျင် အော်တဲ့အသံမျိုး လို့ပြောလျင်ရတယ်။
ကျုပ်ကိုယ်ကို ကျုပ်လည်း အံ့သြတယ်၊ တော်ရုံထုံဆေးမတိုးတာဘာကြောင့်လဲဆိုတာကိုပေါ့၊ ခွဲစိပ်ကုသမှု
တွေလုပ်တိုင်း ထုံဆေးကို လိုအပ်တာထက်ပိုပိုပေးရတယ်၊ ကျုပ်ပြန်စဉ်းစားကြည့်တယ် မဆီမဆိုင်ပေါ့လေ၊ ငယ်ငယ်တုန်းက ကျုပ်ကို အဆိပ်ရှိတဲ့အကောင်အလောင် အတော်များများအကိုက်ခံခဲ့ရလို့ အခုလိုထုံဆေး မတိုးပဲ ဖြစ်နေတာများလားပေါ့နော်။
အဆိပ်ရှိတဲ့သတ္တ၀ါတွေထဲက မှတ်မိသလောက်ဆို ပင့်ကူ၊ မြွေစိမ်း၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပဒူ၊ ပိတုန်း ခွေး၊ ပုရွက်ဆိပ်(ကရင်နီကောင်) ငါးကျည်း၊ အများဆုံးအကိုက်ခံခဲ့ရ တာက ကင်းမြီးကောက်။ ကင်းမြီးကောက် ကိုက်လို့နာတဲ့လူဟာ ကင်းခြေများကိုက်လျင် မနာဘူးလို့ပြောသံကြားဘူးပေမယ့်၊ ကျုပ်
တော့လက်မခံဘူး၊ အကုန်နာတယ်။
အဲဒီလို အော်နေရတုန်း အမျိုးသမီးငယ်လေးတယောက်က ကျုပ်ကို အရှေ့ပိုးကရင်ဘာသာနဲ့ မပီမသ၀ဲတဲတဲ (အသံဝဲ) နဲ့ အောက်ဘက်က မေရိုးကို ညာဘက်လှည့်ပေးလိုက်ပါလားဆိုတဲ့ အားမလိုအားမရဖြစ်နေတဲ့ အသံ တသံထွက်လာတော့ ပါးစပ်ထဲမှာသွေးတွေထွက်နေသလို ဟိုဒင်းကလည်းထွက်လာတယ်။(ဒေါသ)
နှစ်ချောင်းပဲ နှုတ်ဖြစ်တယ်၊သွားနှုတ်တဲ့ကိစ္စတွေပြီးသွားတော့ အသံရှင်ကိုလိုက်ကြည့်သေးတယ်၊ မတွေ့ဘူး၊ ကျုပ်သူ့ကို တခုခုရေးပြမလို့ ပါ၊ ပြောချင်ပေမယ့် ပြောလို့မရတဲ့ ဘ၀ဆိုတော့ ရေးပြရမယ်လေ အော် မေ့သွား တယ် ကျုပ်ရေးတဲ့စာကို အသံထွက်အောင်ဖတ်တတ်လျင်တောင် အဓိပ္ပါယ်နားလည်ပါ့မလားလို့ အတွေးဝင်လာ တာ နဲ့ ထုံနေတဲ့ပါးစပ်ကို အသာလေး ပွတ်ရင်းဆေးရုံအပြင်ကိုထွက်လာလိုက်ပါတယ်၊ ဖြစ်ချင်တော့ ကျုပ်ကို ဘာသာပြန်ပေးတဲ့ ပုဂ္ဂိုလ်က အပြင်ကိုထွက်လာတာနဲ့ကြုံလို့ အောက်ကစာတမ်းကို ကျုပ်ရေးပြဖြစ်သွားပါ
တယ်။
ဆေးခန်းထဲမှာ ကရင်လိုလာပြောတဲ့ ကလေးမလေးကို သိသလား။
သိပါတယ်။
ပြောပြလိုက်ပါ ဗမာလို ပိုးကရင်လို စကောကရင်လို ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ အဆဲပြိုင်မလား။
စကားပြန်ုလုပ်ပေးတဲ့လူ ပြုံးသွားပါတယ်။ (မချိပြုံး)သွားရောဂါကုသသော သွားအထူးကုဆရာဝန်များ သွားရောဂါမှကင်းဝေးနိုင်ကြပါစေ။
တဆက်တည်း မေးရိုးများကို ဘယ်ဘက်မှညာဘက်သို့ ဖြစ်စေ ညာဘက်မှဘယ်ဘက်သို့ဖြစ်စေ လှည့်ပေးရန် ခက်ခဲသော သွားရောဂါဝေဒနာရှင်များနှင့် မကြုံကြရ မဆုံကြရပါစေနှင့်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)




